
ဆစ်ဒနီ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဩစတြေးလျနိုင်ငံက ဦးဆောင်ပြုလုပ်ခဲ့သည့်လေ့လာသုံးသပ်ချက်တစ်ခုအရ ဆီးချိုသွေးချိုရောဂါရှိသူများသည် အဆိုပါရောဂါမရှိသူများနှင့်နှိုင်းယှဉ်ပါက အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေ ၅၃ ရာခိုင်နှုန်း ပိုမိုမြင့်မားနေကြောင်း သိရသည်။
ဩစတြေးလျနိုင်ငံရှိ Curtin တက္ကသိုလ်က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့်ကြေညာချက်တစ်ခုအရ သုတေသီများသည် လေ့လာမှုပေါင်း ၄၀ ခုကို စနစ်တကျ ပြန်လည်သုံးသပ်ခြင်းနှင့် မက်တာ-ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခဲ့ပြီးနောက် ဆီးချိုသွေးချိုရောဂါရှိသူ ၁,၀၀၀ ဦးအနက်ပျမ်းမျှ ၄.၇ ဦးခန့်သည် တစ်နှစ်တာကာလအတွင်း အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားလာနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
Curtin တက္ကသိုလ်၏လူဦးရေကျန်းမာရေးဌာနမှ သုတေသီအီမန်နျူရယ် အာဒေးဝူးယီက ယင်းလေ့လာသုံးသပ်ချက်သည် ဆီးချိုသွေးချိုရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါများအပေါ် အထူးအာရုံစိုက်လေ့လာခဲ့ခြင်းဖြစ်ပြီး ဆီးချိုသွေးချိုရောဂါရှိသူများအကြား ရောဂါဖြစ်ပွားနှုန်းနှင့် ရောဂါဖြစ်ပွားမှုအသစ်များ၏ နှိုင်းရအန္တရာယ်တို့ကို တွက်ချက်ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။
အယ်လ်ဇိုင်းမားရောဂါဆိုင်ရာ သုတေသနနှင့်ကုထုံးများဂျာနယ်တွင် ဖော်ပြထားသည့် အဆိုပါလေ့လာသုံးသပ်ချက်သည် ဆီးချိုသွေးချိုရောဂါရှိသူများတွင်တွေ့ရသည့် ရောဂါဝန်ထုပ်ဝန်ပိုးနှင့်ပတ်သက်၍ ပိုမိုရှင်းလင်းသောအမြင်ကိုပေးနိုင်ခဲ့သည်ဟု အာဒေးဝူးယီက ပြောကြားခဲ့သည်။ (Xinhua)
...........................
(English Version)
Type 2 diabetes linked to 53 pct higher Alzheimer's risk: study
SYDNEY, Nov. 13 (Xinhua)
People living with type 2 diabetes have a 53 percent higher adjusted relative risk of developing Alzheimer's disease than those without the condition, according to an Australian-led review.
Researchers conducted a systematic review and meta-analysis of 40 studies, finding that an estimated average of 4.7 out of every 1,000 people with type 2 diabetes would develop Alzheimer's disease over one year, according to a statement released Thursday by Australia's Curtin University.
The review focused specifically on type 2 diabetes and Alzheimer's disease, quantifying the relative risk and incidence of new cases among people living with type 2 diabetes, said study author Emmanuel Adewuyi from the Curtin School of Population Health.
The review, published in the journal Alzheimer's Research & Therapy, provides a clearer picture of the disease burden among people living with type 2 diabetes, Adewuyi said. ■
Photo caption: Nursing practitioner Zhang Zhiping (R) measures a patient's blood sugar level at the Workers' Hospital of Tengzhou, east China's Shandong Province, Nov. 17, 2022.(Photo by Song Haicun/Xinhua)