Myanmar Digital News

အစ္စရေးက ပေါင် ၁၀၀၀ အလေးချိန်ရှိ ထိပ်ဖူးတပ်ဆင်နိုင်သော တာဝေးပစ်ခရုစ်ဒုံးကျည်တစ်စင်း မိတ်ဆက်

ဂျေရုဆလင်  နိုဝင်ဘာ  ၁၁

အစ္စရေးနိုင်ငံပိုင် ကာကွယ်ရေးနည်းပညာကုမ္ပဏီ  Rafael Advanced Defense Systems သည် ပေါင် ၁၀၀၀ အလေးချိန်ရှိ  ထိပ်ဖူးတပ်ဆင်နိုင်သော တာဝေးပစ်ခရုစ် ဒုံးကျည်သစ်တစ်စင်းကို နိုဝင်ဘာ ၁၁  ရက်တွင်    မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

ယင်းဒုံးကျည်သည် အလွန်ဝေးကွာသည့် အကွာအဝေးရှိ အရေးကြီးသည့် ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ရန်   ဒီဇိုင်းထုတ်ထားကြောင်း၊  Super Ice ဟု အမည်ပေးထားသော အဆိုပါ ဒုံးကျည်ကို  ဝေဟင်၊  မြေပြင်နှင့် ပင်လယ်ပြင်တို့မှ   ပစ်ခတ်နိုင်ကြောင်း သိရသည်။

Super Ice သည် တာဝေးပစ်ပဲ့ထိန်းခရုစ်ဒုံးကျည်များဖြစ်သည့် ရာဖေးလ်ကုမ္ပဏီထုတ် Ice Breaker အုပ်စုဝင် ဖြစ်လာခဲ့ပြီး ယင်းဒုံးကျည်တွင် အလိုအလျောက် လမ်းကြောင်းရှာဖွေနိုင်သည့်စနစ်၊ အနိမ့်ပိုင်းပျံသန်းနိုင်သည့် စနစ်၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်နိုင်စွမ်းနှင့်  ပစ်မှတ်များကို ခွဲခြားသတ်မှတ်ရန် ပုံရိပ်တူညီမှုကို တိုက်ဆိုင်စစ်ဆေးသည့်   နည်းပညာအသုံးပြုသော အဆင့်မြင့်လမ်းညွှန်စနစ်ပါဝင်သည်။                               

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News