မော်လမြိုင် နိုဝင်ဘာ ၁၂
မွန်ပြည်နယ်ရှိ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် ချောင်းဆုံမြို့နယ် ကွမ်လမိုင်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် (ပေ ၆၀ x ပေ ၃၀) RCC တစ်ထပ် ကျောင်းဆောင်သစ်ကို ဆောက်လုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သွားရောက်၍ ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒေသတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာအုပ်စုတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကမာမိုနယ်မြေ မီးသတ်စခန်း (၄၅ ပေ x ပေ ၅၀ x ၂၆ ပေ) နှစ်ထပ်ဆောင် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုပြီး အချိန်မီပြီးစီးရေး၊ ရေရှည်ခိုင်ခံ့မှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မှာကြားသည်။
ကြည့်ရှု
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ် မြို့ပြအင်္ဂါရပ်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာအုပ်စုရှိ ရွှေဟင်္သာဟိုတယ်နှင့် အဆင့်မြင့်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မွန်ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ရငွေလျာထားချက်များ ပြည့်မီစွာ ကောက်ခံရရှိရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဘဏ္ဍာရန်ပုံငွေ ရငွေလျာထားချက်များကို သတ်မှတ်ကာလအတွင်း ပြည့်မီစွာ ကောက်ခံရရှိရန် လွန်စွာအရေးကြီးကြောင်း၊ အခွန်အခများ နှင့်ပတ်သက်၍ ခေတ်ကာလနှင့် ဆီလျော်သော နှုန်းထားများဖြစ်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။
စည်သူ(ပြန်/ဆက်)