NP News

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကွယ်လွန်

Pika (NP News) - နိုဝင်ဘာလ ၁၂

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်းဒါးဒါချိဗ်ဟာ ၎င်းရဲ့တာဝန်သက်တမ်း(၁)နှစ်ခွဲခန့်သာရှိသေးတဲ့အချိန် အသက်(၆၆)နှစ်အရွယ်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အလက်ဇန်းဒါးဒါချိဗ်ဟာ (၂၀၂၅)ခုနှစ် မတ်လမှာ အမေရိကန်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၎င်းကိုထူးချွန်တဲ့သံတမန်တစ်ဦးအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အလက်ဇန်းဒါးဒါချိဗ်ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဒါ့ပြင် အလက်ဇန်းဒါးဒါချိဗ်ဟာ (၂၀၂၁)ခုနှစ်ကနေ (၂၀၂၄)ခုနှစ်အထိ ကနေဒါနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

အလက်ဇန်းဒါးဒါချိဗ်ဟာ ရုရှား-အမေရိကန်ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး (၂၀၁၄)ခုနှစ်ကနေ (၂၀၂၀)ခုနှစ်အထိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြောက်အမေရိကဌာနညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူလည်းဖြစ်ပါတယ်။

အလက်ဇန်းဒါးဒါချိဗ်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ပြန်လည်တာဝန်ယူကာစ ရုရှားနဲ့အနောက်အုပ်စုတို့ကြား အားပြိုင်မှုတွေဖြစ်စေခဲ့တဲ့ ယူကရိန်းစစ်ပွဲဖြစ်ပွားတာ အချိန်(၃)နှစ်ကျော်အကြာမှာ အမေရိကန်ဆိုင်ရာရုရှားသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

zawgyi version

အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးကြယ္လြန္

Pika (NP News) - ႏိုဝင္ဘာလ ၁၂

အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး အလက္ဇန္းဒါးဒါခ်ိဗ္ဟာ ၎ရဲ႕တာဝန္သက္တမ္း(၁)ႏွစ္ခြဲခန႔္သာရွိေသးတဲ့အခ်ိန္ အသက္(၆၆)ႏွစ္အ႐ြယ္မွာ ႐ုတ္တရက္ကြယ္လြန္သြားခဲ့တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
အလက္ဇန္းဒါးဒါခ်ိဗ္ဟာ (၂၀၂၅)ခုႏွစ္ မတ္လမွာ အေမရိကန္ႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ရတာျဖစ္ၿပီး ၎ကိုထူးခြၽန္တဲ့သံတမန္တစ္ဦးအျဖစ္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖာ္ျပေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အလက္ဇန္းဒါးဒါခ်ိဗ္ရဲ႕ေသဆုံးမႈနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ အလက္ဇန္းဒါးဒါခ်ိဗ္ဟာ (၂၀၂၁)ခုႏွစ္ကေန (၂၀၂၄)ခုႏွစ္အထိ ကေနဒါႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။
အလက္ဇန္းဒါးဒါခ်ိဗ္ဟာ ႐ုရွား-အေမရိကန္ဆက္ဆံေရးဆိုင္ရာ ကြၽမ္းက်င္သူတစ္ဦးျဖစ္ၿပီး (၂၀၁၄)ခုႏွစ္ကေန (၂၀၂၀)ခုႏွစ္အထိ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျမာက္အေမရိကဌာနၫႊန္ၾကားေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ဖူးသူလည္းျဖစ္ပါတယ္။
အလက္ဇန္းဒါးဒါခ်ိဗ္ဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သမၼတအျဖစ္ ျပန္လည္တာဝန္ယူကာစ ႐ုရွားနဲ႔အေနာက္အုပ္စုတို႔ၾကား အားၿပိဳင္မႈေတြျဖစ္ေစခဲ့တဲ့ ယူကရိန္းစစ္ပြဲျဖစ္ပြားတာ အခ်ိန္(၃)ႏွစ္ေက်ာ္အၾကာမွာ အေမရိကန္ဆိုင္ရာ႐ုရွားသံအမတ္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ရတာျဖစ္ပါတယ္။

မူရင်းသတင်း — NP News