Xinhua Myanmar

မြန်မာနိုင်ငံတွင် ဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတို့က ကြီးမှူးကျင်းပသော ဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲတွင် လာရောက်လေ့လာသူတစ်ဦးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရာ တရုတ်သံရုံးနှင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတို့က ကြီးမှူးကျင်းပသော အဆိုပါ ဓာတ်ပုံပြပွဲက ဆွန်၏ တော်လှန်ရေးလုပ်ငန်းစဉ်နှင့် ပြည်ပရောက် တရုတ်လူမျိုး၊ တရုတ်နွယ်ဖွားများနှင့် လေးနက်သော ဆက်ဆံရေးကို ပြန်လည်ဖော်ညွှန်းထားခြင်းဖြစ်သည်။

၁၈၆၆ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဆွန်သည် လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော်က တရုတ်နိုင်ငံအား နှစ်ပေါင်းထောင်ချီ အုပ်စိုးခဲ့သည့် သက်ဦးဆံပိုင်ဘုရင်စနစ် ချုပ်ငြိမ်းစေရန် ၁၉၁၁ ခုနှစ် တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် (‌Myanmar Chinese Chamber of Commerce – MCCOC) အကြီးတန်း ဒုတိယဥက္ကဋ္ဌ Gao Jingchuan က အခြေခံအဆောက်အအုံ၊ ကွန်ရက်ချိတ်ဆက်မှုနှင့် ဘုံသာယာဝပြောရေးအတွက် ဆွန်၏ စီမံချက်များက ယခုအခါ တရုတ်-မြန်မာ စီးပွားရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဖလှယ်ရေးကို ထင်ဟပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတို့က ကြီးမှူးကျင်းပသော ဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲတွင် လာရောက်လေ့လာသူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………

(English Version)

Photo exhibition marking 160th birth anniversary of Sun Yat-sen held in Myanmar

YANGON, Nov. 12 (Xinhua) -- A photo exhibition marking the 160th birth anniversary of Sun Yat-sen was held in Myanmar.

Co-hosted by the Chinese Embassy in Myanmar and the China Cultural Center in Yangon, the exhibition retraces Sun's revolutionary career and his profound ties with overseas Chinese.

Born in 1866, Sun led the Revolution of 1911 more than a century ago to abolish the absolute monarchy that had ruled China for thousands of years.

Gao Jingchuan, executive vice president of the Myanmar Chinese Chamber of Commerce, said that Sun's blueprints for infrastructure, connectivity and shared prosperity are now mirrored in China-Myanmar economic and people-to-people exchanges.

မူရင်းသတင်း — Xinhua Myanmar