CarsDB

BYD က ၎င်းတို့၏ အစင်းရေ ၁၉ သန်းမြောက်အဖြစ် Fang Cheng Bao Ti 9 ကို ထုတ်လုပ်၊ နိုဝင်ဘာ လကုန်ပိုင်းတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး pre-order များ စတင်လက်ခံ

BYD သည် ၎င်းတို့၏ အစင်းရေ ၁၉ သန်းမြောက် စွမ်းအင်သစ်ယာဉ် (NEV) အဖြစ် Fang Cheng Bao Ti 9 ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်လုပ်ခဲ့သည်။

BYD သည် full-size ခြောက်ယောက်စီး Plug-in Hybrid SUV ဖြစ်သည့် Ti 9 ကို နိုဝင်ဘာလကုန်ပိုင်းတွင် ဈေးကွက်သို့ စတင်ဖြန့်ချိရန် စီစဉ်ထားကာ ယခုအခါ တရုတ်ပြည်တဝန်း ကြိုတင်မှာယူမှုများ လက်ခံနေပြီဖြစ်ကြောင်း IT-home က ဖော်ပြသည်။

Fang Cheng Bao က Ti 9 ၏ တရားဝင်ဈေးနှုန်းနှင့် Pre-sale ဈေးတန်းကို ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။
ယွမ် ၄၀၀,၀၀၀ တန်း Flagship မော်ဒယ်ဖြစ်ပြီး Li Auto L9 နှင့် Huawei ကျောထောက်နောက်ခံပြု Aito M9 တို့နှင့် ဈေးတန်းတူသည်။

Ti 9 တွင် BYD ၏ DMS hybrid platform နှင့် Unibody (ကိုယ်ထည်တစ်ဆက်တည်း) တည်ဆောက်ပုံကို အသုံးပြုထားသည်။

အရွယ်အစားမှာ 5,270/1,999/1,850 mm ရှိသည်။ အမိုးတန်း (Roof rails) များ ထည့်သွင်းပါက အမြင့် ၁,၈၈၀ မီလီမီတာအထိ ရှိမည်ဖြစ်

Wheelbase မှာ 3,130 mm ဖြစ်သည်။

ခြောက်ယောက်စီးဖြစ်ပြီး ထိုင်ခုံ အခင်းအကျင်းမှာ ၂+၂+၂ ပုံစံဖြစ်သည်။

ဒုတိယတန်းမှာ သီးခြားထိုင်ခုံများဖြစ်ပြီး တတိယတန်းထိုင်ခုံများကို ပြန့်သွားသည်အထိ ခေါက်ချနိုင်သည်။

Chassis တွင် လမ်းမျက်နှာပြင် ကြိုတင်ခန့်မှန်းနိုင်သည့် BYD ၏ DiSus-A (Yunian-A) ကိုယ်ထည်ထိန်းချုပ်မှုစနစ်၊ standard အဖြစ် ထည့်ပေးထားသော Rear-wheel steering နှင့် iATS မြေမျက်နှာသွင်ပြင်အားလုံး အာရုံခံစနစ်တို့ ပါဝင်ပါသည်။

iATS စနစ်သည် နှင်း၊ သဲ၊ ရွှံ့နှင့် ကျောက်စရစ်ခဲတို့ အပါအဝင် လမ်းမျက်နှာပြင်များကို ခွဲခြားသိရှိနိုင်ပြီး ယာဉ်၏ setting ကို လိုက်လျောညီထွေ ချိန်ညှိပေးနိုင်စွမ်းရှိသည်။

အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ကီလို ၂၂၀ ဖြစ်သည်။

((မော်တာနှင့် ဘက်ထရီ))

Ti 9 plug-in hybrid AWD စနစ်သုံးထားပြီး 1.5-litre turbocharged ဓာတ်ဆီအင်ဂျင် 115 kW (154 hp)နှင့် လျှပ်စစ်မော်တာနှစ်လုံးကို ပေါင်းစပ်ထားသည်။

ရှေ့နှင့် နောက် မော်တာတစ်လုံးစီမှာ အထွက်အား 200 kW (268 hp) ရှိသောကြောင့် စုစုပေါင်း အထွက်အား 400 kW (536 hp) ရှိမည်ဖြစ်သည်။

ဘက်ထရီမှာ 66.48 kWh Lithium Iron Phosphate (LFP) ဒုတိယမျိုးဆက် Blade ဘက်ထရီဖြစ်သည်။

လျှပ်စစ်သီးသန့်ဖြင့် ၃၁၀ ကီလို မောင်းနိုင်ပြီး ဘက်ထရီ အားအပြည်၊ ဆီအပြည့်ဆိုပါက စုစုပေါင်း ၁,၆၃၀ ကီလိုမီတာအထိ မောင်းနိုင်သည်။

ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၆ ဒသမ ၄ လီတာ ဖြစ်သည်။
အားသွင်းကြာချိန်မှာ ၅ မိနစ်သာဖြစ်ပြီး ၉ မိနစ်သွင်းလျှင် အားအပြည့်ရသည်။

အနှုတ် ၃၀ ဒီဂရီအထိ အအေးဓာတ်ကဲသောနေရာမျိုးတွင် ၃ မိနစ်သာ ပိုကြာသည်။

((လက်မ ၃၀ display နှင့် LiDAR ))

ရှေ့ခန်းတွင် လက်မ ၃၀ Panoramic display ၊ အနောက်ခန်း အမိုးတွင် ၂၁ ဒသမ ၄ လက်မ entertainment screen နှင့် စပီကာ ၃၁ လုံးပါဝင်သော Devialet အသံစနစ်တို့ ပါရှိသည်။

မော်ဒယ်အားလုံးတွင် BYD ၏ God’s Eye B driver-assitance system ပါဝင်ပြီး အမိုးပေါ် LiDAR နှင့် ပေါင်းစပ်ပေးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD rolls out 19 millionth NEV as Fang Cheng Bao Ti 9 opens reservations

မူရင်းသတင်း — CarsDB