
ကိုဖြိုး (NP News) နိုဝင်ဘာ-၁၁
မြန်မာအစိုးရအနေဖြင့် Rosatom နှင့် ပူးပေါင်းပြီး (၅၅) မဂ္ဂါ၀ပ် ပမာဏ ဓာတ်ပေါင်းဖို (၂) လုံး (စုစုပေါင်းဓာတ်အား မဂ္ဂါ၀ပ် ၁၁၀) တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ပထမအဆင့်(၃)နှစ် ဒုတိယအဆင့်(၃)နှစ် တတိယအဆင့်(၃)နှစ်ခွဲကာ တည်ဆောက်သွားမည်ဟု
လျှပ်စစ်ဒု၀န်ကြီးက ပြည်သူ့လွှတ်တော်တွင် ယနေ့(နိုဝင်ဘာ ၁၁ ရက်)တွင် ပြောကြားခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုး၏ လျှပ်စစ်မီးအား (၂၄)နာရီမီးလင်းနိုင်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများရှိမရှိ မေးခွန်းအပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနဒုတိယဝန်ကြီးဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နျူကလီးယား ဓာတ်ပေါင်းဖိုသုံး ဓာတ်အားပေးစက်ရုံဖြစ်သောကြောင့် အဆင့်တိုင်းတွင် IAEA သုံးသပ်ရေးအဖွဲ့၏ စိစစ်အတည်ပြုချက်ယူနေရကြောင်း၊ ထို့ကြောင့် စီမံကိန်းကို (၂၀၂၈) ခုနှစ်တွင် စတင်နိုင်ရန်မျှော်မှန်းထားပြီး (၂၀၃၅) ခုနှစ် မတိုင်ခင် စက်ရုံလည်ပတ်နိုင်ရန် မျှော်လင့်ထားသည်ဟုလည်း ဒုတိယဝန်ကြီးက ဆိုသည်။
မြန်မာတွင် နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်မည့် သဘောတူညီချက်ကို( ၂၀၂၅) ခုနှစ်၊ မတ်လက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင် အတည်ပြု သဘောတူ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။