
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၁
သဘင်တည်ထောင်ခွင့်လိုင်စင်များကို လာမည့်ဒီဇင်ဘာလကုန်တွင် နောက်ဆုံးထားပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ယမန်နေ့(နိုဝင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
(၂၀၂၆ / ၂၀၂၇)ခုနှစ် သဘင်ရာသီနှစ်အတွက် တည်ထောင်ခွင့်(လိုင်စင်)များအား မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ ပြည်နယ်/တိုင်းအလိုက် လျှောက်ထားသောသဘင်အဖွဲ့တည်ထောင်သူများအား ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်း/ပြည်နယ် သဘင်အစည်းအရုံးများအောက်ရှိ မြို့နယ်သဘင်အစည်းအရုံးများသို့ တည်ထောင်ခွင့်(လိုင်စင်)များအား လာမည့်(ဒီဇင်ဘာ ၃၁ ရက်) နောက်ဆုံးထားပြုလုပ်ပေးကြရန် အသိပေး ထုတ်ပြန်ထားသည်။