Myanmar Digital News

မိုင်းဆတ်ခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းဆတ်   နိုဝင်ဘာ ၁၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေများဖြင့်  ကျေးလက် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်‌နေမှု အခြေအနေများကို တာဝန်ရှိသူများက နိုဝင်ဘာ ၉ ရက်က ကွင်းဆင်းစစ်ဆေးသည်။    

        

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ  စစ်ဆေးရေးအရာရှိချုပ်၊ ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ဝိန်းလိတ်တံတား တည်ဆောက်ခြင်းလုပ်ငန်း (ဒုတိယပိုင်း)ကို လည်းကောင်း၊ မယ်ကော်(၁)ကျေးရွာလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။           

 

မိုင်းဆတ်ခရိုင်အတွင်း၌ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၃၈၆ ဒသမ ၇၉၁ သန်းဖြင့် အရှည်ပေ ၁၈၀၊ အကျယ် ၁၈ ပေ ဝိန်းလိတ်တံတား တည်ဆောက်ခြင်းလုပ်ငန်း(ဒုတိယပိုင်း)၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၂၈၃ ဒသမ ၉ သန်းဖြင့် မယ်ကော်(၁)ကျေးရွာလမ်း အရှည် ၄ ဒသမ ၅ ဖာလုံ ၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မရှိ ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအားလုံး  ရာနှုန်းပြည့်‌ ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ ရာသီမရွေးလမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။

 

ဇင်မာ (ကျေးလက်)

မူရင်းသတင်း — Myanmar Digital News