
သုတကျော် (NP News) - နိုဝင်ဘာ ၁၀
လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ဂျာမနီသံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ် အား ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ဂျာမနီသံရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ နိုဝင်ဘာလ ၈ ရက်က ထုတ်ပြန်ခဲ့သော သံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ ခေါ်ယူသတိပေးပြောကြားခဲ့ပြီး သတိထောက်လွှာ ပေးအပ်ခဲ့သည်။
ထိုသို့ခေါ်ယူတွေ့ဆုံရာတွင် ဂျာမနီနိုင်ငံသည် ခိုင်မာသည့် ဒီမိုကရေစီ စနစ်ရှိသဖြင့် သံရုံးယာယီတာဝန်ခံအနေဖြင့် နိုင်ငံကြီးသားပီသစွာဖြင့် သံတမန်လုပ်ငန်းများကို လုပ်ဆောင်မည်ဟု မျှော်လင့်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့်အစိုးရ တာဝန်ယူနေပြီဖြစ်ကြောင်း၊ သံရုံးယာယီ တာဝန်ခံ၏ပြောကြားချက်သည် အိမ်ရှင်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲကို တိုက်ရိုက်စော်ကားရာ ရောက်သည့်အပြင် ရွေးကောက်ပွဲ၌မဲပေးခဲ့ကြသည့် မြန်မာပြည်သူ ၁၃.၁၃ သန်းကျော်ကို မထီမဲ့မြင် ပြုရာရောက်ကြောင်း၊ သံရုံးယာယီတာဝန်ခံအနေဖြင့် ဗီဒီယိုရိုက်ကူးသည့်နေရာရွေးချယ်မှု အပါ အဝင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူပြောဆိုဆောင်ရွက်မှုများသည် အိမ်ရှင်နိုင်ငံနှင့် နိုင်ငံတော်အစိုးရ အပေါ်အတိုက်အခံပြုရန် အားပေးအားမြှောက် ပြုလုပ်နေသည့်အသွင်တွေ့ရပြီး ပြည်တွင်းမငြိမ် သက်မှုဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အားပေးလှုံ့ဆော်ရာရောက် နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေး” အတွက် ဦးစားပေးဆောင်ရွက်နေချိန်တွင် အဆိုပါလုပ်ရပ်သည် နိုင်ငံတော် တည်ငြိမ်ရေးကို မလိုလားသည့် အပြုအမူဖြစ်ကြောင်းကို တွေ့ရှိရကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ထို့ပြင် မြန်မာ နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ဝေဖန် နေခြင်းဖြစ်သဖြင့် လုံးဝလက်မခံနိုင်ဖွယ်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို ပြည်သူများကလည်း လုံးဝ နှစ်မြို့ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာတွင် သံရုံးယာယီတာဝန်ခံအား ဝေဖန်ပြောကြားနေကြပြီဖြစ် ကြောင်း၊ ၁၉၆၁ ခုနှစ်၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း အပိုဒ် ၄၁(၁)အရ စေလွှတ်သည့်နိုင်ငံ၏ သံတမန်များသည် လက်ခံသည့်နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်း ဥပဒေများကို လေးစားရန်နှင့် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက် ခြင်းမပြုရန်တာဝန်ရှိကြောင်း၊ သံရုံးယာယီတာဝန်ခံအနေဖြင့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတ အဖြစ်သဘောထားကာ လက်ရှိအစိုးရနှင့် လက်တွဲဆောင်ရွက်လိုခြင်းမရှိ၍ မြန်မာနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါကလည်း မိမိတို့အနေဖြင့် တားမြစ်မည်မဟုတ် ကြောင်း၊ မြန်မာနိုင်ငံသည် ဂျာမနီနိုင်ငံနှင့် ဆက်ဆံရေးကို အလေးထား သော်လည်း အပြန်အလှန် လေးစားမှု၊ အချုပ်အခြာအာဏာညီမျှမှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုရေးတို့ သည် သံတမန်ဆက်ဆံရေး၏ မရှိမဖြစ်လိုအပ်သောအခြေခံမူများဖြစ်ပြီး အတိအကျလိုက်နာ စောင့်ထိန်းကြရမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီ သံရုံးယာယီတာဝန်ခံ၏လုပ်ရပ်သည် သံတမန်ရာထူးနှင့်အညီ ထိန်းသိမ်းစောင့်စည်းမှုနှင့် သတိပြု ဆင်ခြင်မှုတို့ကိုလိုက်နာမှုမရှိဟု မှတ်ယူကြောင်းနှင့် ယင်းကိုကန့်ကွက်ရှုတ်ချကြောင်း၊ သံရုံး ယာယီတာဝန်ခံ၏ပြောကြားချက်၊ ပြောကြားသည့်နေရာကိုရွေးချယ်မှုနှင့် ဆိုရှယ်မီဒီယာမှ တစ်ဆင့် အများပြည်သူသို့ ဖြန့်ဝေမှုတို့သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန၏ခွင့်ပြုချက် သို့မဟုတ် ၎င်း၏ကိုယ်ပိုင်သဘောဆန္ဒဖြင့် ဆောင်ရွက်သည်ဆိုသည်ကို တရားဝင်ဖြေရှင်း ချက်ပေးရန် တောင်းဆိုကြောင်း၊ အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်ခြင်းမပြုရန် ပြင်းထန်စွာ သတိပေးကြောင်းနှင့် လုပ်ဆောင်မည်ဆိုပါက အိမ်ရှင်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သံတမန်ရေးရာအစဉ်အလာများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

Zawgyi version:
ဂ်ာမနီသံ႐ုံးယာယီတာဝန္ခံ၏ ေျပာၾကားခ်က္ႏွင့္
ပတ္သက္၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေခၚယူသတိေပးေျပာၾကား
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၀
လူမႈမီဒီယာမွတစ္ဆင့္ ထုတ္ျပန္ခဲ့ေသာ ဂ်ာမနီသံ႐ုံးယာယီတာဝန္ခံ၏ ဗီဒီယိုႏွင့္ပတ္သက္၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေခၚယူသတိေပးေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးကိုကိုေက်ာ္က ရန္ကုန္ၿမိဳ႕ရွိ ဂ်ာမနီသံ႐ုံး ယာယီတာဝန္ခံ မစၥတာ မာသီးရက္စ္ ေလရွာ့စ္ အား ယေန႔ (ႏိုဝင္ဘာလ ၁၀ ရက္) ရက္တြင္ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနသို႔ ေခၚယူေတြ႕ဆုံ၍ ဂ်ာမနီသံ႐ုံး၏ လူမႈကြန္ရက္စာမ်က္ႏွာ၌ ႏိုဝင္ဘာလ ၈ ရက္က ထုတ္ျပန္ခဲ့ေသာ သံ႐ုံးယာယီတာဝန္ခံ၏ ဗီဒီယိုႏွင့္ပတ္သက္၍ ေခၚယူသတိေပးေျပာၾကားခဲ့ၿပီး သတိေထာက္လႊာ ေပးအပ္ခဲ့သည္။
ထိုသို႔ေခၚယူေတြ႕ဆုံရာတြင္ ဂ်ာမနီႏိုင္ငံသည္ ခိုင္မာသည့္ ဒီမိုကေရစီ စနစ္ရွိသျဖင့္ သံ႐ုံးယာယီတာဝန္ခံအေနျဖင့္ ႏိုင္ငံႀကီးသားပီသစြာျဖင့္ သံတမန္လုပ္ငန္းမ်ားကို လုပ္ေဆာင္မည္ဟု ေမွ်ာ္လင့္ခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံ၌ ဒီမိုကေရစီနည္းလမ္းျဖင့္ ျပည္သူက ေ႐ြးေကာက္တင္ေျမႇာက္ထားသည့္အစိုးရ တာဝန္ယူေနၿပီျဖစ္ေၾကာင္း၊ သံ႐ုံးယာယီ တာဝန္ခံ၏ေျပာၾကားခ်က္သည္ အိမ္ရွင္ႏိုင္ငံ၏ ႏိုင္ငံေတာ္အႀကီးအကဲကို တိုက္႐ိုက္ေစာ္ကားရာ ေရာက္သည့္အျပင္ ေ႐ြးေကာက္ပြဲ၌မဲေပးခဲ့ၾကသည့္ ျမန္မာျပည္သူ ၁၃.၁၃ သန္းေက်ာ္ကို မထီမဲ့ျမင္ ျပဳရာေရာက္ေၾကာင္း၊ သံ႐ုံးယာယီတာဝန္ခံအေနျဖင့္ ဗီဒီယို႐ိုက္ကူးသည့္ေနရာေ႐ြးခ်ယ္မႈ အပါ အဝင္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ျပဳမူေျပာဆိုေဆာင္႐ြက္မႈမ်ားသည္ အိမ္ရွင္ႏိုင္ငံႏွင့္ ႏိုင္ငံေတာ္အစိုးရ အေပၚအတိုက္အခံျပဳရန္ အားေပးအားေျမႇာက္ ျပဳလုပ္ေနသည့္အသြင္ေတြ႕ရၿပီး ျပည္တြင္းမၿငိမ္ သက္မႈျဖစ္ေပၚေစရန္ႏွင့္ ႏိုင္ငံေတာ္အစိုးရအား အၾကည္ညိဳပ်က္ေစရန္ အားေပးလႈံ႕ေဆာ္ရာေရာက္ ေနေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ “တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈရရွိေရး” ႏွင့္ “ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္မႈရရွိေရး” အတြက္ ဦးစားေပးေဆာင္႐ြက္ေနခ်ိန္တြင္ အဆိုပါလုပ္ရပ္သည္ ႏိုင္ငံေတာ္ တည္ၿငိမ္ေရးကို မလိုလားသည့္ အျပဳအမူျဖစ္ေၾကာင္းကို ေတြ႕ရွိရေၾကာင္း ဒုတိယဝန္ႀကီးက ေျပာသည္။
ထို႔ျပင္ ျမန္မာ ႏိုင္ငံ၏ ျပည္တြင္းတရားစီရင္ပိုင္ခြင့္ကို ေျပာင္ေျပာင္တင္းတင္း ဝင္ေရာက္စြက္ဖက္ေဝဖန္ ေနျခင္းျဖစ္သျဖင့္ လုံးဝလက္မခံႏိုင္ဖြယ္ျဖစ္ေၾကာင္း၊ ယင္းလုပ္ရပ္ကို ျပည္သူမ်ားကလည္း လုံးဝ ႏွစ္ၿမိဳ႕ျခင္းမရွိဘဲ ဆိုရွယ္မီဒီယာတြင္ သံ႐ုံးယာယီတာဝန္ခံအား ေဝဖန္ေျပာၾကားေနၾကၿပီျဖစ္ ေၾကာင္း၊ ၁၉၆၁ ခုႏွစ္၊ သံတမန္ဆက္ဆံေရးဆိုင္ရာ ဗီယင္နာ ကြန္ဗင္းရွင္း အပိုဒ္ ၄၁(၁)အရ ေစလႊတ္သည့္ႏိုင္ငံ၏ သံတမန္မ်ားသည္ လက္ခံသည့္ႏိုင္ငံ၏ တရားဥပေဒမ်ားႏွင့္ စည္းမ်ဥ္း ဥပေဒမ်ားကို ေလးစားရန္ႏွင့္ ထိုႏိုင္ငံ၏ ျပည္တြင္းေရးရာကိစၥရပ္မ်ားတြင္ ဝင္ေရာက္စြက္ဖက္ ျခင္းမျပဳရန္တာဝန္ရွိေၾကာင္း၊ သံ႐ုံးယာယီတာဝန္ခံအေနျဖင့္ ဦးဝင္းျမင့္အား ႏိုင္ငံေတာ္သမၼတ အျဖစ္သေဘာထားကာ လက္ရွိအစိုးရႏွင့္ လက္တြဲေဆာင္႐ြက္လိုျခင္းမရွိ၍ ျမန္မာႏိုင္ငံ၌ ဆက္လက္တာဝန္ထမ္းေဆာင္ျခင္း မျပဳလိုပါကလည္း မိမိတို႔အေနျဖင့္ တားျမစ္မည္မဟုတ္ ေၾကာင္း၊ ျမန္မာႏိုင္ငံသည္ ဂ်ာမနီႏိုင္ငံႏွင့္ ဆက္ဆံေရးကို အေလးထား ေသာ္လည္း အျပန္အလွန္ ေလးစားမႈ၊ အခ်ဳပ္အျခာအာဏာညီမွ်မႈႏွင့္ ျပည္တြင္းေရးတြင္ ဝင္ေရာက္စြက္ဖက္မႈမျပဳေရးတို႔ သည္ သံတမန္ဆက္ဆံေရး၏ မရွိမျဖစ္လိုအပ္ေသာအေျခခံမူမ်ားျဖစ္ၿပီး အတိအက်လိုက္နာ ေစာင့္ထိန္းၾကရမည္ျဖစ္ေၾကာင္း ေျပာသည္။
ျမန္မာႏိုင္ငံ၏ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္သည့္ ဂ်ာမနီ သံ႐ုံးယာယီတာဝန္ခံ၏လုပ္ရပ္သည္ သံတမန္ရာထူးႏွင့္အညီ ထိန္းသိမ္းေစာင့္စည္းမႈႏွင့္ သတိျပဳ ဆင္ျခင္မႈတို႔ကိုလိုက္နာမႈမရွိဟု မွတ္ယူေၾကာင္းႏွင့္ ယင္းကိုကန႔္ကြက္ရႈတ္ခ်ေၾကာင္း၊ သံ႐ုံး ယာယီတာဝန္ခံ၏ေျပာၾကားခ်က္၊ ေျပာၾကားသည့္ေနရာကိုေ႐ြးခ်ယ္မႈႏွင့္ ဆိုရွယ္မီဒီယာမွ တစ္ဆင့္ အမ်ားျပည္သူသို႔ ျဖန႔္ေဝမႈတို႔သည္ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ခြင့္ျပဳခ်က္ သို႔မဟုတ္ ၎၏ကိုယ္ပိုင္သေဘာဆႏၵျဖင့္ ေဆာင္႐ြက္သည္ဆိုသည္ကို တရားဝင္ေျဖရွင္း ခ်က္ေပးရန္ ေတာင္းဆိုေၾကာင္း၊ အလားတူလုပ္ရပ္မ်ိဳး ထပ္မံလုပ္ေဆာင္ျခင္းမျပဳရန္ ျပင္းထန္စြာ သတိေပးေၾကာင္းႏွင့္ လုပ္ေဆာင္မည္ဆိုပါက အိမ္ရွင္ႏိုင္ငံအေနျဖင့္ အျပည္ျပည္ဆိုင္ရာ ဥပေဒႏွင့္ သံတမန္ေရးရာအစဥ္အလာမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားခဲ့သည္။