
စော(NP News)- နိုဝင်ဘာ ၁၁
ကုလသမဂ္ဂမျက်နှာစာနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အကျိုးရှိမည့် ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗီယင်နာမြို့အခြေစိုက် မြန်မာ သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ယမန်နေ့ (နိုဝင်ဘာ ၁၀ရက်) က ဗီယင်နာ မြို့အခြေစိုက် ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Li Song ထံ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကုလသမဂ္ဂမျက်နှာစာနှင့် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိမည့် ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ အဖွဲ့ရုံးများအကြား ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။