NP News

ဝန်းသိုတွင် PDF အဖွဲ့များ၏ Drop Bomb ချတိုက်ခိုက်မှုကြောင့် ဆေးရုံဝန်းအတွင်းရှိ သံဃာကုသဆောင်နှင့် ဆေးရုံအစည်းအဝေးခန်းမနေရာများဗုံးစထိမှန်ပျက်ဆီးခဲ့

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့တွင် PDF အဖွဲ့များ၏ Drop Bomb ချတိုက်ခိုက်မှုကြောင့် ဆေးရုံဝန်းအတွင်းရှိ သံဃာကုသဆောင်နှင့် ဆေးရုံအစည်းအဝေးခန်းမနေရာများဗုံးစထိမှန်ပျက်ဆီးခဲ့ အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယမန်နေ့(နိုဝင်ဘာ ၁၁ ရက်)၊မွန်းလွဲပိုင်းက ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ရည်ရွယ်ချက်ဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဆေးရုံဝန်းအတွင်းရှိ သံဃာကုသဆောင်နှင့် ဆေးရုံအစည်းအဝေးခန်းမနေရာများသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆေးရုံအဆောက်အအုံ ပြတင်းပေါက်မှန်တံခါးများ၊ မျက်နှာကျက်များ၊ အဆောက်အအုံနံရံများ၊ ရေပိုက်လိုင်းများနှင့် အခြားပရိဘောဂပစ္စည်းများ ဗုံးစထိမှန်ပျက်စီးခဲ့သော်လည်း ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

PDFအမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News