
သန်းထိုက်စိုး (NP News) - နိုဝင်ဘာလ ၁၂
ဒေသတွင်း ပထဝီနိုင်ငံရေးအခင်းအကျင်းသစ်များ ပေါ်ထွက်လာခြင်း
လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်၌ ပထဝီနိုင်ငံရေး မြေပုံအသစ်တစ်ခု ရုပ်လုံးပေါ်လာနေပြီး မူဘောင်အသစ်များလည်း အကောင်အထည်ပေါ်လာနေပြီဖြစ်သည်။ မဟာဗျူ ဟာမြောက် ချိတ်ဆက်ထားသည့် မက္ကာပဋိညာဉ်သည် ပါကစ္စတန်၊ ဆော်ဒီအာရေးဗျနှင့် တူကီယဲလ်တို့ကို လုံခြုံရေးအစီအစဉ်တစ်ခုဖြင့် စုစည်းပေးထားခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယမှ ဂရိနိုင်ငံ၏ အကြီးဆုံးနှင့် အရေးအပါဆုံး ပင်လယ်ဆိပ်ကမ်းမြို့ ပီရီးယပ်စ် (Piraeus)အထိ ဆက်သွယ်မည့် အိန္ဒိယ -အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြံ (IMEC) လည်းရှိနေပါသည်။ ယင်းအစီအစဉ် နှစ်ခုသည် သဘာဝချင်း လုံးဝမတူညီကြသော်လည်း အရှေ့ အလယ်ပိုင်း၏ အနာဂတ်အပေါ် ရှုမြင်သည့် မျှော်မှန်းချက်နှစ်ခုကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင် ပါသည်။
ဒေသတွင်း မဟာဗျူဟာမြောက် မေးခွန်း ထုတ်စရာတစ်ခုမှာ အီရန်စစ်ပွဲအလွန်ကာလတွင် ဤဒေသ၏ လုံခြုံရေးနှင့် ချိတ်ဆက်မှုများကို မည်သူ က ပုံဖော်သွားမည်နည်းဟူသည့်အချက်ပင်ဖြစ် သည်။ သို့သော် ဆော်ဒီအာရေးဗျနှင့် အဇာဘိုင် ဂျန်တို့ကဲ့သို့သော နိုင်ငံများသည် မူဘောင်နှင့် မိတ် ဖက်အဖွဲ့အစည်းအများစုတွင် တစ်ပြိုင်နက်တည်း ပါဝင်ပတ်သက်နေကြဆဲ ဖြစ်သည်။ ဤကဲ့သို့ ရှုပ်ထွေးနက်နဲလှသော အခြေအနေများကြောင့် ပေါ် ထွက်လာသည့် ဒေသတွင်းစနစ်သစ်သည် ရိုးရှင်း သော ပြိုင်ဘက်အုပ်စုနှစ်ခုတွေ့ဆုံသည်ဆိုခြင်း ထက် ပိုမိုကျယ်ပြန့် ရှုပ်ထွေးပါသည်။
ဆော်ဒီအာရေးဗျနိုင်ငံသည် ယင်း မျှော်မှန်းချက်နှစ်ခုလုံး၏ ဗဟိုချက်မအဖြစ် တည်ရှိ နေပြီး ၎င်း၏ရပ်တည်ချက်မှာ အရေးပါသည်။ အဇာဘိုင်ဂျန်သည် အခြားတစ်ဖက်တွင် တူကီယဲလ် နှင့် တင်းမာမှုအချို့ ရှိနေသော်လည်း တူကီယဲလ်ရော အစ္စရေးနှင့်ပါ နီးကပ်သောဆက်ဆံရေးကို ဆက် လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင်ကျင်းပခဲ့သော ထိပ်သီး အစည်းအဝေး ၌ အဖြစ်အပျက်များသည် ဒေသတွင်း သံတမန်ရေးရာ ကစားပွဲများ၏ ပဟေဠိဆန်မှုကို ပိုမိုပေါ်လွင်စေခဲ့ သည်။ ဤဖြစ်ရပ်များက ဒေသတွင်းစနစ်သည် ပြိုင် ဘက်နှစ် ခုတည်း၏ ပြိုင်ဆိုင်မှုထက် ပို၍နက်နဲသည်။
မက္ကာပဋိညာဉ်၏သဘောသဘာဝနှင့် စိန်ခေါ်မှုများ
မက္ကာပဋိညာဉ်ကို ဦးဆောင်ဖော်ဆောင်နေ ကြသည့်နိုင်ငံများအနေဖြင့် အရှေ့အလယ်ပိုင်း ဒေသတွင်းပြဿနာများကို ဒေသတွင်းနိုင်ငံများ ကိုယ်တိုင်ဖြေရှင်းရန် ရည်ရွယ်ထားကြခြင်း ဖြစ် သည်။ အဆိုပါလုံခြုံရေး အစီအစဉ်သစ်တွင် အီရန် နှင့်အစ္စရေးနိုင်ငံတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ် ထားခဲ့ကြသည်ကို ထင်ရှားစွာတွေ့မြင်ရသည်။ အမေရိကန်နိုင်ငံ၏ လက်ရှိအုပ်ချုပ်ရေးအောက်တွင် လည်း မဟာမိတ်များက တာဝန်ပိုယူပြီး အမေရိကန် က တာဝန်လျှော့ချမည့် မူဝါဒပုံစံကို အပြုသဘောဖြင့် ကြိုဆိုနေကြသည်။
သို့သော် ဤကဲ့သို့သော လုံခြုံရေးဆိုင်ရာ မူဘောင်ကြီးတစ်ခုသည် စာရွက်ပေါ်တွင်ပဲ ရှိနေ မလား သို့မဟုတ် ရေရှည်တွင် ကြုံတွေ့ရမည့် အခက် အခဲများကို ကျော်ဖြတ်နိုင်မလား ဆိုသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ အဆိုပါပဋိညာဉ်သည် အနာဂတ်တွင် နေတိုး စစ်မဟာမိတ် အဖွဲ့ကဲ့သို့ အပြန်အလှန် ကာကွယ်ရေးစနစ်၊ သတင်းအချက် အလက် မျှဝေသည့် အဖွဲ့အစည်းပုံစံ များဆီသို့ ဦးတည်သွားနိုင်ခြေ ရှိနေပါသည်။ ဒေသတွင်း မငြိမ်မသက်မှုများနှင့် ယီမင်စစ်ပွဲကဲ့သို့သော စိန်ခေါ် မှုများက ဤမဟာမိတ်အဖွဲ့၏ ခိုင်မာမှုကို စမ်းသပ် မည့် အဓိကအကျပ်အတည်းများ ဖြစ်လာနိုင်ပါသည်။
ပါကစ္စတန်၊ တူကီယဲလ်နှင့် ဆော်ဒီအာရေး ဗျတို့၏ သုံးပွင့်ဆိုင်ဆက်ဆံရေးတွင်လည်း ခိုင်မာ သော ကာကွယ်ရေးမူဘောင်များ ဖော်ဆောင်ရန် လိုအပ်နေသေးသည်ကို တွေ့နေရသည်။ တူကီယဲလ် နှင့် ပါကစ္စတန်တို့အကြား သမားရိုးကျ ကာကွယ်ရေး ပူးပေါင်းမှုများရှိသော်လည်း တူကီယဲလ်နှင့် ဆော်ဒီတို့ အကြားတွင်မူ လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ဤပဋိညာဉ် ပိုမိုခိုင်မာလာစေရန်အတွက် အဖွဲ့ဝင် နိုင်ငံများအကြား နားလည်မှုနှင့် ကတိကဝတ်များကို ထပ်မံမြှင့်တင်ရမည် ဖြစ်သည်။
စီးပွားရေး စင်္ကြံ IMEC ၏ မျှော်မှန်းချက်နှင့် ပထဝီဝင် အားသာချက်များ
အခြားတစ်ဖက်တွင်လည်း အစ္စရေးနိုင်ငံ ဗဟိုပြုပါဝင်နေသည့် IMEC စီးပွားရေးစင်္ကြံကြီး သည် ကုန်သွယ်ရေးနှင့် စွမ်းအင်လမ်းကြောင်းသစ်များ ကို ဖော်ဆောင်ပေးရန် ရည်မှန်းထားခြင်း ဖြစ်သည်။ (၂၀၂၁) ခုနှစ်က စူးအက်တူးမြောင်း ပိတ်ဆို့မှုဖြစ်စဉ် အပြီးတွင် ကမ္ဘာ့ကုန်သွယ်ရေးအတွက် အခြားရွေး ချယ်စရာ လမ်းကြောင်းများ၏ အရေးပါမှုကို ကမ္ဘာ ကြီးက ကောင်းစွာ သဘောပေါက်လာခဲ့ကြသည်။ အိန္ဒိယ၊ ပင်လယ်ကွေ့နိုင်ငံများ၊ အစ္စရေးနှင့် ဥရောပ တို့ကို ဆက်သွယ်ပေးမည့် ဤစီးပွားရေးစင်္ကြံသည် စီးပွားရေးအရ အကျိုးအမြတ်အရှိဆုံးနှင့် အတိုဆုံး လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထားကြသည်။
အစ္စရေးနိုင်ငံသည် IMECစင်္ကြံ အကောင်အထည်ဖော်ရေးအတွက် ၎င်း၏ ဆိပ်ကမ်း များနှင့် ရထားလမ်းအခြေခံအဆောက်အအုံများကို အပြည့်အဝ ပြင်ဆင်လျက်ရှိသည်။ ဂျော်ဒန်နယ်စပ် နှင့် နီးကပ်စွာ တည်ရှိနေသော ရထား လမ်းများက စီးပွားရေးအရ တွက်ခြေအကိုက်ဆုံး အခြေအနေများ ဖန်တီးပေးထားသည်။ ထို့ပြင် တောင်ပိုင်းတွင် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ရန် အဆိုပြု ထားခြင်းကလည်း ဤကုန်သွယ်ရေးလမ်းကြောင်း၏ အရေးပါမှုကို ပိုမိုအားကောင်းစေပါသည်။
အစ္စရေးအနေဖြင့် စင်္ကြံလမ်းကြောင်း တစ်လျှောက် အဆင်ပြေစေရန်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် စီးပွားရေးအရမိတ်ဖက်ပြု ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ စွမ်းအင်နှင့် ရေထောက်ပံ့ပေးမှုများမှတစ်ဆင့် ဒေသ တွင်း ယုံကြည်စိတ်ချရသော ကုန်သွယ်ဘက် အဖြစ် ရပ်တည်နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ဤသို့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း တည်ငြိမ်ရေးအတွက်လည်း များစွာအထောက်အကူ ပြုနိုင်မည် ဖြစ်သည်။
အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှုနှင့် အမေရိကန်၏ ကဏ္ဍ
သို့သော်လည်း ဤစီမံကိန်းကြီးနှစ်ခု စလုံးကို အကောင်အထည်ဖော်ရာတွင် အဖွဲ့အစည်း ဆိုင်ရာ ခေါင်းဆောင်မှုအားနည်းချက်များနှင့် ပထဝီနိုင်ငံရေးတင်းမာမှု အတားအဆီးများစွာ ရှိနေ ဆဲ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြား သော အဓိကမဟာမိတ်နိုင်ငံများအနေဖြင့် စီးပွားရေး အကျိုးအမြတ်ကိုသာ ဦးစားပေးကြည့်ရှုနေကြသဖြင့် ခေါင်းဆောင်မှု တာဝန်အပြည့်အဝယူရန် နှောင့်နှေး နေကြဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ဒေသတွင်းသက်ဆိုင်ရာ နိုင်ငံများအနေဖြင့် အောင်ပွဲငယ်လေးများမှစ၍ အချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်သွားကြရမည့် အနေအထားတွင် ရှိသည်။
အမေရိကန်နိုင်ငံ၏အခန်းကဏ္ဍသည် ဒေသတွင်း မဟာမိတ်များအကြား စေ့စပ်ညှိနှိုင်း ပေးသူအဖြစ် ဆက်လက်တည်ရှိနေရန် အထူးလို အပ်သည်။ အမေရိကန် အပြည့်အဝပါဝင်မှု မရှိပါက မက္ကာပဋိညာဉ် သို့မဟုတ် IMEC စင်္ကြံတို့သည် အခြားသော ပြင်ပအင်အားကြီးများ၏ လွှမ်းမိုးမှု အောက်သို့ ရောက်ရှိသွားနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် ဒေသတွင်းတည်ငြိမ်ရေးနှင့် ၎င်း၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများ ထိခိုက် မှုမရှိစေရန် စနစ်တကျ ထိန်းကျောင်းပေးရမည် ဖြစ်သည်။
ဤအခင်းအကျင်းတွင် ခေါင်းဆောင်မှု အခန်းကဏ္ဍပေါ်ထွက်လာရေးသည် စင်္ကြံ၏ အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သည်။ ဒေသတွင်းနိုင်ငံများအပြင် ဥရောပသမဂ္ဂ သို့မဟုတ် ဂျပန် ကဲ့သို့သော ပြင်ပမိတ်ဖက်များကပါ ပူးပေါင်း ဆောင်ရွက်လာပါက လုပ်ငန်းများ အရှိန်အဟုန် ပိုရလာမည်ဖြစ်သည်။ အောင်ပွဲငယ်များမှတစ်ဆင့် ကြီးမားသော စီးပွားရေးအချိတ်အဆက်များဆီသို့ ဦးတည်သွားနိုင်ရန်လိုအပ်သည်။
တူကီယဲလ်၊ အဇာဘိုင်ဂျန်နှင့် အစ္စရေးတို့၏ သံတမန်ရေးရာ ကစားပွဲများ
တူကီယဲလ်နှင့် အစ္စရေးတို့၏ ဆက်ဆံ ရေးမှာလည်း ဂါဇာစစ်ပွဲနှင့် နိုင်ငံရေး ရန်လိုမှုများ ရှိနေသည့်ကြားမှ စီးပွားရေးအပြန်အလှန် မှီခိုမှုများ ကြောင့် လုံးဝပြိုကွဲသွားခြင်း မရှိသေးပါ။ တူကီယဲလ် သည် အဇာဘိုင်ဂျန်နှင့် အလွန်နီးကပ်သော မဟာ မိတ်ဆက်ဆံရေး ရှိထားသော်လည်း အဇာဘိုင်ဂျန် ဘက်ကမူ အစ္စရေးနှင့်ပါ သံတမန်ရေးရာနှင့် စီးပွား ရေးအရ ဆက်ဆံမှုများကို တွဲဖက်လုပ်ကိုင်နေဆဲ ဖြစ်သည်။ ဤကဲ့သို့ရှုပ်ထွေးသော ဆက်ဆံရေး အခင်းအကျင်းများက ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် သဟဇာတဖြစ်မည့် လမ်းကြောင်းများကို အမြဲတမ်းရှာဖွေကျင့်သုံးနေ ကြသည်။
တူကီယဲလ်နှင့် အဇာဘိုင်ဂျန်တို့အကြား မကြာသေးမီက ဖြစ်ပေါ်ခဲ့သော သဘောထားကွဲလွဲမှု များသည် ပြည်တွင်းရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်များမှ စတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နှစ်နိုင်ငံခေါင်းဆောင်များ၏ သံတမန်ရေးရာ ပြုပြင် ပြောင်းလဲမှုများကြောင့် ဆက်ဆံရေးပုံမှန် အခြေ အနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤဖြစ်စဉ်က အဇာဘိုင်ဂျန်၏ ကိုယ်ပိုင်သမိုင်းဝင် မဟာဗျူဟာ မြောက်လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ကိုလည်း ပေါ် လွင်စေခဲ့သည်။
အဇာဘိုင်ဂျန်၏ ပထဝီဝင်တည်ရှိမှုသည် ဗဟိုအာရှနိုင်ငံများနှင့် ချိတ်ဆက်ရာတွင် တူကီယဲလ် အတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အလယ်ပိုင်းစင်္ကြံလမ်းကြောင်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းအင်တင်ပို့မှုများအတွက် အဇာ ဘိုင်ဂျန်သည် အဓိကသော့ချက်အဖြစ် ဆက်လက် တည်ရှိသည်။ ထို့ကြောင့် နှစ်နိုင်ငံအကြား တင်းမာမှု များ ရှိစေကာမူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုများကို လျှော့ချမည်မဟုတ်ပါ။
တောင်အာရှ အင်အားကြီးများ၏ ပြိုင်ဆိုင်မှုနှင့် နျူကလီးယား အန္တရာယ်
အိန္ဒိယနှင့်ပါကစ္စတန်တို့၏ သမိုင်းကြောင်း ဆိုင်ရာ တင်းမာမှုများနှင့် နျူကလီးယား ပြိုင်ဆိုင်မှု များသည်လည်း ဤဒေသတွင်း မဟာဗျူဟာမြောက် တွက်ချက်မှုများတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ တူကီယဲလ်နိုင်ငံသည် သမိုင်း ကြောင်းအရ ပါကစ္စတန်ဘက်သို့ ယိမ်းယိုင်မှုများ ရှိခဲ့ သော်လည်း ကြီးမားလာသည့် အိန္ဒိယ၏ စီးပွားရေး အင်အားနှင့် ကမ္ဘာ့အဆင့်အရေးပါမှုများကို လျစ်လျူ ရှု၍မရနိုင်တော့ပါ။ ဤသို့သောအချက်များကြောင့် ဒေသတွင်းနိုင်ငံများအချင်းချင်းအကြားတွင် မဟာ မိတ်ဖွဲ့စည်းပုံများနှင့်ပတ်သက်၍ အပြန်အလှန် ချိန်ဆရသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။
အိန္ဒိယနိုင်ငံ၏ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒနောက်ခံသည် ၎င်းအား အစ္စရေး၊ ယူအေအီး သို့မဟုတ် အီရန်တို့နှင့်ပါ သီးခြားမိတ်ဖက်ဆက်ဆံရေးများ ထူထောင်နိုင်စေခဲ့သည်။ သို့သော် ပါကစ္စ တန်နှင့် ပြိုင်ဆိုင်မှုသည် အရှေ့အလယ်ပိုင်း မဟာဗျူ ဟာမြောက် အကွက်ရွှေ့မှုများတွင် အဟန့်အတား တစ်ခု ဖြစ်နေဆဲဖြစ်သည်။ အဓိကအင်အားကြီးနိုင်ငံ များအနေဖြင့် တောင်အာရှ၏ နျူကလီးယား ပြိုင် ဆိုင်မှုကို အရှေ့အလယ်ပိုင်း၏ တင်းမာမှုများနှင့် မရောနှောသွားစေရန် ထိန်းသိမ်းရန် လိုအပ်သည်။
ကုန်သွယ်ရေးလမ်းကြောင်းသစ်များ ထူထောင်ခြင်းသည် ဒေသတွင်းနိုင်ငံများအားလုံးအတွက် စီးပွားရေးအရ အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ သို့သော် ပထဝီနိုင်ငံ ရေးအရ သီးခြားဖယ်ကြဉ်လိုသော သဘောထားများ ကို လျှော့ချပြီး အားလုံး ပါဝင်နိုင်သည့် မူဘောင်များကို ဖော်ဆောင်နိုင်မှသာလျှင် ရေရှည်ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည်။
ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အနာဂတ် မျှော်မှန်းချက်
အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လုံ ခြုံရေး ဗိသုကာလက်ရာများကို တည်ဆောက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း၏ ဆန္ဒဖြင့်သာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဘဲ မိတ်ဖက်နိုင်ငံ အားလုံး၏ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုများ အပေါ်တွင် သာ အဓိကမူတည်နေပါသည်။ အထူးသဖြင့် ဆော်ဒီ အာရေးဗျ၊ ယူအေအီးနှင့် အခြားသော ဒေသတွင်း အဓိကနိုင်ငံများသည် ၎င်းတို့၏ အမျိုးသား အကျိုးစီးပွားကိုဦးစားပေးရင်း မဟာမိတ်အုပ်စု အမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ဆောင်ချက်များသည် နိုင်ငံအသီးသီး အတွက် ရေရှည်တွင် မည်မျှအကျိုးရှိမည်ကို အချိန် ကသာ ဆုံးဖြတ်ပေးသွားနိုင်မည် ဖြစ်သည်။
ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်များ အကောင်အထည်ပေါ်လာခြင်းနှင့် အိမ်နီးချင်းနိုင်ငံ များအကြား လုံခြုံရေးသဘောတူညီချက်များ ရရှိရေး သည် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် မရှိ မဖြစ် လိုအပ်သောအချက်များ ဖြစ်သည်။ အထူး သဖြင့် ပြည်သူများ၏ သဘောထားနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်မှ သာလျှင် မဟာဗျူဟာမြောက်စင်္ကြံများ အောင်မြင်စွာ လည်ပတ်နိုင်မည် ဖြစ်သည်။
အနာဂတ်ကာလများတွင် ပထဝီနိုင်ငံရေးဆိုင်ရာ မျှော်မှန်းချက်များ မည်သို့ပင် ကွဲပြားစေကာမူ လက်တွေ့ကျသော ပူးပေါင်းဆောင် ရွက်မှုများသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်မောင်းနှင်သွားမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသသစ်အတွက် ယှဉ်ပြိုင်နေကြသည့် မျှော်မှန်းချက်နှစ်ရပ်ဖြစ်သော လုံခြုံရေးပဋိညာဉ်နှင့် စီးပွားရေးစင်္ကြံတို့သည် အနာ ဂတ်ကာလများတွင် ဒေသတွင်းနိုင်ငံရေး အသွင် သဏ္ဌာန်ကို ပုံဖော်သွားကြမည်ဖြစ်သည်။ မိတ်ဖက် နိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ် ရင်း တစ်ဖက်တွင်လည်း ပြိုင်ဆိုင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဟန်ချက်ညီညီ လုပ်ဆောင်သွား ကြရမည် ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသကြီးကို ပဋိပက္ခရွံ့နွံထဲတွင် ဆက်လက် နစ်မြုပ်ခံမည်လား သို့မဟုတ် ချိတ်ဆက်မှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုများဆီသို့ ဦးတည်သွား မည်လားဆိုသည်မှာ နောင်လာမည့်နှစ်များ၏ နိုင်ငံရေးဆုံးဖြတ်ချက်များအပေါ်တွင်သာ မူတည် နေပါကြောင်း တင်ပြရသည်။