
ဂျေရုဆလင် နိုဝင်ဘာ ၁၃
ဂါဇာကမ်းမြောင်ဒေသသို့ ရွက်ဖျင်တဲ ၉၁၀၀၀ ကျော်နှင့် ဆောင်းရာသီအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသော ကုန်တင်ကား ၈၂၀၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း အစ္စရေး တပ်မတော်က ထုတ်ပြန်သည်။
ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရေးအစီအစဉ်အရ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပြီး မိလ္လာရေဆိုး စုပ်ထုတ်ရေးနှင့် ရေပေးဝေရေးကွန်ရက်များ ပြုပြင်မွမ်းမံရေး အပါအဝင် ရေနှင့်သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်နေသည့်အပြင် မိလ္လာရေဆိုးစုပ်ထုတ်သည့် ယာဉ် ၁၂ စီး ဝင်ရောက်နိုင်ရေးကိုလည်း ခွင့်ပြုထားကြောင်း သိရသည်။
ဆေးဘက်ဆိုင်ရာကဏ္ဍတွင်လည်း ကာကွယ်ဆေး ၇၅၀၀ နှင့် ရွေ့လျားဆေးကုသရေးဆေးခန်းသုံးခု ဝင်ရောက်နိုင်ရေး ခွင့်ပြုထားသည့်အပြင် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဆေးရုံများအတွက် လောင်စာဆီများလည်း ဝင်ရောက် ခွင့်ပြုထားကြောင်း အစ္စရေးတပ်မတော်က ဆက်လက်ထုတ်ပြန်သည်။
ဆင်ဟွာ