တပ်ကုန်း နိုဝင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းပွဲကို နိုဝင်ဘာ ၉ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးက ၂၀၂၇ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲရုံအရေအတွက်၊ တည်နေရာ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရေအတွက်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများ ကျန်ရှိမှုမရှိစေရေး မှာကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ယခင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲနှင့်နှိုင်းယှဉ်၍ မဲရုံအရေအတွက်နှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ တိုးချဲ့ဆောင်ရွက်ရေး၊ မဲပေးစက်သင်တန်းဖွင့်လှစ်ရေး၊ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလကုန် ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးမှူး ဒေါ်ခင်စိုးထိုက်က ရွေးကောက်ပွဲ ဥပဒေပုဒ်မအား ရှင်းလင်းပြောကြားပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မဲရုံတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)