NP News

မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံ‌ရေးနှင့် နိုင်ငံတကာဆက်ဆံရေး

ရာဇမဟာ (NP News) - နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှတို့ဆုံစည်းရာ ပထဝီဝင် ဆိုင် ရာ အချက်အချာကျသောနေရာတွင်တည်ရှိပြီး အာရှတိုက်၏ အရေးအပါဆုံး ပထဝီဗျူဟာမြောက် လမ်း ဆုံလမ်းခွတစ်ခုဖြစ်သည်။ တောင်တန်းကြီးများနှင့် ကုန်းပြင်မြင့်များဝိုင်းရံထားသည့်သဘာဝမြေမျက်နှာ သွင်ပြင်ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းအင်အားကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့အကြား ပထဝီနိုင်ငံရေးဗဟိုချက်အဖြစ် လည်းကောင်း၊ မဟာဗျူဟာမြောက်ထွက်ပေါက်အ ဖြစ်လည်းကောင်းတည်ရှိနေသည်။ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးကို ပုံဖော်မောင်းနှင်နေသည့် ပြည်တွင်း နှင့်ပြည်ပဖြစ်ထွန်းမှုများသည် ၎င်း၏ မဟာဗျူ ဟာ မြောက်တည်နေရာ၊ ကြွယ်ဝသော သဘာဝသယံဇာတများနှင့် ရှုပ်ထွေးသောနယ်စပ်ဒေသများပေါ် တွင် အဓိကအခြေခံနေသည်။

၁။ အိမ်နီးချင်းအင်အားကြီးနှစ်နိုင်ငံအကြား ဟန်ချက်ညီအောင်ထိန်းညှိခြင်း
မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားသည် အိမ်နီးချင်းအင်အားကြီးနိုင်ငံများ၏ ဒေသတွင်းရည် မှန်းချက်များအတွက် မရှိမဖြစ်လိုအပ်သဖြင့် မြန်မာနိုင်ငံ၏ မည်သည့် ဗဟိုအာဏာပိုင်မဆို တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အမြဲတမ်း ဟန်ချက်ညီအောင် ထိန်းညှိမောင်းနှင်ရသည့်အနေအထားတွင် ရှိနေ သည်။
တရုတ်နိုင်ငံနှင့်ဆက်ဆံရေး၊ မလက္ကာရေလက်ကြား အကျပ်အတည်း
ပေကျင်းအတွက် မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာသို့ပေါက်ရောက်နိုင်မည့်အရေးပါသော ကုန်း တွင်းတံတားတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံသည် ရေကြောင်းပိတ်ဆို့မှုများကြုံတွေ့ရနိုင်သည့်ကန့်သတ် ချက်ရှိသော မလက္ကာရေလက်ကြား သင်္ဘောလမ်းကြောင်းကိုအလွန်အမင်းအမှီပြုနေရသည်။ ထို့ကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ယူနန်ပြည်နယ်သို့ တိုက်ရိုက်သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းများပါဝင်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မလက္ကာ ရေလက်ကြားကို အဝေးကွင်းပတ်စရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ကုန်းတွင်းစွမ်းအင် လမ်း ကြောင်းကို တရုတ်နိုင်ငံက ရယူနိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး၊ Act East မူဝါဒနှင့် နယ်စပ်လုံခြုံရေး
နယူးဒေလီအတွက် မြန်မာနိုင်ငံသည် အိန္ဒိယစီးပွားရေးကို အရှေ့တောင်အာရှနှင့်ချိတ်ဆက်ပေး မည့် “Act East” မူဝါဒအတွက် မရှိမဖြစ်လိုအပ်သော ကုန်းတွင်းတံတားဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ကုန်း ပိတ်နေသော မြောက်အရှေ့ဖျားဒေသများကို ပင်လယ်နှင့်ချိတ်ဆက်နိုင်ရန် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကဲ့သို့သော အဓိကစီမံကိန်းများကိုပုံဖော်ထားသည်။ ထို့ပြင် အိန္ဒိယသည် မြန်မာနှင့် (၁,၆၄၃)ကီလိုမီတာရှည်လျားပြီး ဝင်ထွက်သွားလာရလွယ်ကူသောနယ်စပ်မျဉ်းကို မျှဝေထား သည်။ မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများသည် အိန္ဒိယမြောက်အရှေ့ဖျားပြည်နယ်များ၏လုံခြုံရေး ကို တိုက်ရိုက်သက်ရောက်မှုရှိသဖြင့် ဤနယ်စပ်ဒေသတည်ငြိမ်ရေးသည် အိန္ဒိယအတွက် အလွန်အရေး ကြီးသော ဦးစားပေးကိစ္စဖြစ်သည်။

၂။ ပြည်တွင်း နယ်စပ်ဒေသများနှင့် သယံဇာတများ
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်သည် အလယ်ပိုင်းမြေပြန့်လွင်ပြင်ကို ပတ်ပတ်လည်တွင် ကုန်းမြင့်တောင်တန်းများကဝန်းရံထားသည့် ပုံစံရှိသည်။ သမိုင်းတစ်လျှောက်တွင် ဗဟိုအာဏာပိုင်များ သည် ဤခဲယဉ်းကြမ်းတမ်းသော နယ်စပ်ကုန်းမြင့်ဒေသများကို အကြွင်းမဲ့ထိန်းချုပ်နိုင်ရန် ရုန်းကန်ခဲ့ရ ပြီး၊ ၎င်းကပင် ထူးခြားသော ပထဝီနိုင်ငံရေး ပကတိအခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။
တိုင်းရင်းသားလူမျိုးစုကွဲပြားမှုနှင့် နယ်မြေ ခွဲဝေစိုးမိုးမှု
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာစကားအမျိုးမျိုး ရောယှက်နေသော နိုင်ငံ ဖြစ်သည်။ ကုန်းမြင့်နယ်စပ်ဒေသ အများစုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၏ အရေးသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ ရွှေ့ပြောင်းသွားလာမှုနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အ ပေါ် သက်ရောက်မှုရှိသည်။
သဘာဝသယံဇာတများ၏ စွမ်းပကား
နယ်စပ်ဒေသများသည် သစ်တော၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် နည်းပညာမြင့်လုပ်ငန်း များတွင် မရှိမဖြစ်လိုအပ်သော ရှားပါးမြေဒြပ်စင် (Rare Earth Minerals) များ အလွန်ကြွယ်ဝသော ဒေသများဖြစ်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်နည်းပညာနှင့် အစိမ်းရောင်စွမ်းအင်ထောက်ပံ့ရေး ကွင်းဆက်များအတွက် အရေးပါသော ဤတွင်းထွက် သတ္တုများကိုရယူနိုင်ခွင့်သည် အိမ်နီးချင်းနိုင်ငံများ အတွက် စီးပွားရေးအရ အဓိကစိတ်ဝင်စားစရာ တွန်းအားတစ်ခုအဖြစ်တည်ရှိနေသည်။
နယ်စပ်များ၏ တရားမဝင်ဝင်ထွက်နိုင်မှုနှင့် လုံခြုံရေးစိန်ခေါ်မှုများ သစ်တောထူထပ်ပြီး တောင် ထူထပ်သော မြေမျက်နှာသွင်ပြင်ကြောင့် နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာအကောင်အထည်ဖော်ရန် အ လွန်ခဲယဉ်းသည်။ ၎င်းကပင် နယ်စပ်ဖြတ်ကျော်ကွန်ရက်များ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နေ သည့် မှောင်ခိုစီးပွားရေးလုပ်ငန်းများကို ဖြစ်ထွန်းစေပြီး၊ ဒေသတွင်းလုံခြုံရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများအပေါ် ကြီးမားစွာသက်ရောက်နေသည်။

၃။ ရေကြောင်းမဟာဗျူဟာ - ဘင်္ဂလားပင်လယ်အော်
မြန်မာနိုင်ငံသည် ကုန်းတွင်းနယ်စပ်များအပြင် ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်တို့ တစ်လျှောက် ရှည်လျားသောကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည်။ အင်အားကြီးနိုင်ငံများသည် အင်ဒို-ပစိ ဖိတ်ဒေသ၏ ရေကြောင်းလုံခြုံရေးကို ပိုမိုအာရုံစိုက်လာကြသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း ချဉ်း ကပ်လမ်းများသည် အဓိက ကုန်သွယ်ရေကြောင်းလမ်းများပေါ်တွင်ရှိနေသည်။ ဤပင်လယ်ပြင် များရှိ ရေတပ်အခြေစိုက်စခန်းများ၊ ရေနက်ဆိပ်ကမ်းများနှင့် ကမ်းလွန်စွမ်းအင်ရှာဖွေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းက မြန်မာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းရှိ အင်အားကြီးနိုင်ငံများ၏ မဟာ ဗျူဟာမြောက်ပြိုင်ဆိုင်မှုဗဟိုချက်တွင် ဆက်လက်တည်ရှိနေစေသည်။

၄။ အာဆီယံနှင့်အနောက်နိုင်ငံများနှင့် ဆက်ဆံရေး
(၁၉၉၇)ခုနှစ်မှစတင်ကာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏အဖွဲ့ဝင်ဖြစ်လာခဲ့ သည့်မြန်မာနိုင်ငံသည် ဒေသတွင်း စည်းလုံးညီညွတ်မှုအတွက် အရေးပါသောအခန်းကဏ္ဍတွင်ရှိနေ သည်။ ခြုံငုံပြောရလျှင် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့မည့် ပထဝီနိုင်ငံရေးသည် မြေမျက်နှာသွင်ပြင် အနေအထားအရ သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကြီးမားသော စီးပွားရေးအင် အားကြီးနိုင်ငံများ နှင့် သမုဒ္ဒရာကြီးများအကြား လမ်းဆုံလမ်းခွတွင်တည်ရှိနေသောကြောင့် ပြည်တွင်း တည်ငြိမ်မှုနှင့် နိုင်ငံခြားရေးမူဝါဒဦးတည်ချက်များသည် မိမိနိုင်ငံနယ်နိမိတ် ထက်ကျော်လွန်၍ ဒေသ တွင်းတစ်ခုလုံးအပေါ် အမြဲတစေ ရိုက်ခတ်သက်ရောက်မှုရှိနေမည်ဖြစ်ပါသည်။
မြန်မာ့ပထဝီနိုင်ငံရေး၏ လက်ရှိအခြေအနေကိုဆန်းစစ်ရာတွင် သမိုင်းအစဉ်အဆက်ရှိခဲ့သော ပထဝီဝင်ပကတိတရားများနှင့် လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများ၊ ပြောင်းလဲနေသော ဒေသ တွင်း အခင်းအကျင်းများ မည်သို့ဆက်စပ်နေသည်ကို ကြည့်ရှုရန်လိုအပ်သည်။
လက်ရှိ မဟာဗျူဟာမြောက်အခြေအနေများအပေါ်အခြေခံထားသည့် situational analysis (ပကတိအခြေအနေကိုဆန်းစစ်လေ့လာခြင်းဖြစ်သည့် ဘက်စုံ (Strength, Opportunity, Wea­kness and Threats- SWOT) (အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့်စိန်ခေါ်မှု) ဆန်းစစ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
အားသာချက်များ - Strengths (ပြည်တွင်းနှင့်ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အရင်းအမြစ်များ)
ဤအချက်များသည် ပြောင်းလဲခြင်းမရှိဘဲ မြန်မာနိုင်ငံကို အားသာချက်ဖြစ်စေသည့် မွေးရာပါ ပထဝီဝင်အခြေခံအချက်များဖြစ်သည်။ အချက်အချာကျသောကုန်သွယ်ရေးပထဝီဝင်- မြန် မာနိုင်ငံသည် တရုတ်နိုင်ငံအနောက်ပိုင်း(ယူနန်)နှင့် အိန္ဒိယသမုဒ္ဒရာအကြား တိုက်ရိုက် ကုန်းတွင်းစင်္ကြံကို ပိုင်စိုးထား သည်။ ဤတည်နေရာကြောင့် ပေကျင်း၏ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု သယ်ယူပို့ဆောင်ရေးနှင့် စွမ်း အင်လမ်းကြောင်းခွဲဝေရေး မဟာဗျူဟာများအတွက် မြန်မာနိုင်ငံသည် အစားထိုး၍မရသောနေရာ ဖြစ် လာသည်။
ကြွယ်ဝပြီး အရေးပါသောသယံဇာတအခြေခံ- မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ သစ်တောနှင့်ကျောက် စိမ်းအမြောက်အမြားရှိသည့်အပြင် လက်ရှိကမ္ဘာ့စင် မြင့်ထက်တွင် ပိုမိုအရေးပါလာသည့် ရှားပါးမြေ ဒြပ် စင် (Heavy Rare Earth Elements) (ဥပမာ dysprosium ESihf terbium) များလည်း အလွန်ကြွယ်ဝ သည်။ ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စွမ်းအင်အကူးအပြောင်းနှင့် နည်းပညာမြင့် ကုန်ထုတ် လုပ်မှုများအတွက် မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။
ရှည်လျားသောရေကြောင်းမျက်နှာစာ - ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်တစ်လျှောက် ရှည် လျားသောကမ်းရိုးတန်းရှိခြင်းကြောင့် မလက္ကာရေလက်ကြား အရှေ့ဘက်အဝင်ဝနှင့်နီးကပ်နေသည့် မဟာဗျူဟာမြောက် ရေကြောင်းလမ်းကြောင်း Strategic Sea lines of communication (SLOCs) များ ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
လူဦးရေဆိုင်ရာအကျိုးအမြတ် လုပ်ကိုင်နိုင်စွမ်းရှိပြီး ကြံ့ကြံ့ခံနိုင်သော လူငယ်လုပ်သားထုအင် အားအများအပြားရှိနေခြင်းက ရေရှည်စီးပွားရေးအလားအလာကို ပေးစွမ်းနိုင်ပြီး၊ နောင်တစ်ချိန်တွင် ဒေ သတွင်းစီးပွားရေးပေါင်းစည်းမှုအတွက် ဆွဲဆောင်မှုရှိသော အခြေခံအဆောက်အအုံဆိုင်ရာ အရင်းအ မြစ်တစ်ခုဖြစ်စေသည်။

အားနည်းချက်များ - Weaknesses
ဤအချက်များသည် မြန်မာနိုင်ငံအနေဖြင့် စုစည်းညီညွတ်သော ပထဝီနိုင်ငံရေးအင်အားကိုဖော် ဆောင်ရာတွင် အဟန့်အတားဖြစ်စေသည့် ပြည်တွင်း ပွတ်တိုက်မှုများနှင့် အားနည်းချက်များဖြစ်သည်။
ပြည်တွင်းမတည်ငြိမ်မှုများ၊ ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် အမျိုးသားအ ဆင့်မူဝါဒတစ်ခုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ရောက်အောင် အကောင်အထည်ဖော်ရန် ကန့် သတ်ချက်ဖြစ်စေသည်။
နယ်စပ်ဒေသများ ဗဟိုမှကွာဝေးသွားနိုင်သည့်အန္တရာယ် (Balkanization) - နယ်စပ် ကုန်းမြင့်ဒေသများ သည် ဗဟိုမြို့တော်သို့ဦးတည်မည့်အစား အိမ်နီးချင်းနိုင်ငံများ (တရုတ်၊ ထိုင်း၊ အိန္ဒိယ) ဆီသို့ သီးခြား စီးပွားရေးနှင့် နိုင်ငံရေးအရဆွဲငင်မှုများရှိနေကြသည်။ ၎င်းက အချုပ်အခြာအာဏာ စုစည်းညီညွတ်မှုကို အားနည်းစေသည်။
စီးပွားရေးနှင့်ပြည်ပထွက်ခွာမှု-ရေရှည် တည်တံ့ဖွံ့ဖြိုးသည့် စီးပွားရေးနှင့် ပြည်ပထွက်ခွာမှုကို လည်း မပျက်မကွက်ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

အခွင့်အလမ်းများ - Opportunities
ဤအချက်များသည် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအဆင့်အတန်းကိုမြှင့်တင်ရန်အတွက်အသုံး ချနိုင်သည့် အနာဂတ်အလားအလာများ ဖြစ်သည်။
အင်အားကြီးနိုင်ငံများအကြား ဟန်ချက် ထိန်းကစားနိုင်ခြင်း စုစည်းညီညွတ်ပြီး ပါးနပ်သော နိုင်ငံ ခြားရေးမူဝါဒချဉ်းကပ်မှုမျိုးရှိမည်ဆိုပါက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန် အလှန် ဟန်ချက်ထိန်းစေပြီး၊ ဒေသတွင်းလွှမ်းမိုးမှုအတွက် ပြိုင်ဆိုင်နေကြသည့် ၎င်းအင်အားကြီး နှစ် နိုင်ငံထံမှ အခြေခံအဆောက်အအုံနှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ထုတ်ယူနိုင်မည်ဖြစ် သည်။ အရေးပါသော တွင်းထွက်သတ္တုထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်ခွင့်ရခြင်းအနောက် နိုင်ငံများ နှင့် အာရှဈေးကွက်များသည် နည်းပညာနှင့် အစိမ်းရောင် စွမ်းအင်အတွက် အနောက်အုပ်စု မဟုတ်သော အခြားသတ္တုထောက်ပံ့ရေးကွင်းဆက်များကို အပြင်းအထန်ရှာဖွေနေကြသဖြင့် မြန်မာနိုင်ငံ၏ ရှားပါး မြေဒြပ်စင်များသည် ကမ္ဘာကုန်သွယ်ရေးဆွေးနွေးပွဲများတွင် ကြီးမားသောညှိနှိုင်းနိုင်စွမ်း (Leverage) ကို ပေးစွမ်းနိုင်သည်။

အခြေခံအဆောက်အအုံမှတစ်ဆင့် ဒေသတွင်း ပြန်လည်ပူးပေါင်းနိုင်ခြင်း- တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (CMEC) နှင့် အိန္ဒိယ၏ ကုလားတန် ဘက်စုံသုံးစီမံကိန်းတို့ကို အပြည့်အဝ အကောင်အထည်ဖော် နိုင်ပါက မြန်မာနိုင်ငံသည် အရှေ့တောင် အာရှကုန်းတွင်းပိုင်း၏ အဓိကသယ်ယူပို့ဆောင်ရေး အချက်အ ချာဗဟိုချက်ဖြစ်လာပြီး ဖြတ်သန်းခခွန်ငွေ အမြောက်အမြား ရရှိနိုင်သည်။
အာဆီယံ၏ ဟန်ချက်ထိန်းဗိသုကာ- ပြင်ပအင်အား ကြီးနိုင်ငံများ ဒေသတွင်း၌လွှမ်းမိုးလာမည်ကို အာဆီယံကမလိုလားသောကြောင့် မြန်မာနိုင်ငံကို သံတမန် ရေးရာဘောင်အတွင်းသို့ ပြန်လည်ခေါ် ဆောင်ရန် လမ်းကြောင်းများကို အဖွဲ့ဝင်နိုင်ငံများက အမြဲတစေ ရှာဖွေနေမည်ဖြစ်ရာ၊ ၎င်းသည် နိုင်ငံ တကာတွင် လုံးဝအထီးကျန်မသွားစေရန် ဖွဲ့စည်းတည်ဆောက် ပုံဆိုင်ရာအကာအကွယ်တစ်ခု ဖြစ်စေ သည်။
စိန်ခေါ်မှုများနှင့်ခြိမ်းခြောက်မှုများ - Threats (ပြင်ပ အန္တရာယ်များနှင့် မတည်ငြိမ်မှုဖြစ်စေသောဖိအား များ)
ဤအချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ရေရှည်ထိခိုက်ပျက်စီးစေနိုင်သည့် ပြင်ပအကြောင်းရင်းများ သို့မဟုတ် ပိုမိုဆိုးရွားလာ သည့် ပြည်တွင်းအခြေအနေများဖြစ်သည်။
ကိုယ်စားလှယ်လွှဲစစ်ပွဲ ထောင်ချောက်(Proxy War)- ပြည်တွင်းအင်အားစုများက ပြင်ပထောက်ပံ့သူများ အပေါ် မှီခိုလာရသည်နှင့်အမျှ မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများအကြား ကိုယ်စားလှယ်လွှဲတိုက် ခိုက်ကြသည့် စစ်တလင်းဖြစ်လာနိုင်သောအန္တရာယ် အမြဲရှိနေသည်။
အချုပ်အခြာအာဏာလွတ်လပ်ခွင့်အပေါ် ထိပါးလာခြင်း- အနောက်နိုင်ငံများနှင့် ဘဏ္ဍာရေး၊ စစ်ရေးနှင့် သံတမန်ရေးရာအရ အဆက်အသွယ်ပြတ်တောက်မှု ပိုမိုနက်ရှိုင်းလာခြင်းသည် ပေကျင်းအပေါ် တစ်ဖက် သတ် အလွန်အမင်းမှီခိုရသည့်အခြေအနေမျိုးဖြစ်ပေါ်စေနိုင်ပြီး၊ မြန်မာနိုင်ငံ၏ ကိုယ်ပိုင်နိုင်ငံခြားရေးမူ ဝါဒ လွတ်လပ်စွာဆောင်ရွက်နိုင်စွမ်းကို လျော့ကျစေနိုင်သည်။

နယ်စပ်ဖြတ်ကျော် လုံခြုံရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ- လူကုန်ကူးမှု၊ ဆိုက်ဘာငွေလိမ်လည် မှုကွန်ရက်များနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုကဲ့သို့သော နယ်စပ်ဖြတ်ကျော်ပြဿနာများ အရှိန်အဟုန် ဖြင့်တိုးပွားလာခြင်းသည် အိမ်နီးချင်းနိုင်ငံများကိုခြိမ်းခြောက်လျက်ရှိရာ၊ ထိုင်း၊ တရုတ် သို့မဟုတ် အိန္ဒိယ နိုင်ငံတို့ဘက်မှ နယ်စပ်ဒေသအချို့တွင် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် နယ်စပ်များကို ပြင်းထန်စွာ ပိတ်ဆို့ခြင်းများ ပြုလုပ်လာနိုင်သည့်အန္တရာယ်ရှိသည်။
နိုင်ငံတကာ ဥပဒေနှင့်ဘဏ္ဍာရေးအရ အထီးကျန်ဖြစ် ရခြင်း- နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့် ရေး အဖွဲ့ (FATF) ၏ နာမည်ပျက်စာရင်းတွင် ဆက်လက် ထည့်သွင်းခံရခြင်းနှင့် အနောက်နိုင်ငံများ၏ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများသည် ပုံမှန်နိုင်ငံတကာ ဘဏ်လုပ်ငန်း၊ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေး အကူအညီ များရရှိရေးတို့အတွက် ရေရှည်အတားအဆီးဖြစ်နေစေသည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံ ရေရှည် တည်တံ့ခိုင်မြဲစေရန်၊ စီးပွားရေးခေတ်မီလာစေရန်နှင့် နိုင်ငံရေးတည်ငြိမ်မှုရရှိရန်အတွက် နယ်စပ်ဒေသများ သည် ရိုးရိုးပုံမှန်အစွန်အဖျားနယ်မြေများမျှသာ မဟုတ်ဘဲ နိုင်ငံ၏အရေးအပါဆုံး မဟာဗျူဟာမြောက် အဖိုးတန်အရင်းအမြစ်များဖြစ်ကြပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့နှင့်ထိစပ်နေသော နယ်စပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ လုံခြုံရေးမြှင့်တင်ခြင်းနှင့် ထိရောက်စွာ စီမံခန့်ခွဲခြင်းတို့သည် မြန်မာနိုင်ငံ ဘက်စုံတိုး တက်ကောင်းမွန်လာရေးအတွက် အသက်တမျှ အရေးကြီးလှပါသည်။ မြန်မာနိုင်ငံသည် ဗဟိုမှ အပြင် ဘက်သို့ တိုးတက်အောင် လုပ်၍မရပါ၊ နယ်စပ်ဒေသများမှတစ်ဆင့် ဗဟိုအထိ အတွင်းဘက်သို့ တိုးတက် အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ သို့ပါ၍ မိမိ၏နယ်စပ်ဒေသများကို အစိတ်စိတ်အမြွှာမြွှာဖြစ်ပြီး ထိခိုက်လွယ်သော ကြားခံဇုန်များအဖြစ်မှ လုံခြုံစိတ်ချရပြီး ဥပဒေနှင့်ညီညွတ်သော စီးပွားရေးထွက် ပေါက်များအဖြစ်သို့ ပြောင်းလဲခြင်းသည် မြန်မာ့စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ထူထောင်ရန်အတွက် အရေးအကြီးဆုံးသောခြေလှမ်းဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ နယ် စပ်ဒေသများ တည်ငြိမ်ဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင် ရွက်နိုင်ခြင်းဖြင့် မဝေးတော့သည့်အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ အင်အားတောင့်တင်းသော နိုင်ငံတော်သစ်ကြီးဆီသို့ လျှောက်လှမ်းနိုင်တော့မည်ဖြစ်ပါကြောင်း နိုင်ငံတော်အကျိုးကိုရှေးရှုလျက် ပြုစုရေးသားလိုက်ရပါသည်။

မူရင်းသတင်း — NP News