
Pika(NP News)- နိုဝင်ဘာ ၁၀
ပြီးခဲ့တဲ့လက ပြင်သစ်နိုင်ငံက စူပါမားကတ်တွေမှာရှိတဲ့ ရေခဲသေတ္တာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုရဲ့နောက်ကွယ်က ကြိုးကိုင်ထားသူက အီရန်စစ်တပ်ဖြစ်တယ်လို့ ပြင်သစ်အစိုးရကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အီရန်အပေါ် ဥရောပသမဂ္ဂအဆင့်ရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေချမှတ်သွားမယ်လို့လည်း ပြင်သစ်အစိုးရက ကတိပြုပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ(၁၁)ရက်နဲ့(၁၂)ရက်တို့မှာဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် ပြင်သစ်နိုင်ငံက စူပါမားကတ်များစွာအပေါ် အကျိုးသက်ရောက်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် စူပါမားကတ်တွေမှာရှိတဲ့ ရေခဲသေတ္တာတွေရဲ့ အပူချိန်တွေမြင့်တက်လာခဲ့ပြီး အချို့နေရာတွေမှာ ပျက်စီးလွယ်တဲ့အစားအသောက်ပစ္စည်းတွေအားလုံး စွန့်ပစ်လိုက်ရတဲ့ အခြေအနေမျိုးအထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဂျင်းနိုရယ်ဘာရော့က”ဒီဆိုက်ဘာတိုက်ခိုက်မှုတွေကို အီရန်စစ်တပ်က လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်တော်အတည်ပြုပေးနိုင်ပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့ အတိုင်းအတာနဲ့ရန်လိုမှုတွေက မကြုံစဖူးလောက်အောင်ကို ကြီးမားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအားလုံးကို ဥရောပသမဂ္ဂအဆင့်ရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေချမှတ်သွားမှာပါ”လို့ပြောဆိုခဲ့ပါတယ်။