ပုသိမ် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ချောင်းမြောင်းများ တူးဖော်ခြင်းနှင့် ရေသွင်းရေထိန်းတံခါးများ ပြုပြင်တည်ဆောက်ပေးခဲ့မှုကြောင့် ယခင်က နွေသီးထပ်စိုက်ဧက အများဆုံး ၆၀၀၀ ခန့်သာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ ဧက ၁၆၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်ခဲ့ရာ ဧက ၁၀၀၀၀ ကျော် တိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ် သပြေကန် သိမ်ကုန်းဧရိယာအတွင်း နွေစပါး စိုက်ပျိုးရေ လုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာ တာမိုင် (၃/၂)မှ (၉/၂)အတွင်း တာပုံစံကျ တာမြှင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကြက်ဖမွေး ဇောင်းကျွန်းပတ်တာအတွင်းမှ ရေချိုကိုသွင်းယူ၍ ဘိုကလေးမြို့နယ် ဒေါင့်ကြီးအရှေ့ ကျွန်းပတ်တာအတွင်း နွေသီးထပ် ဧက ၂၂၀၀ တိုးချဲ့စိုက်ပျိုးနိုင်ရေး တူးမြောင်းတူးဖော်နေမှု၊ ကြက်ဖ မွေးဇောင်း ကျွန်းပတ်တာ နွေစပါး စိုက်ဧက ၁၂၅၀ အား အကျိုးပြုမည့် အချင်းလေးပေ အရွယ်အစား ၁၅ ပေါက်ပါ ဖလက်ရေထိန်းတံခါး ပြုပြင်ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဖျာပုံခရိုင် ဖျာပုံမြို့နယ် အောက္ကဘာကျေးရွာအုပ်စု ထိတန်ကျေးရွာ ကမာအောင်ဘုရားလေးကျောင်းတိုက် ဗုဒ္ဓဝိဟာဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေး၊ ရေရရှိရေး၊ ရေငန်တားလုပ်ငန်းများ ဆွေးနွေးပြောကြားရာ ကျွန်းပတ်တာအတွင်း ပေါ်ဆန်းစပါး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူများနှင့် ဖျာပုံမြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က ရေငန်တားတာများနှင့် ရေထိန်းတံခါးများ ဆက်လက် ဖော်ဆောင်ပေးနိုင်ရေး၊ ကျန်ရှိသည့် ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်နိုင်ရေး၊ ပေါ်ဆန်းအရည်အသွေး ကောင်းမွန်ရေးအတွက် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားမည့် အခြေအနေများနှင့် အရည်အသွေး၊ အနံ့အရသာကောင်းမွန်သည့် ပေါ်ဆန်းဆန်များ ပိုမိုတိုးချဲ့ တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
ဆက်လက်၍ ကျုံကဒွန်း-စက်ဆန်းပေါ်၌ ငါးဂွတံတား ၆၆ ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ ကျုံကဒွန်း (ကမာပို)-ဘုန်းကြီး သောင်လမ်းပေါ်ရှိ မယ်လေးရိုး တံတားပေ ၁၄၀ တည်ဆောက်ခြင်းလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရန် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး စီမံဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ ကြီးကြပ်စစ်ဆေးရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းခွင်အရည်အသွေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)