Pika (NP News) - နိုဝင်ဘာလ ၁၂
ဒီအာကွန်ဂိုနိုင်ငံမှာ ပြီးခဲ့တဲ့မေလကစတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကူးစက်ခံရသူအရေအတွက်က (၁၁၄၀၂)ဦးကို ကျော်လွန်သွားပြီဖြစ်တယ်လို့ ဒီအာကွန်ဂိုနိုင်ငံရဲ့ ကျန်းမာရေးအာဏာပိုင်အဖွဲ့ကပြောကြားခဲ့ပါတယ်။
ဒီအာကွန်ဂိုအစိုးရက ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးအခြေအနေ ဖော်ပြချက်မှာ အီဘိုလာကူးစက်ရောဂါကြောင့် သေဆုံးသူအရေအတွက် (၅၃၈၇)ဦးရှိပြီး သေဆုံးမှုနှုန်းက (၄၈ ဒသမ ၈)ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့သိရပါတယ်။
အီဘိုလာဗိုင်းရပ်စ်ရဲ့မျိုးကွဲ Bundibugyo ကြောင့်ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါဟာ ဒီအာကွန်ဂိုနိုင်ငံတွင်းက ပြည်နယ်(၈)ခုနဲ့ ကျန်းမာရေးဇုန်(၆၇)ခုအထိ ပျံ့နှံ့နေပြီဖြစ်ပြီး အီတူရီပြည်နယ်က ရောဂါဖြစ်ပွားမှုအများဆုံးဗဟိုချက်နေရာအဖြစ် တည်ရှိနေတယ်လို့ သိရပါတယ်။
ဒါ့ပြင် အီတူရီပြည်နယ်မှာ အီဘိုလာကူးစက်ခံရတဲ့ အတည်ပြုလူနာစုစုပေါင်း(၇၀)ရာခိုင်နှုန်းနီးပါးရှိပြီး North Kivu ပြည်နယ်မှာ အတည်ပြုလူနာစုစုပေါင်း(၅၅)ရာခိုင်နှုန်းရှိနေကာ နိုင်ငံတစ်ဝှမ်း ပျမ်းမျှသေဆုံးမှုနှုန်းထက် ပိုမိုမြင့်မားနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း အီဘိုလာရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေက ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး Tshopo ပြည်နယ်မှာ လုံခြုံရေးအခြေအနေမကောင်းမွန်မှုကြောင့် လုပ်ငန်းစဉ်တွေအနှောင့်အယှက်ဖြစ်ခဲ့ရကာ ရောဂါကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံစုံစမ်းရှာဖွေမှုလုပ်ငန်းစဉ်ကလည်း အကန့်အသတ်ရှိနေတယ်လို့သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကူးစက်ရောဂါက အီဘိုလာကူးစက်ရောဂါရဲ့ မျိုးကွဲ Bundibugyoဖြစ်တယ်လို့ ဓာတ်ခွဲစစ်ဆေးမှုတွေက အတည်ပြုခဲ့ပြီးနောက် ဒီအာကွန်ဂိုအစိုးရက ၎င်းတို့နိုင်ငံမှာ(၁၇)ကြိမ်မြောက် အီဘိုလာရောဂါဖြစ်ပွားမှုအဖြစ် ကြေညာခဲ့တယ်လို့သိရပါတယ်။

zawgyi version
ဒီအာကြန္ဂိုႏိုင္ငံမွာ အီဘိုလာကူးစက္ေရာဂါျဖစ္ပြားမႈျမင့္တက္လာေန
Pika (NP News) - ႏိုဝင္ဘာလ ၁၂
ဒီအာကြန္ဂိုႏိုင္ငံမွာ ၿပီးခဲ့တဲ့ေမလကစတင္ျဖစ္ပြားခဲ့တဲ့ အီဘိုလာေရာဂါကူးစက္ခံရသူအေရအတြက္က (၁၁၄၀၂)ဦးကို ေက်ာ္လြန္သြားၿပီျဖစ္တယ္လို႔ ဒီအာကြန္ဂိုႏိုင္ငံရဲ႕ က်န္းမာေရးအာဏာပိုင္အဖြဲ႕ကေျပာၾကားခဲ့ပါတယ္။
ဒီအာကြန္ဂိုအစိုးရက ထုတ္ျပန္ခဲ့တဲ့ ေနာက္ဆုံးအေျခအေန ေဖာ္ျပခ်က္မွာ အီဘိုလာကူးစက္ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္ (၅၃၈၇)ဦးရွိၿပီး ေသဆုံးမႈႏႈန္းက (၄၈ဒသမ၈)ရာခိုင္ႏႈန္းနဲ႔ ညီမွ်တယ္လို႔သိရပါတယ္။
အီဘိုလာဗိုင္းရပ္စ္ရဲ႕မ်ိဳးကြဲ Bundibugyoေၾကာင့္ျဖစ္ပြားေနတဲ့ ကူးစက္ေရာဂါဟာ ဒီအာကြန္ဂိုႏိုင္ငံတြင္းက ျပည္နယ္(၈)ခုနဲ႔ က်န္းမာေရးဇုန္(၆၇)ခုအထိ ပ်ံ႕ႏွံ႔ေနၿပီျဖစ္ၿပီး အီတူရီျပည္နယ္က ေရာဂါျဖစ္ပြားမႈအမ်ားဆုံးဗဟိုခ်က္ေနရာအျဖစ္ တည္ရွိေနတယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အီတူရီျပည္နယ္မွာ အီဘိုလာကူးစက္ခံရတဲ့ အတည္ျပဳလူနာစုစုေပါင္း(၇၀)ရာခိုင္ႏႈန္းနီးပါးရွိၿပီး North Kivuျပည္နယ္မွာ အတည္ျပဳလူနာစုစုေပါင္း(၅၅)ရာခိုင္ႏႈန္းရွိေနကာ ႏိုင္ငံတစ္ဝွမ္း ပ်မ္းမွ်ေသဆုံးမႈႏႈန္းထက္ ပိုမိုျမင့္မားေနတယ္လို႔ သိရပါတယ္။
ဒါေပမဲ့လည္း အီဘိုလာေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းမႈေတြက ႀကီးမားတဲ့စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရဆဲျဖစ္ၿပီး Tshopo ျပည္နယ္မွာ လုံၿခဳံေရးအေျခအေနမေကာင္းမြန္မႈေၾကာင့္ လုပ္ငန္းစဥ္ေတြအေႏွာင့္အယွက္ျဖစ္ခဲ့ရကာ ေရာဂါကူးစက္ခံရသူေတြနဲ႔ ထိေတြ႕ခဲ့သူေတြကို လိုက္လံစုံစမ္းရွာေဖြမႈလုပ္ငန္းစဥ္ကလည္း အကန႔္အသတ္ရွိေနတယ္လို႔သိရပါတယ္။
လက္ရွိျဖစ္ပြားေနတဲ့ ကူးစက္ေရာဂါက အီဘိုလာကူးစက္ေရာဂါရဲ႕ မ်ိဳးကြဲ Bundibugyoျဖစ္တယ္လို႔ ဓါတ္ခြဲစစ္ေဆးမႈေတြက အတည္ျပဳခဲ့ၿပီးေနာက္ ဒီအာကြန္ဂိုအစိုးရက ၎တို႔ႏိုင္ငံမွာ(၁၇)ႀကိမ္ေျမာက္ အီဘိုလာေရာဂါျဖစ္ပြားမႈအျဖစ္ ေၾကညာခဲ့တယ္လို႔သိရပါတယ္။