
BYD သည် အသေးစား တံခါး ၂ ပေါက် မိုက္ကရို ကားမော်ဒယ်သစ်တစ်ခုအတွက် ဒီဇိုင်းမူပိုင်ခွင့် တရားဝင် မှတ်ပုံတင်လိုက်သည်။
ထို့ကြောင့် BYD ၏ မော်တော်ကား lineup မှာ နယ်ပယ်ပိုမိုကျယ်ပြန့်လာပြီ ဖြစ်သည်။
ထိုဒီဇိုင်းကို BYD ၏ ဒီဇိုင်းအကြီးအကဲ ဝုဖ်ဂန်း အဂ္ဂါ (Wolfgang Egger) ဦးဆောင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
မူပိုင်ခွင့်တင်ထားသည်မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ဖြစ်သည်။
((ဒီဇိုင်းပိုင်း အဓိကအချက်အလက်များ))
ယခုမော်ဒယ်တွင် မျဉ်းကွေးများစွာ အသုံးပြုထားပြီး သမားရိုးကျမဟုတ်သော ကိုယ်ထည်ပုံစံ ပိုင်ဆိုင်ထားသည်။ ဒီဇိုင်းပိုင်း အဓိက အချက်အလက်များမှာ-
• ရှေ့မျက်နှာစာ (Front fascia) = အပိတ် grille သုံးထားပြီး တန်းပြည့်မီးတန်းနှင့် နှစ်ထပ် nose structure ဖြင့် ဖွဲ့စည်းထားသည်။
• ပြုံးနေသည့်ဟန် (Smiling Aesthetic) = ရှေ့နောက် ၂ ခုလုံးတွင် ပြုံးနေသည့် မျက်နှာအသွင် ပုံဖော်ထားသည်။
• ကားအနေအထား = မြေပြင်ကင်းလွတ် အကွာအဝေးမှာ အလွန်နိမ့်သောကြောင့် မြို့တွင်းစီးအဖြစ် ရည်ရွယ်သည်မှာ ထင်ရှားသည်။



(BYD မိုက္ကရိုကား၏ ဘေးဖက်နှင့် နောက်ဖက်မြင်ကွင်း။ ဓာတ်ပုံ - CNC)
BYD က ထုတ်လုပ်ထားသည့် ကားအမျိုးအစားစုံလင်နေပြီဖြစ်သော်လည်း မိုက္ကရိုကားဈေးကွက်သို့ ခြေမချရသေး။
BYD က ယခုမော်ဒယ် ထုတ်လုပ်မည့် အစီအစဉ်နှင့် Specification အချက်အလက်များ တရားဝင် အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ယခု မူပိုင်ခွင့်တင်သွင်းလာမှုအရ BYD အနေဖြင့် မိုက္ကရိုကားများအတွက် ဒီဇိုင်းသစ်များကို ရှာဖွေစူးစမ်းနေကြောင်း ပြသနေသည်။
BYD သည် ယခင်က ဂျပန်ဈေးကွက်တွင် Kei-car အမျိုးအစား Racco မော်ဒယ်ကို မိတ်ဆက်ခဲ့ဖူးသည်။
ယခုမိုက္ကရိုကား မူပိုင်ခွင့်တင်ပြသူများစာရင်းတွင် ပါဝင်သော ကျောက်ဘင်းဂန် (Zhao Binggen) သည် BYD မှ Dynasty Research Institute ၏ အကြီးအကဲ ဖြစ်သည်။ ထို့ကြောင့် BYD အနေဖြင့် ယခုမိုက္ကရိုကား ထုတ်လုပ်မည်ဆိုပါက Dynasty စီးရီးအောက်တွင် ဖြစ်လာဖွယ်ရှိသည်။

(ယာဉ်ကို အပေါ်စီးမှ မြင်တွေ့ရပုံ။ ဓာတ်ပုံ CNC)
ဝုဖ်ဂန်း အဂ္ဂါ (Wolfgang Egger) သည် ယခင်က Audi နှင့် Lamborghini နှစ်ခုလုံးအတွက် တာဝန်ယူခဲ့ဖူးပြီး Audi Group ၏ ဒီဇိုင်းဌာနကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် BYD သို့ ရောက်လာခဲ့ပြီး Seagull hatchback နှင့် Han sedan တို့၏ ဒီဇိုင်းအဖွဲ့ကို ဦးဆောင်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD files patent for two-door microcar designed by Wolfgang Egger and team (carnewschina)