NP News

သိုလှောင်ရုံကုန်အပ်လက်မှတ်ဖြင့် ချေးငွေထုတ်ပေးမည့် WRF စနစ် အကောင်အထည်ဖော်မည့်အပေါ် သဘောထားကွဲပြားနေ

သန့်ဇင် (NP News) - နိုဝင်ဘာလ ၁၂

သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေခံ သည့် ငွေကြေးထောက်ပံ့မှု (Warehouse Receipt Financing - WRF) စနစ် အကောင်အထည်ဖော်မည့် အပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် နီးစပ် သူများနှင့် တောင်သူလယ်သမားအရေး လေ့လာသူ များအကြား သဘောထားကွဲပြားနေကြောင်း NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါစနစ်ကို စပါးသီးနှံပေါ်ချိန်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက် ကြီးမား ခြင်းကြောင့် စပါးဈေးကျဆင်းလေ့ရှိသဖြင့် စပါးစိုက် တောင်သူများ အခက်အခဲဖြစ်ရခြင်း၊ ဝင်ငွေလျော့ နည်းခြင်း၊ တောင်သူများလက်ဝယ် စပါးမရှိချိန်မှ စပါးဈေးမြင့်တက်ခြင်း၊ သီးနှံသိုလှောင်မှု၏ အကျိုး ကျေးဇူးကို ကုန်သည်၊ စက်ပိုင်များနှင့် လှောင်လက် များသာရရှိပြီး တောင်သူလယ်သမားများ ရရှိမှု အလွန်နည်းပါးခြင်းတို့ကြောင့် အကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း MRF ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် သိုလှောင်ရုံကုန်အပ်လက်မှတ် ကို အခြေခံသည့် ငွေကြေးထောက်ပံ့မှု (Warehouse Receipt Financing) စနစ်ကို Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။

" ကျွန်တော်တို့ Pilot Project စမ်းသပ် ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။
ယင်းစနစ်ကို စတင်အကောင်အထည် ဖော်ရန် ယခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စပါးစိုက်တောင်သူများအတွက် အပ်နှံထားနိုင်သည့် သိုလှောင်ရုံများကို သိုလှောင်ရုံမှတ်ပုံတင်စနစ် (MyRO) တွင် မှတ်ပုံတင်ထားသော သိုလှောင်ရုံ (၅,၈၈၆) ရုံအနက် အခြောက်ခံစက်များနှင့် အခြား သတ်မှတ်ချက်များ၊ လိုအပ်ချက်များနှင့် ကိုက်ညီ သည့် သိုလှောင်ရုံများတွင် စတင်ဆောင်ရွက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် သော သိုလှောင်ရုံလုပ်ငန်းရှင်များကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အမြန်ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားခဲ့ကြောင်း သိရသည်။

ယင်းစနစ်အတွက် အဓိကအရေးကြီးသူမှာ စပါးလက်ခံသိုလှောင်မည့် သိုလှောင်ရုံပိုင်ရှင်သည် အဓိကတာဝန်ရှိသူဖြစ်ကြောင်း ဆန်စပါးအသင်း ချုပ်မှ အသင်းဝင်တစ်ဦးက ဆိုသည်။

"ကောင်းပါတယ်။ အပ်ကုန်စနစ်သဘော မျိုးဖြစ်တဲ့အတွက် သိုလှောင်ရုံမှာ အပ်မယ်၊ သိုလှောင်ရုံပိုင်ရှင်မှာတော့ တာဝန်ရှိမယ်။ ချေးငွေ ချေးမယ့်ဘဏ်ကလည်း မှန်ကန်မှု ရှိမရှိ စိစစ်ပေးရမယ်။ ဒီဖြစ်စဉ်မှာ သိုလှောင်ရုံမှာ ပစ္စည်းမရှိဘဲ ချေးလိုက်ရင် ချေးငွေဌာနမှာ နစ်နာမှုတွေ ရှိသွားမှာ။ အဓိက သိုလှောင်ရုံပိုင်ရှင်က အဓိကလို ဖြစ်သွားတာပေါ့" ဟု ၎င်းက ပြောသည်။

ထို့ပြင် အဆိုပါစနစ်သည် စပါးစိုက်တောင် သူများအတွက် ကောင်းမွန်သည့် စနစ်ဖြစ်ကြောင်းနှင့် အတိုးနှုန်းသက်သာသည့် ကာလတိုချေးငွေသည် လည်း စိုက်ပျိုးရေးစရိတ်ချေးငွေနှင့် မိသားစုလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ကာ အြွေကးသံသရာမှ လည်း ရုန်းထွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

"ကောင်းပါတယ်။ တောင်သူတွေမှာက ငွေကြေးမတတ်နိုင်တဲ့အတွက် ပေါ်တဲ့အချိန်မှာ ရောင်းပစ်လိုက်ရတယ်။ ပြီးမှ ဈေးကတက်သွား တဲ့အတွက် တောင်သူ ခံစားခွင့်မှာ မရှိနိုင်ဘူးပေါ့လေ။ အခုလိုမျိုး ဆန်စပါးကို အပ်ကုန်သဘောမျိုးနဲ့ ချေးငွေပေးနိုင်ရင်တော့ အကျိုးရှိနိုင်တာပေါ့။ အကုန် အဆင်ပြေသွားမှာပေါ့။ စိုက်ပျိုးစရိတ်ချေးငွေတွေနဲ့ ဒီဘက်က ချေးငွေတွေကတော့ ကုန်ပစ္စည်းတန်ဖိုးနဲ့ ဒီဘက်က ချေးပေးတာက တန်ဖိုးတစ်ခုလုံး ချေးပေး လိုက်ရင်တော့ စိုက်ပျိုးစရိတ်ချေးငွေကို ပြန်ပြီး ဆပ်နိုင်တာပေါ့။ သုံးလိုကုန်သွားမယ်၊ ဒီဘက် ပြန်ဆပ်မယ်ဆိုတော့ သံသရာကြီးနဲ့ ဖြစ်နေတော့ လည်လည်ပတ်ပတ်ဖြစ်အောင် အသုံးချတတ်ရင် ကောင်းပါမယ်။ အပြင်က အတိုးကြီးချေးငွေတွေက တော့ ဝန်ထုပ်ဝန်ပိုးဖြစ်တော့ အခုလိုမျိုးချေး ငွေကတော့ အတိုးနည်းနည်းနဲ့ ချေးငွေဖြစ်တဲ့အတွက် အဆင်ပြေသွားနိုင်ပါတယ်" ဟု ၎င်းကပြောသည်။

ယင်းစနစ်အတွက် သိုလှောင်ရုံတွင် သီးနှံကုန်စည်အပ်နှံမှုအပေါ် ကာလတို (၆) လမှ (၉) လ သက်တမ်းအတွက် သင့်တင့်မျှတသော ဘဏ် အတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးမည့် ဘဏ်များ၊ အာမခံဆောင်ရွက်မှုပေးမည့် အာမခံအဖွဲ့အစည်းများ ကိုလည်း လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

အဆိုပါစနစ်ကို ဆောင်ရွက်ခြင်းဖြင့် အခြောက်ခံစက်များရှိသော သိုလှောင်ရုံများတွင် စနစ်တကျ သိုလှောင်ထိန်းသိမ်းခြင်းကြောင့် ရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ခြင်းနှင့် တောင်သူလယ်သမားများ ဝင်ငွေ တိုးတက်ရရှိခြင်း၊ သီးနှံအရည်အသွေး ပိုမိုကောင်း မွန်ခြင်း၊ ရာသီဥတုပြောင်းလဲမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေချိန်တွင် နိုင်ငံအတွင်း သီးနှံများကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင် ခြင်းနှင့် သတင်းအချက်အလက်များ ပိုမို စနစ်တကျ ရရှိခြင်းစသော အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သုတေသနတွေ့ရှိချက်များရှိကြောင်းလည်း ထုတ်ပြန် ချက်အရ သိရသည်။

ထို့ပြင် တောင်သူများအနေဖြင့် တစ်ဦးတစ် ယောက်တည်း လာရောက်အပ်နှံ ဆောင်ရွက်ခြင်း ထက် စနစ်တကျ စုဖွဲ့၍ စုပေါင်းဆောင်ရွက်ခြင်း၊ သမဝါယမအသင်းအဖွဲ့များပုံစံဖြင့် ဖွဲ့စည်းဆောင် ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါက ပိုမိုထိရောက် အကျိုးရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

သို့သော် ယင်းစနစ် အမှန်တကယ် စတင် အကောင်အထည်ဖော်ရာတွင် စပါးရေစိုအမှတ်မရှိရန် တောင်သူများအတွက် လှန်းကွင်းများ၊ အခြောက်ခံ စက်များနှင့် ယင်းအခြောက်ခံစက်များအတွက် လျှပ်စစ်မီး စသဖြင့် လုံလောက်မှုရှိမရှိကို သက် သေပြရန်လိုကြောင်း တောင်သူလယ်သမားအရေး လေ့လာသုံးသပ်သူက ဆိုသည်။

" MRF မှာ တောင်သူလယ်သမား ဘယ် နှစ်ယောက်တွေ့ဖူးလဲ။ All Trader ပဲ။ အလုပ်ဖြစ် မယ်ဆိုရင် ဝမ်းသာတယ်။ အဲဒါဆိုရင် နံပါတ် (၁) သူတို့ လုပ်ငန်းစမယ့်ရာသီက နွေစပါးရာသီ။ နွေစပါး ဆိုတာက မိုးဦးကျမှာရိတ်တာ။ ပြောချင်တာက စပါးကို မိုးထဲရေထဲ ရိတ်တာ။ မိုးထဲရေထဲမှာ ရိတ်တာ ဖြစ်တဲ့အတွက် အဲဒီစပါးက အစိုအမှတ်ကို ဒီအတိုင်း ပဲ သိုလှောင်ရုံတွေက လက်ခံမှာမို့လို့လား။ လက်မ ခံရင် လှန်းကွင်းတွေ ဘယ်မှာလဲ။ အခြောက်ခံစက်တွေ ဘယ်မှာလဲ။ အဲဒီအခြောက်ခံစက်တွေအတွက် လျှပ် စစ်မီးက လုံလောက်လား။ အခြောက်ခံစက်က လုံ လောက်လား။ အဲဒါဆို တောင်သူလယ်သမား စစ်စစ် ဆိုတာ ဘယ်လိုသက်သေပြမလဲ" ဟု ၎င်းကပြောသည်။

ထို့ကြောင့် WRF စနစ်သည် လက်ရှိ ကာလ၌ စတင်ရန် တောင်သူများ အဆင်သင့်မဖြစ် သေးကြောင်းလည်း ၎င်းက ဆိုသည်။

"တို့နိုင်ငံမှာ အဲဒီစနစ် အစပျိုးဖို့ အဆင် သင့်မဖြစ်သေးဘူး။ အဆင်သင့်မဖြစ်သေးလို့ ဖြစ်အောင် အခုချက်ချင်းဖြစ်အောင် မျက်နှာပန်းလှ အောင်လုပ်နေတာ။ တကယ် တောင်သူလယ်သမား တွေဆီ မသက်ရောက်ဘူး။ တကယ့်တောင်သူလယ် သမားတွေ မဟုတ်ဘဲ တောင်သူလယ်သမားအမည်ခံ Trader တွေပဲ သက်ရောက်မယ်။ ဘယ်သူတွေပါမလဲ ဆိုရင် သူတို့စာရင်းပြမယ့် တောင်သူ (၁) သောင်း ကျော်ပြမှာ" ဟု ၎င်းက ပြောသည်။

မူရင်းသတင်း — NP News