ထရီပိုလီ နိုဝင်ဘာ ၁၁
လစ်ဗျားနိုင်ငံတွင် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်း၊ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းအပြင် စက်သုံးဆီ မှောင်ခိုကူးခြင်းနှင့် ငွေကြေးခဝါချခြင်းကဲ့သို့ တရားမဝင်လုပ်ရပ်များကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီသောငွေကြေးများသည် လစ်ဗျားပြည်သူများ၏ အကျိုးစီးပွား အတွက် အသုံးပြုနိုင်ခြင်းမရှိဘဲ အခြားနေရာများသို့ လွှဲပြောင်းရောက်ရှိနေဆဲဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို ပျက်ပြားစေကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၁၀ ရက်တွင် သတိပေးပြောကြားထားသည်။
လစ်ဗျားနိုင်ငံဆိုင်ရာ အထောက်အကူပြု မစ်ရှင်(UNSMIL) သည် လစ်ဗျားနိုင်ငံတွင် အရေးတကြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သော စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အဖွဲ့အစည်းများ ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုများအတွက် ညှိနှိုင်းပူးပေါင်းပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် စီးပွားရေးဆိုင်ရာ ဘာလင်လုပ်ငန်းစဉ်အဖွဲ့ တိုးချဲ့အစည်းအဝေးကို မြို့တော်ထရီပိုလီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် UNSMIL အကြီးအကဲ ဟန်နာတက်တေးက ၎င်း၏ အဖွင့်အမှာစကားတွင် ယခုနှစ်အတွင်း စွမ်းအင်ဈေးနှုန်းများ ကောင်းမွန်မှုရှိသော်လည်း လစ်ဗျားနိုင်ငံသည် ပြည်သူ့အသုံးစရိတ်မြင့်တက်လာခြင်း၊ လစ်ဗျား ငွေကြေး ဒီနာတန်ဖိုး ကျဆင်းခြင်း၊ ဝယ်ယူနိုင်စွမ်း ကျဆင်းခြင်းအပါအဝင် မြင့်တက်လာသော စီးပွားရေးဆိုင်ရာ ဖိအားများနှင့် ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်ပြီး သာမန်ပြည်သူများမှာ အဆိုးရွားဆုံး ဝန်ထုပ်ဝန်ပိုးနှင့် ကြုံတွေ့နေရကြောင်း ထည့်သွင်းပြောကြားသည်။
ဆင်ဟွာ