NP News

“တာဝန်အရှိဆုံး ပုဂ္ဂိုလ်က ကျွန်တော်ပဲလို့ ခံယူထားလို့ ထိုင်းကို ကိုယ်တိုင်သွားပြီး နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းမယ်” (အင်တာဗျူး)

ပုလဲ (NP News) - နိုဝင်ဘာ ၁ဝ

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် အထောက်အထားမဲ့မြန်မာအလုပ်သမားများကို မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) များကိုလာမည့် (၂၀၂၇) ခုနှစ် ဇန်နဝါ ရီအတွင်း နောက်ဆုံးထားထုတ်ပေးမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ထွက်သွားလာ လိုသည့် အကြမ်းဖက်အဖွဲ့ဝင်များကို CI များထုတ်မပေးသည့်အတွက် ၎င်းတို့အနေဖြင့် CI လုပ်ငန်းစဉ် ပယ်ပျက်ရေးအတွက် လှုံ့ဆော်နေမှုများကိုဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ- ထိုင်း နှစ်နိုင်ငံ အစိုးရချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကို NP News မှ တွေ့ဆုံမေး မြန်းထားသည်များကိုကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး- ပထမဆုံးက ထိုင်းမှာရောက်နေတဲ့ မြန်မာတွေကို CI CI (Certificate of Identity) ကိစ္စပေါ့လေ။ ကန့်ကွက်နေတဲ့အဖွဲ့တွေလည်း အကြီးအကျယ် ကန့်ကွက်နေတာတွေ့ရတယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက် လို့ ပန်းရောင်ဘတ်ကတ်နဲ့ပဲ လုပ်ဖို့ဆိုပြီးတော့ ကန့်ကွက်နေတာတွေ့ရတယ်။ အဲဒီတော့ အဲဒီကိစ္စနဲ့ပဲ ထိုင်းဘက်နဲ့ကော ဘယ်လိုမျိုးဆက်သွယ်စကားပြောတာမျိုးရှိလဲ။
ဖြေ - ကျွန်တော်တို့နဲ့ ထိုင်းဘက်နဲ့က လုပ်သားတွေရဲ့ undocumented ပေါ့နော်။ အထောက်အထားမရှိ ဘူး။ အထောက်အထားရှိအောင် လုပ်ပေးပါဆိုပြီး နှစ်နိုင်ငံ ညှိနှိုင်းပြီးတော့မှ သူတို့က ဒီအထောက်အ ထားမရှိတဲ့လူတွေကို သူတို့က register လုပ်လိုက်တယ်လေ။ အဲဒီတော့ ခုနစ်သိန်းကျော်ရတယ်။ အဲဒီ ခုနစ်သိန်းကျော်ကို သူက CI လုပ်ဖို့အတွက် သူကခွင့်ပြုတယ်။ ခွင့်ပြုတဲ့အခါမှာ သူတို့ကလည်း ရော့ အင့် ဆိုပြီး ခွင့်ပြုလို့မရတော့လည်း သူတို့ရဲ့ cabinet မှာ resolution ချမှတ်ရတယ်။ Cabinet resolution အရ အဲဒီခုနစ်သိန်းကျော်ကိုပဲ သူကခွင့်ပြုတာ။ တခြား လူသစ်ဝင်လို့မရဘူး။ လူသစ်ဝင်မယ်ဆိုလို့ရှိရင် အဲဒီလူသစ်တွေအတွက် ကျွန်တော်တို့က 7- Eleven မှာ ကျွန်တော်တို့က ထိုက်သင့်တဲ့ ပိုက်ဆံ ဘတ် (၂,၆၆၀) သွားသွင်းတဲ့အခါမှာ လူသစ်က သွားသွင်းမယ်ဆိုလို့ရှိရင် အဲဒီ 7-Eleven ရဲ့ system က လက် ကိုမခံဘူး။ သူတို့ resolution ထဲမှာ ပါတဲ့လူ ခုနှစ်သိန်းကျော်ကိုပဲ သူကလက်ခံထားတာ။ ဒါကြောင့်မို့လို့ ထိုင်းဘက်နဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်၊ မရှိဘူးဆိုတာကတော့ အဲဒီ system ကိုကြည့် လိုက်လို့ရှိရင် ဒါအရှင်းသား မြင်ရတာပေါ့နော်။ အဲဒီသဘောရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ ကျွဲကူးရေပါပေါ့လေ။ ဒီစီမံကိန်းလုပ်တဲ့အခါမှာ ကျွန်တော်တို့က CI လည်း ထုတ်ပေးလိုက်မယ်။ သူတို့ ဆောင်ရမယ်ဆိုတဲ့ တစ်နှစ်စာ အခွန်ပေါ့နော်။ နှစ်ရာခိုင်နှုန်းနဲ့ ဆောင်ရမယ့်အခွန် တစ်နှစ်စာလည်း ဆောင်လိုက်။ ပြီးလို့ရှိရင်လည်း Remittance တွေကလည်း သူက မလွှဲတာကြာပြီ။ ဥပဒေအရ ဆိုလို့ ရှိရင် ကျွန်တော်တို့သတ်မှတ်ချက်အရ ဆိုလို့ရှိရင် ဒါနှစ်နှစ်စာလောက် လွှဲရမှာကို ကျွန်တော်တို့က လော လောဆယ်တော့ နောက်ကျဆုံး သုံးလစာကိုပဲ လွှဲပေးလိုက်ပါ။ အဲဒါဆိုရင် ကျွန်တော်တို့က CI ထုတ်ပေး မယ်ဆိုတဲ့ အခါကျတော့ ဒါကို တချို့ကလည်း ဟိုနိုင်ငံရေးသွတ်သွင်းပြီးတော့မှ လက်မခံကြဘူးလို့ပြော တာရှိတယ်ပေါ့နော်။ ဒါပေမဲ့လည်း ဒါ မနေ့ကအထိ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က တစ်သောင်းနီးပါး လောက်တော့ ဝင်နေပါပြီ။ အဲဒီ တဖြည်း ဖြည်းနဲ့တော့ ဝင်လာမှာပေါ့။ အဓိက အခက်အခဲကတော့ ဘာ လဲဆိုလို့ရှိရင် CI မရှိသေးလို့ရှိရင် ဘတ် ခြောက်ထောင်က ကျွန်တော်တို့ဆီကို လွှဲချင်ပေမယ့် တိုက်ရိုက် လွှဲလို့မရဘူး။ ပိုက်ဆံရှိပေမယ့် လွှဲလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ CI ရှိမှသာလျှင် သူ့ရဲ့ application ကို သူက True Money ၊ Wave Money application ကို သူ့ထဲကို install လုပ်လိုက်ပြီးတော့မှ အဲဒီ ဒါနဲ့ ကျမှ လွှဲလို့ရတာ။ ဒါကြောင့်မို့လို့ သူကကျွန်တော်တို့က နောက်ပြန်ပြန်လုပ်ရတာပေါ့။ CI ကို အရင် ထုတ်ပေးလိုက်တယ်။ ပြီးတော့မှ ခြောက်ထောင်ကို လွှဲမယ့် system ကို လုပ်ပေးတာ။ CI ထုတ်ပေး တယ်ဆိုတာကလည်း အရမ်းကာရော ထုတ်ပေးလို့မရဘူး။ ပထမဆုံး သူတို့ဆီမှာ အလုပ်သမား ဦးစီး ဌာန ဟိုဘက်က အလုပ်သမားဦးစီးဌာနက ထုတ်ပေးထားတဲ့ ဘတ်ကတ် ခေါ်တာပေါ့။ ဘတ် ကတ်ကို ကျွန်တော်တို့က ကြည့်လိုက်တယ်။ ပြီးရင် 7-Eleven မှာ ပိုက်ဆံသွင်းထားတဲ့ (၂,၆၆၀) ပါတဲ့ စလစ်ကို ကြည့်လိုက်တယ်။ အိုကေပြီဆိုလို့ရှိရင် ကျွန်တော်တို့က eID ဆိုတာ သူက မျက်စိကို စစ်ခိုင်း လိုက် တယ်။ eID မှာ အိုကေသွားပြီဆိုရင် OWIC ကတ်ကို ကျွန်တော်တို့က ပေးလိုက်တယ်။ OWIC ကတ်ပေး ပြီးတော့မှ တစ်ခါ CI ကို ကျွန်တော်တို့က ပေးလိုက်တယ်။ CI ပေးပြီးရင် ကျွန်တော်တို့က သူတို့ကို ဗီဇာ Stamp လုပ်လိုက်တယ်။ ပြီးလို့ရှိရင် အဲဒီ True Money ၊ Wave Money ကနေပြီးတော့မှ application ကို သူက install လုပ်ပေးလိုက်ပြီးတော့မှ အဲဒီအချိန်ကျမှ ကျွန်တော်တို့ ဘတ်ခြောက်ထောင် ပြန်လွှဲ ပေးတဲ့ system လုပ်တာ။ အဲဒီတော့ နည်းနည်းလေး နောက်ပြန်ပြန်လုပ်ရတာပေါ့နော်။ သို့သော် ဘာပဲ ဖြစ်ဖြစ် ဒီ system ကို မလုပ်ဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အလုပ်သမားတွေ မှားသွားမှာပေါ့။ ဘာ ကြောင့်လဲဆိုတဲ့အခါကျတော့ ဒီစနစ်တောင်မှ ထိုင်းနိုင်ငံဘက်က ဆုံးဖြတ်ထားတာက လူ ခုနစ်သိန်းကို လာမယ့် (၂၀၂၇) ဇန်နဝါရီ (၁၆)ဆိုလို့ရှိရင် အပြီး။ ဆိုတဲ့အခါကျတော့ လူများများ လာလုပ်မှရမယ်။ လူများများ လာလုပ်မှရမယ်ဆိုတဲ့ အခါကျတော့ အဲဒါမလုပ်ဘူးဆိုရင် ဘာဖြစ်မလဲဆိုတော့ ကျန်တဲ့လူ တွေအကုန်လုံးက တရားမဝင်ဖြစ်သွားမယ်။ တရားမဝင်ဖြစ်မှာစိုးလို့ ကျွန်တော်တို့က ဒီကနေ တွန်းပေး နေတာပေါ့နော်။ ဒီသဘော ရှိပါတယ် ခင်ဗျာ။
မေး- ဟုတ်ကဲ့။ ဒါပေမဲ့ တစ်ဖက်မှာကျတော့ သူက ဘတ်ကတ်နဲ့ပဲ နေလို့ရတယ်။ ဘတ်ကတ်နဲ့ပဲ အလုပ် လုပ်လို့ရတယ်ဆိုတဲ့ လှုံ့ဆော်မှုတွေကလည်း အားကောင်းနေတော့ တချို့ကျတော့လည်း CI ဘက်ကို မလာတော့ဘဲနဲ့ ဘတ်ကတ်နဲ့ပဲ နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ပိုများလာမှာကို စိုးရိမ်ရတဲ့အခြေအနေ ရှိလား။
ဖြေ- ဘတ်ကတ်နဲ့နေလို့မရဘူးလားဆိုတာက ပြီးခဲ့တဲ့အတိတ်ကာလတုန်းကတော့ နေလို့ရတယ်။ ဒါပေမဲ့ အခုဟာကတော့ ဘတ်ကတ်နဲ့ မနေစေချင်လို့ CI လုပ်ဖို့အတွက် ဟိုဘက်နိုင်ငံအစိုးရနဲ့ ဒီဘက် အစိုးရနဲ့ ညှိပြီးတော့မှ လုပ်တဲ့ Project ပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ အဲဒီနောက်ပိုင်းဆိုလို့ရှိရင်တော့ဖြင့် သူ တို့သည် ဒီ Work Permit ရှိတယ်၊ ဘတ်ကတ်ရှိတယ် ဆိုသော်ငြားလည်း CI မရှိဘူးဆိုလို့ရှိရင် နောက် ပိုင်းကျလို့ရှိရင် အရေးယူမှုတွေ လာမယ်လို့ ကျွန်တော် ဒီလိုပဲ မျှော်လင့်တယ်။ ကျွန်တော်တို့လည်း ဒီလို ပဲ တွန်းမှာပေါ့။ ဘာကြောင့်လဲ ဆိုတဲ့အခါကျတော့ ကိုယ့်နိုင်ငံသားကို လုပ်ဖို့ပြောတယ်။ မလုပ်ဘဲနဲ့ နိုင်ငံ ရေးသွတ်သွင်းပြီး မလာဘူးဆိုလို့ရှိရင်တော့ လုပ်သင့်တဲ့ဟာကိုတော့ ကျွန်တော်တို့က ဆက်လုပ်မှာပေါ့ နှစ်နိုင်ငံညှိနှိုင်းပြီးတော့မှ။ ဒီသဘောရှိတယ်။ နောက်တစ်ခုကတော့ ဘာလဲဆိုလို့ရှိရင် သူက အဲဒီလို ဘတ်ကတ်နဲ့ပဲ နေတယ်ဆိုတဲ့လူရဲ့ အခွင့်အရေးက တစ်ကျပ်ဖိုး ရှိတယ်ဆိုလို့ရှိရင် CI ရှိလို့ရှိရင်တော့ တစ်ဆယ်ဖိုး ရှိသွားတာ။ ထိုင်းနိုင်ငံက သူက တော်တော်ထူးခြားတယ်။ CI ဆိုလို့ရှိရင် သူက passport လို အာနိသင်ပေးထားတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က passport လုပ်တဲ့အပြင် CI လုပ်တာကို တော့ ကျွန်တော်တို့ အားပေးထားတာ။ ကျွန်တော်တို့ဘက်ကကျတော့လည်း ပွင့်ပွင့်လင်းလင်းပြောလို့ရှိ ရင် Passport ပေးတယ်ဆိုလို့ရှိရင် သူ့ကို နိုင်ငံသားဆိုတာကို ကျွန်တော်တို့က ရာနှုန်းပြည့် အသိအမှတ် ပြုလိုက်သလို ဖြစ်သွားတာ။ ဒါပေမဲ့ CI ဆိုရင်တော့ CI က နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မဟုတ် ဘူးဆိုတာကို Step တစ်ခု ခံထားတာရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကလည်း CI လို့ ပြော တာ။ အမျိုးသားအကျိုးစီးပွားနဲ့လည်း ပတ်သက်တယ်ပေါ့ဗျာ။
မေး - တစ်ဖက်မှာကျတော့ ထိုင်းလွှတ်တော်ထဲမှာလည်း လွှတ်တော်အမတ်တွေက အခုလှုံ့ဆော်တယ်။ ဒီဘက်က မြန်မာဘက်က ပြည်ပြေးတွေကလည်း လှုံ့ဆော်တယ်။ အဲဒီအားကလည်း တဖြည်းဖြည်း ကောင်းလာတယ်။ မနေ့ကဆိုရင်လည်း ကုလသမဂ္ဂရုံးရှေ့မှာ ရိုက်ပွဲတွေ ထိုးပွဲတွေအထိ ဖြစ်နေတယ်။ ဒါ လှုံ့ဆော်နေတာ။ တော်တော်လေး လှုံ့ဆော်နေတာတွေ့ရတော့ ဒါကို ဝန်ကြီးတို့အနေနဲ့ ဘယ်လို Counter သွားပေးမလဲ။ ဘယ်လိုလုပ်မလဲ။
ဖြေ - အဲဒီတော့ ကျွန်တော်တို့ကတော့ အခု CI စခန်းတွေလုပ်နေတဲ့ ဦးခင်မောင်ကျော်တို့ကိုလည်း ကျွန်တော်ပြောတယ်လေ။ လော်ဘီငှားပြီးတော့မှ လော်ဘီတွေနဲ့ ပြန်ပြီးတော့မှ နှိုးဆော်ပါဆိုတဲ့အခါ ကျတော့ သူတို့လည်း လုပ်နေတာလည်း ကျွန်တော် တွေ့ပါတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကတော့ ပွင့်ပွင့် လင်းလင်းပြောရင် အခုအချိန်မှာ သူကညွန့်ပေါင်း အစိုးရလေ။ ထိုင်းအလုပ်သမားဝန်ကြီးပင်လျှင် သူက လက်ရှိ သူကဝန်ကြီးချုပ်ရဲ့ပါတီက မဟုတ်ဘူး။ အဲ့ဒီအခါ သူတို့အချင်းချင်းကြား ပွတ်တိုက်မှုလေးတွေ နည်းနည်းတော့ ရှိကောင်းရှိနိုင်တယ်။ ဒါကတော့ ကျွန်တော်တို့ အတိအကျမသိနိုင်ဘူး။ သူ့ နိုင်ငံပြည် တွင်းရေးဆိုတော့လည်း မပြောချင်ဘူး။
သို့သော် ကျွန်တော်ကတော့ ဒီကိစ္စတွေ အားလုံးကိုတာဝန်ယူဖြေရှင်းဖို့အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်က ကျွန်တော်ပဲလို့ ခံယူထားလို့ ကျွန်တော်က အဲဒီနေရာကို ကိုယ်တိုင်သွားပြီးတော့မှ နှစ်နိုင်ငံ အစိုးရလည်း ညှိနှိုင်းမယ်။ CI စခန်းတွေလည်း သွားပြီးတော့မှ လူတွေလည်း Awareness လုပ်မယ်ဆိုတဲ့ အစီအစဉ် ကျွန်တော့်မှာရှိတယ်။ ဒါကြောင့်မို့လို့ ဟိုဘက်ကို ဖိတ်ပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံထား တယ်။ စာလည်း ရေးထားတယ်။ အဲဒီတော့ လောလောဆယ်တော့ ဖိတ်စာမရသေးဘူး။ ဖိတ်စာရရင် ကျွန်တော်သွား ဖြေရှင်းမယ်။ အဲဒီတော့ ဒီကိစ္စမျိုးက လွန်ခဲ့တဲ့ (၂၀ဝ၅) နဲ့ (၂၀၁၀)ကြားထဲမှာလည်း ကျွန် တော် ဒီလိုဖြေရှင်းခဲ့ဖူးတယ်။ အဲဒီ (၂၀ဝ၅) ခုနှစ်နဲ့ (၂၀၁၀) ကြားထဲက ကာလတုန်းက ထိုင်းနိုင်ငံမှာ ရှိ နေတဲ့ Each and Every Myanmar Worker က they all are illegals ။ အဲဒီအချိန်ကနေ ပြီးတော့မှ illegal ကနေ legal transform ဖြစ်အောင် ကျွန်တော်လုပ်ခဲ့တာ။ အဲဒီလူကြီးတွေရဲ့ guidance တော့ ပါတာပေါ့။ လူကြီးက ဒါလုပ်ပါလို့ ပြောတဲ့အခါ ကျွန်တော်အကြိမ်ပေါင်းများစွာသွားတယ်။ အလုပ်သမား တွေကို သွားဆွေးနွေးရတယ်။ အခုဟာက အလုပ်သမားထဲမှာ ရာခိုင်နှုန်းတစ်ခုကသာလျှင် ဆန့်ကျင် နေတာ။ တော်တော်များများက လိုက်လုပ်နေကြတယ်။ Passport လုပ်တယ်။ U Turn လုပ်မယ်၊ အဲဒီ CI လုပ်မယ်ဆိုတဲ့ လူတွေရှိတယ်။ အဲဒီ (၂၀ဝ၄-၂၀၁၀) ကာလတွေတုန်းက ဘယ်သူကမှ မလုပ်ချင်ဘူး။ မလုပ်ချင်တဲ့ဟာတွေကို ကျွန်တော်တို့က လိုက်ပြီးတော့မှ စည်းရုံးရတာ။ သူတို့ရဲ့ လုပ်ငန်းခွင်တွေ အရောက်သွားပြောရတယ်။ သူတို့ အိမ်တွေမှာ သွားပြောရတယ်။ သူတို့ရဲ့ DOE (Department of Employment) ခေါ်တာပေါ့ဗျာ။ DOE နဲ့ ကျွန်တော် ညှိနှိုင်းပြီးတော့မှ စက်ရုံတွေကို အခေါက်နှစ်ရာ လောက် ကျွန်တော်သွားဖူးတယ်။ နောက်ဆုံးပိတ်ကျတော့မှ ဟိုဘက်ကနေပြီးတော့မှ အလုပ်သမားတွေ ရဲ့ကိုယ်ရေးရာဇဝင်တွေကို ယူတယ်။ ဒီဘက်မှာ ကျွန်တော်တို့က နိုင်ငံသား စစ်ဆေးတယ်။ စစ်ဆေးပြီး တော့မှ Temporary Passport ပေးတဲ့ System ကို ကျွန်တော်တို့က အကောင်အထည်ဖော်ခဲ့တာ။ အင်မ တန်ကို နှစ်ရှည်လများ ကြိုးစားခဲ့တဲ့ရလဒ်ပေါ့နော်။ အောင်မြင်အောင်လုပ်ခဲ့ဖူးတယ်။ အခုဟာက အရင် ခါ ထက်စာလို့ရှိရင် သူ့ရဲ့ ခက်ခဲမှုက တစ်ဝက်တောင်မရှိဘူး။ ကျွန်တော်တို့လုပ် နိုင်ပါတယ်။
မေး - နောက်တစ်ခုက ပြည်ပရောက် ထိုင်းရောက် မြန်မာတွေရော။ ပြည်ပရောက် အခုလောလောဆယ် ထိုင်းပေါ့ဗျာ။ ထိုင်းရောက်မြန်မာတွေ အခုတော်တော်များများ မြန်မာပြည်ကို ပိုက်ဆံပြန်မလွှဲချင်ခြင်း၊ CI ကို သိပ်ပြီးတော့ မလုပ်ချင်ခြင်းအကြောင်းရင်းရဲ့နောက်ကွယ်မှာ တစ်ခုက နိုင်ငံခြားငွေပေါ့။ Exchange Rate (ငွေလဲနှုန်း) ပေါ့။ ထိုင်းဘတ်ကို မြန်မာ ငွေကိုချိန်းတဲ့ Exchange Rate မှာလည်း သူတို့အတွက် ပြဿနာရှိနေတယ်လို့ ယူဆရလားခင်ဗျ။
ဖြေ- အခုတော့ Exchange Rate ကလည်း One of the fact ပေါ့နော်။ ဒါပေမဲ့ Exchange Rate ထက် ပိုပြီးတော့မှ နက်ရှိုင်းတာတွေကတော့ နိုင်ငံရေး သွတ်သွင်းခံရတာလေ။ သူက Politicize လုပ်ခံရတာ ပေါ့။ ဘာလုပ်ခံရလဲ ဆိုလို့ရှိရင်တော့ဖြင့် ခင်ဗျားတို့ ပြန်မပို့နဲ့။ ပြန်ပို့လို့ရှိရင် အဲဒါတွေက စစ်တပ်က စစ် သုံးစရိတ်တွေသုံးတယ်လို့ ဘာလို့ပြောတာ။ တကယ်တမ်းပြောလို့ရှိရင်တော့ ထိုင်းနိုင်ငံဘက်က ပြန်ပို့ တယ်ဆိုတဲ့ ပိုက်ဆံတွေအားလုံးဟာ စက်သုံးဆီဝယ်တယ်။ စားသုံးဆီဝယ်တယ်။ LNG ထုတ်ဖို့အတွက် လျှပ်စစ်ထုတ်ဖို့အတွက် LNG ဓာတ်ငွေ့တွေ ဝယ်တယ်။ အဲဒီဒါနဲ့ပဲ ကုန်တာ။ အစိုးရက တစ်ပြားမှ မသုံး ဘူး။ အဲဒါ ဗဟိုဘဏ်ကနေ တိုက်ရိုက်ကိုင်တွယ်ပြီးတော့မှ လုပ်တာ။ ပြီးခဲ့တဲ့ (၁၀) ရက်က လုပ်ခဲ့တဲ့ နေပြည်တော်မှာလုပ်ခဲ့တဲ့ Forum မှာလည်း ဒါကို ဗဟိုဘဏ်ဥက္ကဋ္ဌ ကိုယ်တိုင်က ဒါကိုလည်း ထုတ်ပြီး တော့မှ ပြောထားပြီးသားဖြစ်ပါတယ်။ အဲဒီတော့ အစိုးရကလည်း တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင် တော်တော်သနားဖို့ကောင်းတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ ရတဲ့ပိုက်ဆံက အလုပ်သမားဆီကနေပြီးတော့မှ လွှဲတာက နောက်ဆုံးပိတ် FX rate က (၃၉၀ဝ) ဆိုကြပါစို့ဗျာ တစ် ဒေါ်လာကို။ ဒါပေမဲ့ စက်သုံးဆီ၊ စားသုံးဆီ ရောင်းတဲ့အခါမှာ လိုအပ်တဲ့ ပမာဏရဲ့ (၂၀) ရာခိုင်နှုန်းကို သူက (၂၁၅၀) နဲ့ ရောင်းပေးနေရတာဆိုတော့ အစိုးရက ရှုံးတာပေါ့။ (၃၉၅၀) နဲ့ ရောင်းတာတောင်မှ ပွင့် ပွင့်လင်းလင်းပြောလို့ရှိရင် ဝန်ဆောင်ခ ရှုံးသေးတယ်။ အဲဒီကြားထဲမှာမှ (၂၁၅၀) နဲ့ ကို (၂၀) ရာခိုင်နှုန်း ရောင်းတယ်ဆိုတော့ ရှုံးတာပေါ့။ ဒါပေမဲ့ အရှုံးခံပြီး လုပ်တာက ဘာကြောင့်လဲ။ ဈေးနှုန်းတွေ မတက်စေ ချင်လို့။ ဒီ Economic stability ကို သူက ဖြစ်စေချင်လို့ သူကလုပ်တာ။ ဒါကို သူကလူ အများစုက မမြင် ကြဘူး။ ဒီဟာကိုသိအောင်လည်း ပြောကြားပေးနိုင်တဲ့သူက ဟိုဟာပေါ့ဗျာ။ Awar- eness Raising က အင်မတန်နည်းတယ်။ ကျွန်တော်က ဒီကိစ္စ Direct ဆိုင်လားဆိုတော့ မဆိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် တော်တော်များများ လိုက်ပြောပေးတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ ဒါက ပြည်သူတွေအတွက် အကျိုးရှိအောင်လုပ်တာ။ ခင်ဗျားတို့ပို့တဲ့အခါမှာ even Exchange Rate တောင် နစ်နာတာလေးတွေ နည်းနည်းရှိပေမယ့် အဲဒီဒါ နစ်နာတာက ခင်ဗျားတို့ရဲ့အမျိုးတွေအတွက်။ ခင်ဗျားတို့ရဲ့ ပြည်သူတွေ အ တွက်ပဲ နစ်နာခံနေရတယ်လို့ သဘောထားပါလို့ပြောတယ်။ အခု ကျွန်တော်နောက်ဆုံးလုပ်မယ့် system တစ်ခုရှိတယ်။ အဲဒီဒါကတော့ ဘာလဲဆိုရင်တော့ ခင်ဗျားတို့ ဘတ်လွှဲတယ်ဆိုရင် ဘတ်ပဲ ကျွန်တော်တို့ က ယူမယ်။ ဒေါ်လာတောင်မယူဘူး။ ဘတ်ကို ဘတ်ယူတယ် ဆိုလို့ရှိရင်တော့ Exchange Rate မှာ နည်း နည်းလေး သူတို့ဆုံးရှုံးမှုတွေလည်း သက် သာသွားမယ့်သဘော ရှိသွားတာပေါ့နော်။ ဒီသဘော ရှိပါ တယ်။
မေး - ထိုင်းအပါအဝင် ပြည်ပရောက် မြန်မာလုပ်သားတွေ မြန်မာပြည်ကို (၂၅) ရာခိုင်နှုန်း ပြန်လွှဲဖို့ကိစ္စ က သူတို့ကို incentive တစ်ခုပေးဖို့ လိုအပ်တယ်ဆိုတဲ့ ထောက်ခံချက်တွေရှိလာတယ်ပေါ့နော်။ ဆိုတော့ အဲဒီဒါကိုရော အခုဝန်ကြီးကတော့ ဒါ ပြည်ထောင်စုဝန်ကြီးဖြစ်တော့ ဒီကိစ္စကိုရော ထဲထဲဝင်ဝင် သေချာ ဆွေးနွေးဖို့ရှိနေလား။ incentive ပေးဖို့ကိစ္စ။
ဖြေ- ရှိတယ်။ ပြီးခဲ့တဲ့ (၁၀) ရက်က လုပ်ခဲ့တဲ့အစည်းအဝေးမှာ ဗဟိုဘဏ်ဥက္ကဋ္ဌက ဒါနဲ့ပတ်သက် ပြီး တော့မှလည်း သူတို့ incentive တွေ၊ bonus တွေ ပေးဖို့အတွက် တခြားနိုင်ငံတွေက လုပ်တဲ့ Practice တွေကိုလည်း သူတို့လေ့လာပြီးသား ရှိပါတယ်ဆိုပြီး ပြောတာရှိတယ်။ အဲဒီတော့ တကယ်တမ်းပြောရ မယ်ဆိုလို့ရှိရင်တော့ အဓိက ဒီကိစ္စအပေါ်မှာ တိုက်ရိုက် Concern ဖြစ်တာကတော့ ဗဟိုဘဏ်ပဲ။ ကျွန် တော်တို့ကတော့ မဆိုင်ဘူးလားဆိုတော့ ဆိုင်တော့ဆိုင်တာပေါ့။ ဗဟိုဘဏ် လောက်တော့ မဆိုင်ဘူး ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်မှာ အကြံဉာဏ်ပေးခွင့်ရှိတယ်။ ကျွန်တော်က ဒါနဲ့ပတ်သက်ပြီးတော့မှ သူတို့ နဲ့ ညှိနှိုင်းဆွေးနွေးခွင့်တော့ ရှိတာပေါ့။
အဲဒီတော့ ပြီးခဲ့တဲ့ရက်က ဆိုလို့ရှိရင် ကျွန်တော် ဒီလိုမျိုး service provider လုပ်ဖို့အတွက် ကုမ္ပဏီ ဆယ်ခု၊ ဆယ့်နှစ်ခုလောက် ကျွန်တော့်ကို လာတင်ပြ တာရှိတယ်။ ကျွန်တော်ကြိုးစားပြီး နား ထောင်ရတာပေါ့။ အချို့နေ့တွေ ဆိုလို့ရှိရင် တစ်နေ့လုံး အဲဒီဒါနဲ့ပဲ အချိန်ကုန်သွားတာပဲ။ တစ်ယောက် တစ်ယောက် တင်ပြတာက တစ်နာရီ တစ်နာရီခွဲ ကြာတယ်လေ။ သုံး ဖွဲ့တင်ပြတာဆိုရင်လည်း တစ်နေ့ လုံး ကုန်သွားတာပဲ။ ကျွန်တော် ရုံးလုပ်ငန်းတောင် မလုပ်ရဘူး။ သို့ သော် အဲဒီတင်ပြတဲ့အချက်တွေက ဘာလဲ။ ဘာလဲဆိုရင်တော့ဖြင့် အလုပ်သမားတစ်ယောက်က ဆိုကြပါစို့ဗျာ။ ဘတ်တစ်သောင်း ပြန်လွှဲ ထားပြီးပြီဆိုလို့ရှိရင် သူ ခွင့်ပြန်လာတယ်ဆိုတဲ့အခါမျိုးမှာ အဲဒီဘတ် တစ်သောင်းတန် ပစ္စည်းတစ်ခုကို သူက ဒီ tax exemption နဲ့ သယ်ခွင့်ပေးဖို့။ ဒါမျိုးကို သူကပြောတာ။ အဲဒါမျိုးလုပ်နိုင်ဖို့အတွက်ကိုလည်း သူက QR code ဖန်တီးပေးမယ်။ အဲဒီ QR code ကလည်း ဟို single use ပဲ။ တစ်ခါသုံးပြီးရင် နောက် သုံးလို့မရတဲ့ စနစ်မျိုးနဲ့ လာတင်ပြတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ဗဟို ဘဏ်တို့ ဘာတို့နဲ့ ကျွန်တော်တို့ ပေါင်းစပ်ညှိနှိုင်းပြီးလို့ရှိရင် ဒါစီးပွားကူးသန်းပါရမယ်။ ဘဏ္ဍာအခွန် ပါရ မယ်။ အဲဒါကို ကျွန်တော်တို့က တကယ့်ကို consultation လုပ် ဆွေးနွေးပြီးလို့ရှိရင်တော့ ကျွန်တော်တို့ အားလုံးရဲ့ consensus တစ်ခု ရပြီဆိုလို့ရှိရင် ဆုံးဖြတ်ပေးနိုင်တဲ့ ဆီတင်ပြပြီးတော့မှ ဆက်လုပ်ရမယ့် အနေအထားတော့ရှိပါတယ်။ သို့သော် တကယ်တမ်းပြောလို့ရှိရင်တော့ ကျွန်တော်ရပ်တည်ပြောကြား ချင်တာကတော့ ဒီ Exchange Rate ကွာဟချက်တစ်ခုတည်းကတော့ ဒီသူတို့ ငွေလွှဲပို့မှုကို Discourage ဖြစ်စေတာတော့ မဟုတ်ဘူး။ အဓိကကတော့ Politicize လုပ်ခံရတာပေါ့။ နိုင်ငံရေးသွတ်သွင်းခံရတာ လည်း အကြောင်း တစ်ခုအနေနဲ့ ပါတယ်လို့ ကျွန်တော်ပြောချင်တာပေါ့။
မေး - အဲဒီတော့ ဝန်ကြီးအနေနဲ့ အခုဆိုရင်တော့ ထိုင်းကိုလည်း မဖြစ်မနေ မကြာခင် ထိုင်းမှာရှိတဲ့ မြန်မာလုပ်သားတွေ ကြားထဲကို ဝန်ကြီးသွားဖို့ရှိတယ်။ အဲဒီ မလေးရှားတို့ စသည်ဖြင့်ပေါ့။
ဖြေ - မလေးရှားကို လာမယ့် (၁၂) ရက်မှာသွားမယ်။ မလေးရှားသွားမယ်ဆိုတာကလည်း မလေးရှား က ကျွန်တော် ပြီးခဲ့တဲ့သမ္မတကြီးခရီးစဉ်မှာပါတော့ မလေးရှားဝန်ကြီးနဲ့ တိုက်ရိုက်တွေ့တယ်။ ငါ့ကို ဖိတ် ပေးပါ။ ငါ မင်းတို့ဆီမှာ ရှိနေတဲ့ တရားမဝင်လုပ်သား နှစ်သိန်းလောက်ရှိတဲ့ကိစ္စကို ငါဖြေရှင်းဖို့အတွက် လုပ်မယ်ဆိုတော့ မလေးရှားဝန်ကြီးကလည်း ကျွန်တော့်ကို ဖိတ်စာပို့တယ်။ ရောက်တယ်။ ဒါ Domestic Procedure တွေ အကုန်လုပ်ပြီးသွားပြီ။ ဆိုတဲ့အခါကျတော့ ဒါ လာမယ့် (၁၂) ရက်မှာ ကျွန်တော်သွား မယ်။ (၁၃) ရက်မှာ အဲဒီအလုပ်သမားဝန်ကြီးနဲ့ တွေ့မယ်။ လိုအပ်လို့ရှိရင် ကျွန်တော် ပြည်ထဲရေး ဝန်ကြီး နဲ့ပါ တွေ့မယ်။ ကျွန်တော်က ဒီကိစ္စလည်း မလေးရှားကိစ္စကိုလည်း ပြီးခဲ့တဲ့ အလုပ်သမားဝန်ကြီးတာဝန် ယူခဲ့တဲ့ (၂၀၁၂-၁၃) တုန်းက ကျွန်တော်သွားဖူးပြီ။ သွားပြီးတော့မှ အဲဒီမှာရှိနေတဲ့ တရားမဝင်လုပ်သား တွေကို တရားဝင်ဖြစ်အောင် အဲဒီတုန်းကတော့ Passport ပေးတာပေါ့။ အခုတော့လည်း ကျွန်တော် လူ ကြီးတွေ တင်ပြရဦးမယ်။ ပြီးတော့မှ ဟိုဘက်နဲ့ ညှိတဲ့အခါမှာ ဘယ်လိုညှိနှိုင်းမှု အဖြေထွက်မလဲဆိုတာ မသိသေးဘူးပေါ့။ သို့သော် အဲဒီမှာ တရားမဝင် လုပ်သားကတော့ ခန့်မှန်းထားတာပေါ့။ နှစ်သိန်းလောက် ရှိတယ်လို့ပြောတယ်။ ဟိုဘက်က စာရင်းတွေအရ။ အဲဒီနှစ်သိန်းလောက်ရှိတဲ့လူတွေကိုလည်း ကျွန်တော် တို့က illegal to legal transformation ကတော့ ကျွန်တော်တို့က မဖြစ်မနေဆောင်ရွက်ရမယ့် ကိစ္စရပ် ဖြစ်ပါတယ်။
မေး - ဘာများဖြည့်စွက်ပြီးတော့ ပြောချင်သေးလဲ။
ဖြေ - အဲဒီတော့ အလုပ်သမားဝန်ကြီးဌာနက ကျွန်တော့်အတွက်တော့ မစိမ်းဘူး။ မစိမ်းဘူးဆိုတာ နံပါတ်တစ်က နိုင်ငံခြားရေးမှာ နေခဲ့တုန်းကလည်း အလုပ်သမားကိစ္စ တော်တော်များများ လုပ်ခဲ့ရတယ်။ နံပါတ်နှစ်ကတော့ ဘာလဲဆိုလို့ရှိရင် အလုပ်သမားဝန်ကြီးလည်း လုပ်ခဲ့ဖူးတယ်။ နံပါတ်သုံးကတော့ ဒီ ဘက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လုပ်တယ်။ လွှတ်တော်က နားပြီးတဲ့အခါကျတော့လည်း သာမန် ပါတီမှာပဲ CEC တစ်ယောက်အနေနဲ့ နေတဲ့အခါကျတော့လည်း အလုပ်သမားရေးရာ ကော်မတီ တာဝန်ခံ အဖြစ်နဲ့ ကျွန်တော်ကလုပ်တဲ့အခါကျတော့ ကျွန်တော့်မှာ သူက Continuity ရှိတယ်ပေါ့။ ရှိတဲ့အခါ ကျ တော့ ကျွန်တော် မခက်ဘူး။ ဒီ ဝန်ကြီးဌာနကို ဟိုဘက်ကနေပြောင်းပြီး တာဝန်ထမ်းဆောင်ဖို့ တာဝန် ပေးတဲ့အချိန်ကစပြီးတော့မှ တစ်ပတ်အတွင်းမှာ ကျွန်တော်က တော်တော်ကြီးမားတဲ့ Drastic Change တစ်ခုကို ကျွန်တော်အကောင်အထည်ဖော်လို့ရခဲ့တယ်။ ဒါကတော့ ပြည်ပမှာရှိတဲ့ အလုပ်သမားတွေ ကိစ္စပေါ့နော်။ နောက်နှစ်ပတ်အတောအတွင်းမှာ ဒီမှာရှိနေတဲ့ Industrial Relation ကောင်းအောင်၊ CMP တွေ ရှင်သန်အောင်လုပ်ခဲ့တယ်။ လေးပတ် အတောအတွင်းမှာ အခုဒီ How to reform the social security board ပေါ့နော်။ ဒါလည်း ကျွန် တော်လုပ်နိုင်ခဲ့တယ်။ ဆိုတော့ ကျွန်တော့်မှာ Idea တွေ ရှိ တယ်ဗျ။ လုပ်နိုင်တဲ့ ဘာခေါ်မလဲ Ability လည်း ရှိတယ်။ ကျွန်တော်က လုပ်နိုင်တယ်ဆိုလို့ရှိရင် အောက် ကလူတွေ ဒါ ဒါ လုပ်ဆိုတာပြောဖို့ပဲ ရှိပါ တယ်ဗျ။ အခုဆိုလို့ရှိရင် ပြည်ပက ခွင့်ပြန်လာတဲ့လူတွေဆိုရင် ကြားမှာပေါ့။ ခွင့်ပြန်လာတဲ့ လူတွေကို ဟို တုန်းကဆိုရင် အလုပ်ရှင်ရဲ့ထောက်ခံစာလိုတယ်၊ သံရုံး ထောက်ခံစာ လိုတယ်လို့ပြောတယ်။ ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲဆိုတော့ ခွင့်ပြန်လာတဲ့ လူတွေကို အကြောင်းပြုပြီးတော့မှ ဒီဘက်က Fresh Workers တွေက ခွင့်ပြန်လာချင်ယောင်ဆောင်ပြီးတော့ ပြန် တာရှိတယ်။ ဘယ်နှစ်ယောက်ရှိသလဲ။ နှစ်ယောက် သုံးယောက်ရှိတယ်ပေါ့။ နှစ်ယောက် သုံးယောက် ကို မင်းတို့ Neglect လုပ်လိုက်ပါ။ ခွင့်ပြန်လာတဲ့လူက တစ်လကို တစ်ထောင်လောက်ရှိတယ်။ အဲဒီ လူတွေ ဒုက္ခရောက်နေတယ်။ ဒါက စာရင်းပေါ်တာ တစ်ထောင်။ စာရင်းမပေါ်တာက ဘာလဲ၊ ပြန်ရမှာ ကြောက် တဲ့အခါကျတော့ သူ့မိသားစုတွေကို ထိုင်းမှာ ခေါ်တယ်၊ စင်ကာပူမှာ ခေါ်တွေ့တဲ့လူတွေကလည်း Another Block ရှိတယ်၊ (၅၀ဝ) ရှိမလား မသိဘူး။ ဆိုတဲ့အခါကျတော့ အဲ့ဒါတွေက ကိုယ့်ရဲ့ပိုက်ဆံတွေ အလကားနေရင်း အဟောသိကံ ဖြစ်နေတယ်လို့ ယူဆတယ်။ ဒါကြောင့်မို့လို့ မင်းတို့ သံရုံးထောက်ခံစာ မလိုဘူး၊ အလုပ်ရှင်ထောက်ခံစာ မလိုဘူး၊ ပြန်ခဲ့၊ ရတယ်။ ဒါလေး ကျွန်တော်တို့ ဖြေလျှော့ပေးတာပေါ့။ OWIC Card က တစ်နှစ်စာ သက်တမ်းရှိမှ ပြန်ရမယ်၊ မဟုတ်ဘူး၊ လာခဲ့။ မရှိရင် ဒီမှာ ငါတို့လုပ်ပေးမယ်။ တစ်ရက် နှစ်ရက်အတွင်း ပြီးအောင်လုပ်ပေး မယ်။ ဟိုတုန်းကဆိုလို့ရှိရင် ပြန်ထွက်ခွာခွင့်အတွက်ကို နေ ပြည်တော် သွားလုပ်ရတယ်။ အခုရန်ကုန် မြောက်ဒဂုံမှာ လုပ်ပိုင်ခွင့်ပေးလိုက်ပြီ၊ အဖွဲ့တစ်ဖွဲ့၊ ဒါပဲ။ ဒါပေ မဲ့ ခွင့်ပြန်လာတဲ့လူတွေကတော့ ဘာလုပ် မလဲ၊ Tax ပေးရမယ်။ Remittance သုံးလစာ ပေးပြီးသား ရှိရ မယ်။ မရှိဘူးဆိုရင် ဒီမှာဆောင်သွား။ ဒါကတော့ ကျွန်တော်တို့ဘက်ကလည်း ပြန်ကိုင်တာပေါ့နော်။ သူ ကတော့ Carrot and Stick ပေါ့ဗျာ၊ ဒါ ကတော့ သူတို့ရှိမှာပေါ့။ အဲ့တော့ ဒါတွေက ဖြေလျှော့မှုတွေ အများကြီးပါဗျာ။ ဟိုတုန်းက ဆိုလို့ရှိရင်တော့ ဒီကနေ ပို့လိုက်တဲ့အလုပ်သမား အေဂျင်စီတွေက လူ (၁၀ဝ) ပို့ရင် လူ (၁၀ဝ) လုံး Remittance ပို့ ရမယ်ဆိုတဲ့ စံနှုန်းနဲ့ ကိုင်တာကိုး။ တကယ်တမ်း Practical မဖြစ်ပါဘူး။ Practical မဖြစ်ရင် ဘာဖြစ် မလဲဆိုတော့ အဲဒီအေဂျင်စီတွေက ရှင်းရှင်းပြောရရင် နာမည် ပျက် ဖြစ်သွားမှာပေါ့။ နာမည်ပျက်ဖြစ်လို့ရှိရင် ဒီ Industry ပျက်သွားမှာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော် က တစ်ရာ ရာခိုင်နှုန်းဆိုတာတော့ မမျှော်လင့်ပါဘူး။ (၇၅) ရာခိုင်နှုန်းအောင်လုပ်၊ ဒါပေမဲ့ (၇၅) အထက် ရလို့ရှိရင် ခင်ဗျားတို့ Rating တင်ပေးမယ်။ Rating တင်လို့ရှိရင် ဆိုကြပါစို့ ၊Rating က (၇၅) ကျော်လို့ (၈၀) ရတယ်၊ (၈၅) ရတယ်၊ (၉၀) ရတယ်၊ နောက်ဆုံးဗျာ (၁၀ဝ) ရတယ်။ (၁၀ဝ) ရရင် ခင်ဗျား Rating Five ။ Rating Five ဆိုလို့ရှိရင် ခင်ဗျား နောက်တစ်ပတ် Demand လာတဲ့အခါမှာ လူ (၅၀) Demand ရရင် Demand အပြည့်သွား။ ဒါပေမဲ့ သူက Rating က One ပဲ ရတယ်။ (၇၅) ပြည့်ရုံလေးပဲ ရှိတယ်။ ဒါဆိုရင် သူက (၅၀) ပို့ချင်တယ်၊ (၅၀) မပို့နဲ့၊ သမီးကတော့ (၂၅) ပဲ ပို့။ ဒါ Carrot and Stick ပဲလေ။ အဲ့ တော့ ကျွန်တော်က သူက ဆုပေးဒဏ်ပေးနဲ့ပဲ ကျွန်တော်က သွားမှာပါ။ ဒီနည်းနဲ့ပဲ ကျွန်တော်ကိုင်နေ တာပါ၊ အခုတော့။
မေး - ဟုတ်ကဲ့၊ အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
ဖြေ - ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။

မူရင်းသတင်း — NP News