ကိုလံဘို နိုဝင်ဘာ ၁၁
သီရိလင်္ကာနိုင်ငံသည် ခရီးသည်သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် လျှပ်စစ် စွမ်းအင်သုံး ဒေါင်လိုက်ပျံသန်းဆင်းသက်နိုင်သော(eVTOL) ဒရုန်းကို မိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်ကာ ကိုလံဘို ဆိပ်ကမ်းမြို့တွင် လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင်ဒရုန်းကို နိုဝင်ဘာ ၁၁ ရက်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းခရီးသည်တင် ဒရုန်းစမ်းသပ် ပျံသန်းမှုတွင် ဆိပ်ကမ်းနှင့် အရပ်ဘက်လေကြောင်းဆိုင်ရာဝန်ကြီး အနူရာကာရူနာသီ လာကာ လိုက်ပါစီးနင်းခဲ့သည်။ အဆိုပါဒရုန်းကို ဗဟိုထိန်းချုပ်ရေးစင်တာမှတစ်ဆင့် အဝေးမှ ထိန်းချုပ်မှုစနစ်ဖြင့် မောင်းနှင်နိုင်သည်။ ထို့အပြင် အရေးပေါ်အခြေအနေ သို့မဟုတ် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်မှုဖြစ်ပေါ်လာပါက ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများကိုလည်း အလိုအလျောက်လုပ်ဆောင်နိုင်ရန် ဒီဇိုင်းထုတ်ထားကြောင်း သိရသည်။
ဆင်ဟွာ