
ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ၂၀၂၆ ခုနှစ် တရုတ်-အမေရိကန် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် အမေရိကန်နိုင်ငံ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာ ၁၃ ရက်တွင် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် တရုတ်-အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးဖလှယ်မှုများကို စဉ်ဆက်မပြတ်ပြုလုပ်ခြင်းမှတစ်ဆင့် အတူတကွကြိုးပမ်းရမည့် ရည်မှန်းချက်များကို အတည်ပြုရမည် ဖြစ်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကို ချဲ့ထွင်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်ဆက်ဆံရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးကို ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော အယူအဆကို လက်ကိုင်ထားပြီး သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့၏ “လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အခြေခံသည့် အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် သဘောတူညီချက်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်သင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံဘက်မှ ကိုယ်စားလှယ်များကလည်း လူမှုယဉ်ကျေးမှု ဖလှယ်ခြင်း အထူးသဖြင့် လူငယ်နှင့် ကျောင်းသားကဏ္ဍ ကူးလူးဆက်ဆံခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရာတွင် အကျိုးဖြစ်ထွန်းစေကြောင်း၊ မိမိတို့အနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော “ငါးနှစ်တာအတွင်း လူငယ် တစ်သိန်း တရုတ်နိုင်ငံသို့ လာရောက်လေ့လာဖလှယ်ခြင်း” အဆိုပြုချက်ကို ကျေးဇူးတင်ရှိကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်စွာ တိုးတက်ရေးကို မြှင့်တင်ရာတွင် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
王毅会见2026中美政党对话美方代表
新华社北京11月13日电(记者董雪)中共中央政治局委员、中央外办主任王毅13日在京会见出席2026中美政党对话的美方代表。
王毅表示,中美两个大国应当通过不间断对话交流,明确共同努力的目标,扩大互利合作的领域,夯实双边关系的基础并致力于维护世界和平稳定。双方应秉持相互尊重、和平共处、合作共赢理念,将习近平主席与特朗普总统关于构建“基于尊重、公平、对等的中美建设性战略稳定关系”的共识落到实处。
美方代表表示,人文交流、特别是青年和学生交往有利于增进两国人民的友谊与互信。我们感谢习近平主席提出的“5年10万”倡议,愿为推动美中关系健康稳定发展作出努力。(完)
图说:11月13日,中共中央政治局委员、中央外办主任王毅在北京会见出席2026中美政党对话的美方代表。 新华社记者 田宇 摄