
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၂
CNG အဌားယာဉ်များ စတစ်ကာများကပ်ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်းထံ ဝင်ရောက်ခြင်းများကို ဒီဇင်ဘာလကုန်နောက်ဆုံးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကော်မတီ(YCTA)၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းမရှိပါက CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း(YCTA)ထံ ဝင်ရောက်ခြင်းနှင့် စတေကာကပ်ခြင်းများကို ဒီဇင်ဘာ (၃၁) ရက် နောက်ဆုံးထားဆောင်ရွက်ရမည်ဖြစ်ကာ လိုက်နာခြင်းမရှိပါကCNG ဝယ်ယူခွင့်အား (၂ဝ၂၇) ခုနှစ် ဇန်နဝါရီလ (၁) ရက်မှစ၍ ယာယီပိတ်သိမ်းသွားမည်ဖြစ်ပြီး ယင်းကိစ္စများကို ဆောင်ရွက်ပြီးစီးမှသာ CNG ဝယ်ယူခွင့်ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) စင်းလုံးငှားဌာန၏ နိုဝင်ဘာ (၉) ရက်ထိ မှတ်ပုံတင်စာရင်းအရ ဓာတ်ဆီယာဉ် (၃၃၂၅၆)၊ဒီဇယ်ယာဉ် (၂၈၁၃) စီး၊ CNG တက္ကစီ (၁၇၉၇၅) စီး၊ EV Taxi (၁၅၂၀) စီး၊ စုစုပေါင်း (၅၅၅၆၄) စီးရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် CNG ယာဉ်များအတွက် မော်တော်ယာဉ်သုံး သဘာဓာတ်ငွေ့ CNG ကို တစ်ကီလိုဂရမ်လျှင်(၂၇၃)ကျပ်(၂၅) ပြားဖြင့်ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။