NP News

ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (Personal Data Protection Law)ရေးဆွဲရန် အမျိုးသားလွှတ်တော်တွင်စတင်ဆွေးနွေးနေ

ကိုဖြိုး (NP News) နိုဝင်ဘာ-၁၁
နိုင်ငံသားများအတွက်ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေကို အမြန်ဆုံးရေးဆွဲရန် အမျိုးသားလွှတ်တော်တွင် နိုဝင်ဘာ(၁၁)ရက်တွင်စတင်ရေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။
ဦးကျော်ကျော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀)၏ မြန်မာနိုင်ငံတွင် ခေတ်မီပြီး ဘက်စုံလွှမ်းခြုံနိုင်သော တစ်စုတစ်စည်းတည်းသော ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (Personal Data Protection Law) တစ်ရပ်အား အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
(၁) ဦးစိုးကြည်၊ တနင်္သာရီတိုင်းဒေသကြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၁၁ )၊
( ၂ ) ဦးဝဏ္ဏစိုး၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၁၂ ) ၊
( ၃ ) ဒေါ်ခင်ဆွေ၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၁၂ )၊
(၄) ဒေါ်ကျင်သိန်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၉ )၊
( ၅ ) ဦးလွှမ်းမိုးနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)၊
( ၆ ) ဦးအောင်လှထွေး၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)၊
(၇) ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)၊
( ၉ ) ဦးဖေသန့်ဇော်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)၊တို့ကထောက်ခံဆွေး‌နွေးခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးရာတွင်လက်ရှီပြဌာန်းထားသည်ဥပဒေများနှင့်အညီ ခေတ်မီ နည်းပညာများ ပါဝင်သော ဥပဒေတစ်ခုဖြစ်စေရန်၊နိုင်ငံတကာတွင်ကြုံတွေ့ခဲ့ရသည့် ဆိုက်ဘာမှုခင်းများ အရ မြန်မာနိုင်ငံတွင်ကိုက်ညီမှုရှီသောဥပဒေတစ်ရပ်ဖြစ်စေရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားအပေါ် အမှန်တကယ်အကျိုးရှိစေရန် အချက်များကို အဓိကထားဆွေးနွေးခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးက ဆွေးနွေးရန်ကျန်ရှိသောလွှတ်တော်ကိုယ်စားလှယ်များ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှလာရောက်ရှင်းလင်းရန် နိုဝင်ဘာ(၁၃)ရက်နေသို့ ချိန်းဆိုသတ်မှတ်ခဲ့ပြီး အစည်းအဝေးကိုရပ်နားခဲ့သည်။

မူရင်းသတင်း — NP News