Myanmar Digital News

ဘုရားကြီးမြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ခွဲ) ပဲခူးတို့မှ ကွင်းဆင်းဆေးကုသ

ဘုရားကြီး နိုဝင်ဘာ ၁၁

 

(၂၅) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ခွဲ)ပဲခူးတို့မှ ကွင်းဆင်း ဆေးကုသခြင်းကို ယနေ့နံနက်ပိုင်းက ဘုရားကြီးမြို့အရှေ့ရွှေ​ကျင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးဌာနမှူးက အမှာစကား ပြောကြားပြီး ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူးက နယ်လှည့်ကွင်းဆင်း ဆေးကုသပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပဲခူးမြို့တိုင်းရင်း ဆေးဆရာအသင်း တိုင်းဥက္ကဋ္ဌက တိုင်းရင်းဆေးပညာရပ် အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာခြင်းအကြောင်းနှင့် ပတ်သက်၍ ပြောကြားသည်။

 

ဆက်လက်၍ ပဲခူးမြို့ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်က အယ်လ်နီညိုရာသီဥတုကို တိုင်းရင်းဆေးဖြင့် ကာကွယ်ခြင်းအကြောင်း ပြောကြားပြီး ပဲခူးခရိုင် တိုင်ရင်းဆေးဆရာအသင်း၊ ခရိုင်ဥက္ကဋ္ဌက တိုင်းရင်းဆေးပညာနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောကာ ပြည်သူများအား ရောဂါစစ်ဆေးခြင်း၊ တိုင်းရင်းဆေးဖြင့် ကုသခြင်း၊ ဆေးဝါးများ လှူဒါန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝဏ္ဏမောင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News