နိုဝင်ဘာ ၁၃
ဂျပန်နိုင်ငံ တိုကျိုမြို့အနီးရှိ ချီဘာစီရင်စု၌ ကူးစက်ပြန့်ပွားနိုင်စွမ်း မြင့်မားသော ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို အတည်ပြုခဲ့ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။
ယင်းဖြစ်ပွားမှုသည် ယခုရာသီအတွင်း ဒုတိယအကြိမ်ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု ဖြစ်သည်ဟု သိရသည်။
ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ မျိုးဗီဇစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ချီဘာစီရင်စု၊ အာဆာဟီမြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် ရောဂါဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါမွေးမြူရေးခြံတွင် ဥစားကြက် အကောင်ရေ ၄၀၀၀၀ ခန့် မွေးမြူထားကြောင်းဖော်ပြထားသည်။ ဒေသဆိုင်ရာစိုက်ပျိုးရေးအာဏာပိုင်များကလည်း ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီးနိုင်ရန်အတွက် ထိုကြက်မွေးမြူရေးခြံရှိ ကြက်များအားလုံးကို သုတ်သင်ရှင်းလင်း သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဂျပန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသည့် ရာသီသည် ပုံမှန်အားဖြင့် ဆောင်းဦးရာသီမှ စတင်ကာ နောက်နှစ် နွေဦးရာသီအထိ ဖြစ်သည်။
ယခုရာသီအတွင်း ပထမဆုံး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကိုလည်း ကျိုတိုစီရင်စု ကာမီအိုကာမြို့တွင် နိုဝင်ဘာ ၁၂ ရက်က အတည်ပြုခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို