NP News

ခိုင်းနွားရှားပါးမှုကြောင့် အညာဒေသတွင်ခိုင်းနွားဈေးမြင့်တက်

ကိုဖြိုး (NP News) နိုဝင်ဘာ-၁၂

ခိုင်းနွားများရှားပါးလာမှုကြောင့် ဈေးကွက်အတွင်းခိုင်းနွားဈေးနှုန်းများအဆမတန်မြင့်မားလာခဲ့ပြီး (၅) နှစ် အတွင်း (၃) ဆမှ (၅) ဆအထိရှိလာကြောင်းတောင်သူများကပြောသည်။

လက်ရှိအချိန်တွင် အရွယ်ကောင်းခိုင်းနွားတစ်ကောင်လျှင် ငွေကျပ်သိန်း (၆၀) မှ (၁၀၀) ကျော်အထိရှိလာကြောင်း တောင်သူများထံမှသိရသည်။

ခိုင်းနွားများကိုလယ်ယာလုပ်ငန်းနှင့်သယ်ယူပို့ဆောင်ရေးအတွက်အသုံးပြုလေ့ရှိသော်လည်း ယခုနောက် ပိုင်းကာလ များတွင်လုပ်ငန်းအများစုကို စက်ပစ္စည်းများဖြင့်အစားထိုးလုပ်ကိုင်လာမှုကြောင့် ခိုင်းနွားမွေးမြူမှုများ နည်းပါးလာခြင်းဖြစ်သည်။

"ဒီနောက်ပိုင်းနွားနဲ့လယ်ထွန်တာတွေကမရှိသလောက်ဖြစ်သွားတာ။ အကုန်စက်တွေနဲ့ပဲလုပ်ကြတော့ နွားကရှားသွားတယ်။ အခုကျစက်သုံးဆီပြဿနာဖြစ်လာတော့ နွားတွေပြန်လိုက်ရှာကြတာ။ နွားဈေးကထင် မထားလောက်အောင်ကိုမြင့်နေတာပဲ။ တော်ရုံတောင်သူကြီးတွေတောင်ဝယ်ဖို့မလွယ်တော့ဘူး"ဟု ရေစကြိုမြို့ နယ်၊ ရွှေလှံကျေးရွာမှဒေသခံတောင်သူတစ်ဦးကပြောသည်။
နွားကိုယခုနောက်ပိုင်းတွင်အသားစားသုံးရန်နှင့်တရုတ်ဈေးကွက်သို့တင်ပို့ရောင်းချရန်အတွက်သာ တပိုင် တနိုင်မွေးမြူလာကြခြင်းကြောင့်အညာဒေသတွင်ခိုင်းနွားကောင်းများရှားပါးပြတ်လပ်လာခြင်းဖြစ်သည်။

မူရင်းသတင်း — NP News