CarsDB

Great Wall Motor က နိုဝင်ဘာလအတွင်း စတင်ဖြန့်ချိရောင်းချမည့် Ora 7 fastback

Great Wall Motor သည် အလတ်စား ကားမော်ဒယ်သစ် Ora 7 ကို နိုဝင်ဘာလအတွင်း စတင်မိတ်ဆက်ရောင်းချမည်ဖြစ်ကြောင်း Autohome က ဖော်ပြသည်။

Ora 7 သည် all-new မော်ဒယ်ဖြစ်ပြီး shooting brake (ဝက်ဂွန်း) နှင့် fastback ဟူ၍ ကိုယ်ထည်ပုံစံ ၂ မျိုး ထွက်ရှိလာမည် ဖြစ်သည်။

((ဒီဇိုင်းပိုင်း))

ဗားရှင်း နှစ်မျိုးလုံးတွင် Ora ၏ design language ကို သုံးထားသည်။ ရှေ့မီးဝိုင်းကြီးများကြားတွင် အပိတ် grille ထားရှိသည်။

နောက်ပိုင်းတွင်မူ ဗားရှင်းနှစ်မျိုးစလုံးမှာ taillight ပုံစံတစ်မျိုးတည်း အသုံးပြုထားသည်။

Ora 7 ၏ အရွယ်အစားမှာ 4,820/1,870/1,520 mm ရှိပြီး wheelbase မှာ 2,870 mm ဖြစ်သည်။

(Ora 7 ၏ fastback ဗားရှင်း။ ဓာတ်ပုံ Credit: Autohome)

((အတွင်းပိုင်းနည်းပညာ))

ဗားရှင်း ၂ မျိုးလုံးမှာ အတွင်းပိုင်း ဒီဇိုင်းတူသည်။ အတွင်းခန်းတွင် ပါဝင်သည်များမှာ-

► function မျိုးစုံပါသော three-spoke စတီယာရင်
► digital instrument cluster
► ကြီးမားသော floating central touchscreen
T ပုံစံ centre console တွင် ကြိုးမဲ့ဖုန်းသွင်းစနစ်နှင့် cupholder နေရာ နှစ်ခုတို့ ရှိသည်။

Driver assistance စနစ် ပါဝင်မှု ရှိ၊ မရှိမှာ trim အပေါ် မူတည်သည်။ customer တို့အနေဖြင့် ကင်မရာသက်သက်စနစ်နှင့် LiDAR ထပ်မံပါဝင်သည့် စနစ်တို့ကို ရွေးချယ်နိုင်မည် ဖြစ်သည်။

((Powertrain ပိုင်း))

ယခုအချိန်အထိ shooting brake မော်ဒယ်၏ ဒီဇိုင်းကိုသာ စက်မှုနှင့် သတင်းအချက်အလက်ဝန်ကြီးဌာန (MIIT) ထံ တင်ပြထားသေးသည်။ တင်ပြထားသော မော်ဒယ်တွင် မော်တာ ၂ လုံး သုံးထားသည်။

► ရှေ့မော်တာ= 160 kW (215 hp)
► နောက်မော်တာ= 150 kW (201 hp)
► စုစုပေါင်းအထွက်အား= 310 kW (416 hp)

Ora 7 သည် တရုတ်အစိုးရက ထုတ်ပြန်ထားသော မော်တော်ယာဉ် အဝယ်ခွန် ကင်းလွတ်ခွင့်ရှိသော စွမ်းအင်သစ် မော်တော်ယာဉ်များစာရင်းတွင် ပါဝင်သည်။

ဘက်ထရီ ရွေးချယ်စရာ ၂ မျိုးလာရာ 58.3 kWh နှင့် 68.9 kWh တို့ဖြစ်ပြီး Svolt ထုတ် LFP ဘက်ထရီများ ဖြစ်သည်။

အားတစ်ကြိမ်သွင်းထားလျှင် မောင်းနိုင်မည့် range မှာ ၅၃၅ ကီလို၊ ၅၆၀ ကီလိုနှင့် ၆၃၀ ကီလိုဟု အစားစား ရှိသည်။

ယခင်မော်ဒယ် Ora Lightning Cat ကို ထိုင်းဈေးကွက်တွင် Ora 07 ဟူသော အမည်ဖြင့် မိတ်ဆက်ခဲ့ဖူးသည်ကို သတိချပ်ရန်လိုသည်။

သို့အတွက် ယခုမော်ဒယ်မှာ ထိုင်းဈေးကွက်တွင်ဖြန့်ခဲ့သောမော်ဒယ်၏ မျိုးဆက်သစ်ဟု ရှုမြင်နိုင်သည်။

(Ora 7 shooting brake မော်ဒယ်ကို တွေ့ရပုံ)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Great Wall Motors’ Ora 7 to launch in November with shooting brake and fastback body styles (carnewschina)

မူရင်းသတင်း — CarsDB