ဒေါက်တာပြည့်ထူး(FDA)
လောကတွင် ကိစ္စရပ်တော်တော်များများသည် အလေ့အကျင့် (Habit)အဆင့်မှ အချိန်ကြာလာသော် ရိုးရာ (Tradition) အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာတတ်သည်မှာ သဘာဝဖြစ်သည်။
အမှားတချို့သည်လည်း ပြုလုပ်ဖန်များလာသောအခါ အမှန်အသွင် ဆောင်လာတတ်သည်။ ဥပမာအားဖြင့် မြွေကိုက်လျှင် ကြက်၏ ရင်ကိုခွဲပြီး ကိုက်ခံရသည့် အနာအားကပ်သော အကျင့်မှားများ ကို ရိုးရာအသွင် လုပ်ဆောင်နေကြရာ ထိုအမှားများကို ထောက်ပြကြရမည်ဖြစ်သည်။ ပြည်သူများ နေ့စဉ်သုံးစွဲနေကြသော ဆေးဝါးနယ်ပယ်တွင်လည်း ခေတ်အဆက်ဆက်မှားခဲ့သော အမှားတစ်ခုမှ အလေ့အထဖြစ်သွားသည့် အလွယ်ရ ကြောက်မက်ဖွယ်ရာ အန္တရာယ်တစ်ခုရှိသည်။ ယင်းမှာ စပ်ဆေးများပင် ဖြစ်သည်။
စပ်ဆေးဆိုသည်မှာ
စပ်ဆေးဆိုသည်မှာ ရောဂါ၏ လက္ခဏာများကို အမြန်သက်သာစေရန် ကြားဖူးနားဝရှိသည့် ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပေါင်းစပ်၍ဆေးရောင်းချသောဆိုင်များမှ သာမန် ဆေးရောင်းချသူများက ရောင်းချလျက်ရှိသော ဆေးများဖြစ်သည်။ အချို့ဆိုင်များတွင် ဆေးများကို ကြိုတင်စပ်ထားပြီး အသင့်ထုပ်ပိုးကာ ရောင်းချနေသည်ကို တွေ့ရသည်။ ရောဂါလက္ခဏာ သက်သာ စေရန် မလိုလားအပ်ဘဲ ဆေးများစွာ ပေါင်းစပ်ပေး ထားလေ့ရှိကြသည်။
ယင်းဆေးများတွင် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်ဆေးများ၊ ပဋိဇီဝဆေး များနှင့် အားဆေးများပါဝင်လေ့ရှိပြီး ဝေဒနာကို ချက်ချင်းယူပစ်သလို သက်သာစေသော်လည်း ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ကျန်းမာရေးဝန်ကြီးဌာန အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဈေးကွက်ထောက်လှမ်းရေးစစ်ဆေးမှု လေ့လာ တွေ့ရှိချက်များအရ သက်တမ်းလွန်ပျက်စီးဆေးဝါးများ၊ မှတ်ပုံတင်မထားသော ဆေးဝါးများ၊ ရောဂါ အတွက် သုံးစွဲရန်မသင့်သော ဆေးဝါးများ ပါဝင်နေသည်ကို တွေ့ရသည်။
စပ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ
စပ်ဆေးဟူသည် အကောင်သေးသော်လည်း အဆိပ်ပြင်းသည့် မြွေဆိုးတစ်ကောင်ကဲ့သို့ ဖြစ်ပါသည်။ ယင်းသုံးစွဲမှုမှတစ်ဆင့် အမှိုက်ကစ ပြာသာဒ် မီးလောင်ဆိုသလို ကျန်းမာရေးယန္တရားကိုပင် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်အထိ ထိခိုက်မှုကြီးမားနိုင်သည်။ ဥပမာအားဖြင့် စပ်ဆေးသုံးစွဲမှုကြောင့် အစာအိမ်သွေးကြောပေါက်ပါက လူနာအား အသက်အန္တရာယ်ရှိသည်အထိ ဆိုးကျိုးပေးနိုင်သကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုယန္တရားတွင်လည်း အရေးပေါ်သွေးသွင်းရခြင်း၊ ခွဲစိတ်ရခြင်း စသော ဝန်ထုပ်ဝန်ပိုးများ ဖြစ်နိုင်သည်။
စပ်ဆေးများကြောင့် ကျောက်ကပ်ပျက်စီးသည့် လူနာတစ်ဦးရှိပါက မိသားစုအတွင်း နာတာရှည် လူနာတစ်ဦးကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကဲ့သို့ လူမှုအသိုက်အဝန်းနှင့် ကျန်းမာရေးယန္တရားတွင်လည်း ၎င်းလူနာတစ်ဦးကြောင့် ဝန်ထုပ်ဝန်ပိုးများစွာ ဖြစ်ပွားနိုင်သည့်အတွက် လွန်စွာဘေးဖြစ်သည့် စပ်ဆေး၏အပြစ်များကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါ။
ဆရာဝန်များသည်ပင် လူနာအား သေချာစွာ မေးမြန်းကြည့်ရှုစမ်းသပ်စစ်ဆေးပြီးမှ ရောဂါ အမည်တပ်၍ ဆေးပေးကြသော်လည်း စပ်ဆေးရောင်းသော ဆေးဆိုင်များကမူ လူနာကိုယ်တိုင် လာရောက်ခြင်းမဟုတ်ပါဘဲ လမ်းကြုံမှာ၍ ဝယ်ယူသည်ကိုပင် ရောဂါလက္ခဏာကြားရုံမျှဖြင့် ဆေးများစပ်ပေးနေသည်မှာ များစွာအန္တရာယ်ကြီးလှသည်။ ယင်းတို့၏ ဆေးဆိုင်နာမည်ကြီးစေရန် တစ်ခွက်သောက်ရုံမျှနှင့် ပျောက်သည်ဟူသော သတင်းပြန့်စေရန် မလိုလားအပ်ဘဲ ဆေးများစွာ ပေါင်းစပ်ပေးကြလေ့ရှိသည်။ ထိုစပ်ဆေးများတွင် ပါဝင်သည့် ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးကြောင့် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပွားနိုင်သည်ကို စပ်ဆေးရောင်းချသည့် ဆိုင်ရှင်များကလည်း သတိချပ်သင့်သည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် လည်းကောင်း၊ ဆေးခန်း၊ ဆေးရုံ(OPD)၊ Health Care Center များသို့ သွားရောက်ကုသရန် အချိန်မရ၍ လည်းကောင်း၊ သွားရလာရမလွယ်ကူ၍လည်းကောင်း သွားရောက်နိုင်ခြင်းမရှိသည့်အတွက် ဆေးဆိုင်များမှ ရောင်းချသော တာဝန်ခံမှုမရှိသည့် စပ်ဆေးများအား လွယ်လင့်တကူ ဝယ်ယူသုံးစွဲနေကြသည်ကို ရင်မောဖွယ်တွေ့ရှိရသည်။
စပ်ဆေးများတွင် ပါဝင်သော စတီးရွိုက်ဆေးများကြောင့် သုံးစွဲသူများ၏ ခုခံအားစနစ်ကို ကျဆင်းစေကာ ရောဂါဇာစ်မြစ် အမြစ်မပြတ်ဘဲ ပိုမိုဆိုးရွားလာစေနိုင်ပါသည်။ ရေရှည်သုံးစွဲပါက အရိုးပွခြင်း၊ အစာအိမ်ထိခိုက်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့်အပြင် လေဖြတ်ခြင်း စသည့်အန္တရာယ်များသာမက အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့် စပ်ဆေးအား လုံးဝမသုံးစွဲသင့်ပါ။
စပ်ဆေးများ၏ အခြားအန္တရာယ်တစ်ရပ်မှာ ဆေးယဉ်ပါးမှုဖြစ်သည်။ စပ်ဆေးများတွင် ပဋိဇီဝ ဆေးများ ပါဝင်လေ့ရှိသောကြောင့် ထိုပဋိဇီဝဆေးများအား ယဉ်ပါးလာမှုသည် များစွာစိန်ခေါ်မှုများ သော ပြဿနာတစ်ခု ဖြစ်လာနိုင်သည်ကို တွေ့ရှိရသည်။ ပဋိဇီဝဆေးသုံးစွဲခြင်းသည် ဆေးယဉ်ပါးမှု ဖြစ်စေသည့် ရေရှည်ဆိုးကျိုးသာမက လတ်တလော၌ ဆေးဓာတ်မတည့်မှုကိုလည်း ဖြစ်ပေါ်စေနိုင် သည်။
မိမိနှင့် ဓာတ်မတည့်သည့် ပဋိဇီဝဆေးသုံးစွဲမိပါက အရေပြားပေါ်တွင် အင်ပျဉ်ကဲ့သို့သော အဖု အပိမ့်များထခြင်း၊ ယားယံခြင်း၊ အသက်ရှူရ ခက်ခဲခြင်းများ ဖြစ်ပေါ်စေနိုင်ပြီး ဆိုးရွားပါက အသက် အန္တရာယ်ရှိသည်အထိ ဖြစ်ပွားစေနိုင်ပါသည်။ သို့ဖြစ်၍ ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားချက် မရှိဘဲ စည်းကမ်းမဲ့အသုံးပြုခြင်းကြောင့် ဆေးဓာတ်မတည့်မှုနှင့် ဆေးယဉ်ပါး တီဘီရောဂါကဲ့သို့သော အလွန်ကြီးမားသည့် ပြည်သူ့ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် အမှိုက်ကစ ပြာသာဒ် မီးလောင်မှု မဖြစ်စေရေးအတွက် ပဋိဇီဝဆေးများအား ဆရာဝန်လက်မှတ်ပါမှသာ ရောင်းချခြင်း၊ သုံးစွဲခြင်းများ ပြုလုပ်သင့်သည်။
စပ်ဆေးများ၏ အခြားအန္တရာယ်များမှာ ယင်းတို့ထဲတွင် မှတ်ပုံမတင်ထားသော ဆေးများ၊ သက်တမ်းလွန်ဆေးများ ပါဝင်နိုင်သည့်အတွက် ထိုဆေးဝါးများ၏ အာနိသင်ပျက်ပြားနေမှုနှင့် ကင်ဆာရောဂါများ ဖြစ်ပွားနိုင်သည်အထိ ဆိုးကျိုးပေးနိုင်မှုများသည်လည်း သတိထားရမည့် ကျန်းမာ ရေးအန္တရာယ်များ ဖြစ်ပါသည်။
ခြုံငုံသုံးသပ်ရလျှင် စပ်ဆေးသောက်သုံးခြင်းသည် ရောဂါလက္ခဏာကို ယာယီသာ သက်သာစေနိုင်ပြီး ရောဂါအမြစ်ပြတ်စေရန် ကုသမှုခံယူခြင်း မဟုတ်သည့်အတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွား လာနိုင်သည့်အပြင် သုံးစွဲသူများအတွက် အသက်အန္တရာယ်ရှိခြင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော် အတွက် ဆေးယဉ်ပါးမှုကဲ့သို့သော စိန်ခေါ်မှုများ ရှိခြင်းတို့ကြောင့် အသံတိတ်လူသတ်သမားဟုပင် တင်စားရပေမည်ဖြစ်ပါသည်။ ထို့ကြောင့် စပ်ဆေးများသည် ဈေးနှုန်းချိုသာ၍ ဝယ်ယူရန် လွယ်ကူ သော်လည်း အလွန်အန္တရာယ်ရှိသည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် မျက်ခြည်မပြတ် ကြီးကြပ်ရန်လိုအပ်သလို ရောင်းချသူများအနေဖြင့်လည်း မိမိအကျိုးအမြတ်အတွက် အခြားသူများ တစ်ဖက်သောင်ထွန်း တစ်ဖက်ကမ်းပါးပြိုသလို ဆိုးကျိုးမဖြစ်စေရေး ရောင်းချခြင်း လုံးဝမပြုလုပ် သင့်ပါ။ သုံးစွဲသူများအနေဖြင့်လည်း ကျန်းမာရေး အသိရှိစွာဖြင့် လွန်စွာဘေးဖြစ် စပ်ဆေးအပြစ်များ ကို သတိချပ်ပြီး ဝယ်ယူသုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါသည်။
စပ်ဆေးပပျောက်ရေး ဆောင်ရွက်သင့်သည့်နည်းလမ်းများ
လွန်စွာဘေးဖြစ်၍ အပြစ်ကြီးမားသည့် စပ်ဆေးအား လူမှုပတ်ဝန်းကျင်မှ ပပျောက်သွားရန်မှာ လူပုဂ္ဂိုလ်တစ်ဦးတည်း၊ အဖွဲ့အစည်းတစ်ခုတည်း၊ အစိုးရဌာနတစ်ခုတည်းမှ အောင်မြင်စွာ ဆောင်ရွက် နိုင်မည်မဟုတ်ပါ။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကဲ့သို့သော ကြီးကြပ်ကွပ်ကဲရသည့် ဌာနဆိုင်ရာများ၊ ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များ၊ သုံးစွဲသူ ပြည်သူများ စသည့် ဖိုခုံလောက်သုံးခု တက်ညီလက်ညီ ပူးပေါင်းပါဝင်မှုကသာ စပ်ဆေးပပျောက်ရေး အနာဂတ်ဟင်းလျာကောင်းတစ်ခွက် ရရှိလာရေး ဖန်တီးနိုင်မည်မှာ အသေအချာပင် ဖြစ်ပါသည်။
လုပ်ပိုင်ခွင့်ရှိသော ဌာနများအနေဖြင့် တာဝန်အရ ဝတ်ကျေတမ်းကျေ ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ၊ အနာဂတ် ကျန်းမာရေးအမြင်တို့ဖြင့် ပြဋ္ဌာန်းထားပြီးသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြေညာချက်များ အသုံးပြု၍ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူခြင်းများ ပြုလုပ်လျက်ရှိသကဲ့သို့ တစ်ချိန်တည်းမှာပင် ဈေးရောင်းချသူများနှင့် ပြည်သူ များအား စပ်ဆေး၏အန္တရာယ်၊ လတ်တလောနှင့် ရေရှည်ဆိုးကျိုးများ၊ ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုများအား အသိပညာပေးခြင်း လုပ်ငန်းများ ပိုမိုအားထည့်ဆောင်ရွက်လျက် ရှိပါသည်။
ပုဂ္ဂလိကဆရာဝန်များအနေဖြင့်လည်း မိမိဆေးခန်းသို့ လာရောက်ပြသသော လူနာများအား စပ်ဆေးများ၏အန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများအကြောင်း အသိပညာပေးပြောကြားပြီး ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဆေးများသောက်သုံးရန် တိုက်တွန်းခြင်းအားဖြင့် ပညာပေးလုပ်ငန်း စဉ်တွင် တစ်တပ်တစ်အား ပါဝင်ကြစေရေး တိုက်တွန်းလိုပါသည်။ ဆရာဝန်ညွှန်ကြားချက် လိုအပ်သောဆေးဝါးများ (POM- Prescription Only Medicines)ကို ဆေးစာမပါဘဲ လွယ်လင့်တကူ ရောင်းချနေမှု ပပျောက်ရေးဆောင်ရွက်မှု၌ ဆရာဝန်များအနေဖြင့် ဆေးညွှန်းများကို တိကျစွာ ရေးသား ခြင်းအားဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်မည် ဖြစ်ပါသည်။
ဆေးဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ လတ်တလောအကျိုးအမြတ်ကိုသာ ဦးတည်သည့် Profit-oriented စနစ်များကို ရှောင်ကြဉ်ကာ ပြည်သူကိုရှေးရှုသည့် Public-oriented လုပ်ငန်းဖြစ်စေရေး ကြိုးပမ်းခြင်းဖြင့် ကျင့်ဝတ်စောင့်ထိန်းသော လုပ်ငန်းများအဖြစ် ရပ်တည်သင့်ပါသည်။ သုံးစွဲသူပြည်သူများအနေဖြင့်လည်း လတ်တလော ဈေးသက်သာခြင်း၊ ဝယ်ယူ ရ လွယ်ကူခြင်း၊ လတ်တလောရောဂါခံစားရမှု သက်သာခြင်းတို့ကိုသာကြည့်ပြီး လွန်စွာဘေး ဖြစ်သော စပ်ဆေးအပြစ်များနှင့် ရေရှည်ဆိုးကျိုးများကို သတိမမူမိသည့်သုံးစွဲသူများ မဖြစ်စေရေး၊ ကျန်းမာရေး ဗဟုသုတများ ပိုမိုလေ့လာဆည်းပူးသင့်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း ပြည်သူလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက် မှုများ ရရှိစေရန် နယ်လှည့်ဆေးကုသခြင်း၊ မြို့နယ်အဆင့်ဆေးရုံများနှင့် ပြင်ပလူနာဌာနများကို တိုးချဲ့ဖွင့်လှစ်ခြင်းကဲ့သို့သော လှုပ်ရှားမှုများ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
စပ်ဆေးအန္တရာယ်သည် မြန်မာနိုင်ငံတွင် လွန်စွာအရေးတကြီးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေးကို စိန်ခေါ်လျက်ရှိသော ပြဿနာတစ်ရပ် ဖြစ်ပါသည်။ ယင်းကို အစိုးရ၊ လုပ်ငန်းရှင်၊ ပြည်သူလူထု တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်မြင်စွာတွန်းလှန်နိုင်မည်ဖြစ်ပြီး စပ်ဆေးများ ရောင်းချသုံးစွဲမှု ပပျောက်မှသာ ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအား ကြီးမားစွာ စိန်ခေါ်နေသည့် အတားအဆီးကို ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။
လွန်စွာဘေးဖြစ် - စပ်ဆေးအပြစ်အား မှန်ကန်စွာ သိမြင်ကာ နိုင်ငံတော်အတွင်းရှိ ပြည်သူတစ်ဦး ချင်းစီက အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိဖြင့် ပူးပေါင်းဆောင်ရွက်ကြရင်း စပ်ဆေးကင်းစင် ပြီး အရည်အသွေးအာနိသင်ရှိ၍ ဘေးအန္တရာယ် ကင်းရှင်းသောဆေးဝါးများ သုံးစွဲနိုင်သည့် အနာဂတ် မျိုးဆက်တစ်ရပ်အား လက်ဆင့်ကမ်းဖော်ဆောင် သွားကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။ ။