NP News

ယူကရိန်းရဲ့သတ်ခံရမယ့်လူစာရင်းထဲမှာ ထည့်သွင်းခံခဲ့ရတဲ့ ကွင်းလယ်ဂန္တဝင်အိုဇေး

Pika (NP News) - နိုဝင်ဘာလ ၁၁

ဖီဖာ နဲ့ UEFA တို့က ရုရှားနဲ့အစ္စရေးတို့အပေါ် စံနှုန်းနှစ်မျိုးနှစ်စားနဲ့ဆက်ဆံမှုတွေလုပ်နေတယ်လို့ ဂျာမနီဘောလုံးကြယ်ပွင့်ကစားသမားဟောင်း နဲ့ (၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလားကို အနိုင်ရရှိခဲ့သူ အိုဇေးက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ယူကရိန်းရဲ့သတ်ခံရမယ့် လူစာရင်းထဲမှာ ထည့်သွင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစာရင်းကိုထိန်းသိမ်းထားတဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Mirotvorets ဝက်ဘ်ဆိုဒ်ဟာ ယူကရိန်းရဲ့ရန်သူလို့ယူဆသူတွေရဲံ ကိုယ်ရေးကိုယ်အချက်အလက်တွေကို ထုတ်ပြန်တဲ့ ဝက်ဘ်ဆိုက်ဒ်တစ်ခုလည်းဖြစ်ပါတယ်။
ပုဂ္ဂလိက သုတေသနပရောဂျက်တစ်ခုလို့ ပြောထားပေမယ့်လည်း ယူကရိန်းရဲ့လျှို့ဝှက်ကျောထောက်နောက်ခံမှုကိုရရှိထားတဲ့ Mirotvorets ဝက်ဘ်ဆိုဒ်ဟာ လူပေါင်း(၁၈၀,၀၀၀)ကျော်ရဲ့ ဒေတာတွေကို ထုတ်ပြန်ထားပြီး သေဆုံးသွားတဲ့လူတွေရဲ့ပရိုဖိုင်တွေကို liquidated(ပြီးဆုံးသွားပြီ)ဆိုတဲ့စကားလုံးနဲ့ အမှတ်အသားပြုထားတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာပြိုင်ပွဲတွေမှာ အစ္စရေးအသင်းကို ဆက်လက် ပါဝင်ခွင့်ပေးထားပြီး ရုရှားအသင်းတွေကို ဆိုင်းငံ့ထားတဲ့ ဖီဖာနဲ့ UEFA တို့ကို အိုဇေးက လူသိရှင်ကြားဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
အိုဇေးရဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီး Mirotvorets ဝက်ဘ်ဆိုဒ်က အိုဇေးကို ယူကရိန်းမှာ လုပ်ဆောင်နေတဲ့ရုရှားရဲ့စစ်ဆင်ရေးကို ထောက်ခံနေတဲ့သူလို့ စွပ်စွဲပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
အိုဇေးက "အားကစားအဖွဲ့အစည်းတွေဟာ လူမျိုး ဒါမှမဟုတ် ဘာသာတရားတို့ကိုအခြေခံပြီး ခွဲခြားဆက်ဆံတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဘောလုံးက လူတွေကို တစ်စုတစ်စည်းတည်းဖြစ်စေရမှာပါ။ ဖီဖာက အစ္စရေးအသင်းတွေကို ပိတ်ဆို့အရေးယူတာမျိုးတွေမရှိပေမယ့် ရုရှားအသင်းတွေကိုတော့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဘောလုံးအာဏာပိုင်တွေအနေနဲ့ စံနှုန်းနှစ်မျိုးနှစ်စားကို လက်ကိုင်ထားမှုအား စွန့်လွှတ်ကာ နိုင်ငံအားလုံးကို တန်းတူညီမျှဆက်ဆံဖို့ အိုဇေးက တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။

မူရင်းသတင်း — NP News