
စော (NP News) - နိုဝင်ဘာ ၁၀
The Underground Water Act (၁၉၃၀)ကို ရုတ်သိမ်းကာ မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေ မူကြမ်း ရေးဆွဲထားကြောင်း ယနေ့ (နိုဝင်ဘာ ၁၀ ရက်) နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်သူများသိရှိလေ့လာအကြုံနိုင်ရန် ဖော်ပြခြင်းဖြစ်ပြီး အကြုံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်ကြောင်း သိရသည်။
ယင်း မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေမူကြမ်းတွင် အခန်း (၁၁) ခန်း ပြဋ္ဌာန်းထား၍ အခန်း(၃)တွင် ဗဟိုကော်မတီနှင့် လုပ်ငန်းအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ အခန်း (၄)တွင် တူးဖော်ခွင့်ပြုမိန့်နှင့် သုံးစွဲခွင့်ပြုမိန့်၊ အခန်း(၅)တွင် လုပ်ငန်းလိုင်စင်တို့ကို ဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် အခန်း(၆)တွင် သက်တမ်းတိုးလျှောက်ထားခြင်း၊ အခန်း(၇)တွင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ အခန်း (၈)တွင် အယူခံခြင်း၊ အခန်း (၉) တွင် တားမြစ်ချက်များ၊ အခန်း (၁၀) တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့် အခန်း (၁၁)တွင် အထွေထွေတို့ကို ဖော်ပြထားကာ ပုဒ်မ ၅၀ အထိ ပါဝင်ကြောင်း သိရသည်။
အဆိုပါအခန်း (၁၁) ရှိ ပုဒ်မ ၅၀ တွင် The Underground Water Act (Burma Act No. IV ,1930) ကို ဤ မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေဖြင့် ရုတ်သိမ်းလိုက်ကြောင်း ပြဌာန်းထားသည်။
