Eleven Media Group

မန်ယူအသင်း တန်းဆင်းဇုန်အတွင်း ကျရောက်ခဲ့သော်လည်း နည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု ကာရစ် ပြောကြား

Photo: X

မန်ယူနည်းပြ ကာရစ်က အသင်းအနေဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်ခဲ့သော်လည်း နည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အက်စတွန်ဗီလာအသင်းကို အနိုင်မရခဲ့သည့်အတွက် ပွဲစဉ်(၁၀)အပြီး၌ အမှတ်ပေးဇယားအဆင့်(၁၈)နေရာတွင် ရပ်တည်ခဲ့ရခြင်းဖြစ်သည်။
မန်ယူအသင်းသည် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရခြင်းဖြစ်သော်လည်း ပထမပိုင်းတွင် (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးမှ ချေပဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သလို၊ ဒုတိယပိုင်းတွင်လည်း (၂)ဂိုးအရှုံးမှ ပြန်လိုက်ကစားခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ပွဲအပြီးတွင် Sky Sports မှ သတင်းထောက်က ရာထူးမှထွက်ခွာရန် တွေးထားသလားဟု မေးမြန်းခဲ့ရာ ကာရစ်က ယင်းကဲ့သို့ ဖြစ်လာမည်မဟုတ်ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ကာရစ်သည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရခြင်းကြောင့် နည်းပြရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဟု ထင်ကြေးပေးခံထားရသူဖြစ်ပြီး လာမည့် နိုင်ငံတကာရက်သတ္တပတ်အတွင်း မန်ယူအသင်းတာဝန်ရှိသူများက ဆုံးဖြတ်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
သို့သော် ကာရစ်က ၎င်းအနေဖြင့် မန်ယူနည်းပြအဖြစ် ရှေ့ဆက်ခွင့်ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ကာရစ်ထုတ်ပယ်ခံရပါက မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာရန် အမေရိကန်လက်ရွေးစင်နည်းပြ ပိုချက်တီနိုက ရေပန်းအစားဆုံးဖြစ်လာကြောင်း ဖော်ပြမှုများလည်း ရှိနေသည်။
ပိုချက်တီနိုက (၅း၂)လေး၊ အက်ဒီဟောင်းက (၃း၁)လေး၊ နာဂယ်စ်မန်းက (၆း၁)လေး၊ ကွန်တီက (၁ဝး၁)လေး၊ ဒေးရွှမ့်က (၁ဝး၁)လေး၊ အူနိုင်းအမ်မရီက (၁၂း၁)လေး၊ ဆီဘက်စတီယန်ဟိုးနက်စ်က (၂၅း၁)လေး၊ ဟယ်ဇလာက (၃၃း၁)လေး သတ်မှတ်ခံထားရခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group