NP News

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

ပုလဲ (NP News) - နိုဝင်ဘာ ၁၂
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ နှင့် ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံ‌တော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့( နိုဝင်ဘာ ၁၂ရက်) ၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ်နှစ်နိုင်ငံအကြား အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများတိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးနှင့်ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News