
တိုကျို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဂျပန်အစိုးရသည် လာမည့် ငါးနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ရန် စီစဉ်နေပြီး ယခုနှစ်ကုန်တွင် “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” ကို ပြင်ဆင်ရေးဆွဲသည့်အခါ ၂၀၂၇ ခုနှစ် မှ ၂၀၃၁ ခုနှစ် ဘဏ္ဍာနှစ်အထိ ကာကွယ်ရေးအသုံးစရိတ် စုစုပေါင်းကို ဂျပန်ယန်း ၆၀ ထရီလီယံ (တရုတ်ယွမ် ၂.၅ ထရီလီယံခန့်) အထိ တိုးမြှင့်ရန် စဉ်းစားလျက်ရှိကြောင်း ဂျပန်နိုင်ငံ Kyodo News ၏ နိုဝင်ဘာ ၁၃ ရက် ဖော်ပြချက်အရ သိရသည်။
သတင်းဖော်ပြချက်အရ လာမည့် ငါးနှစ်တာ ကာကွယ်ရေးအသုံးစရိတ် ဘတ်ဂျက်တွင် အဓိကအားဖြင့် မောင်းသူမဲ့ စက်ပစ္စည်းများ အများအပြား ဝယ်ယူခြင်းနှင့် ခဲယမ်းများနှင့် ဒုံးကျည်များ ထောက်ပံ့ရေး အာမခံချက် စသည်တို့ ပါဝင်သည်။
ဂျပန်အစိုးရသည် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် လက်ရှိ “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” ကို အတည်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ်အထိ ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် စုစုပေါင်းကို ယန်း ၄၃ ထရီလီယံခန့် (တရုတ်ယွမ် ၁.၈ ထရီလီယံခန့်) အထိ တိုးမြှင့်ရန် အဆိုပြုခဲ့သည်။ လက်ရှိ ဆာနာအဲ တာကာအိချိ အစိုးရသည် ယခုနှစ်အတွင်း “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ စောင်” ကို စောစီးစွာ ပြင်ဆင်ရေးဆွဲရန် စီစဉ်ထားသည်။
ဂျပန်နိုင်ငံ ကာကွယ်ရေးဘတ်ဂျက်သည် နှစ်ပေါင်းများစွာ ဆက်တိုက် စံချိန်သစ်တင်လာခဲ့သဖြင့် ဂျပန်နိုင်ငံ နယ်ပယ်လောကအသီးသီးမှ စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ယခုနှစ်တွင် ဂျပန် ပြည်သူများသည် လူထုစုဝေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ကာ ဂျပန်အစိုးရ၏ စစ်ရေး ချဲ့ထွင်မှု၊ လက်နက်ပြင်ဆင်မှု လုပ်ဆောင်ချက်များကို ကန့်ကွက်ခဲ့ကြပြီး ကာကွယ်ရေးအသုံးစရိတ် ဆက်တိုက် တိုးမြှင့်ခြင်းကြောင့် ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုကျရောက်ခြင်းကို ဆန့်ကျင်ခဲ့ကြသည်။ ဂျပန် တိုကျို ရှင်ဘွန်း သတင်းစာ၏ဖော်ပြချက်တွင် ဂျပန်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်ကို ဆက်လက် ချဲ့ထွင်ခြင်းသည် ပြည်သူ့စားဝတ်နေရေးနှင့်ဆက်စပ်သော ဘတ်ဂျက်များကို လျော့နည်းစေမည် ဖြစ်သည်ဟု ထောက်ပြထားသည်။ (Xinhua)
................................
(Chinese Version)
日本政府拟将未来五年防卫费总额提高至60万亿日元
新华社东京11月13日电(记者陈泽安 梁晨)据日本共同社13日报道,日本政府拟在未来五年大幅增加防卫费,考虑在今年底修订“安保三文件”时将2027至2031财年防卫费总额提高至60万亿日元(约合2.5万亿元人民币)。
报道称,未来五年的防卫费预算主要内容包括大量采购无人装备,以及确保弹药和导弹供应等。
日本政府2022年底通过现行“安保三文件”,提出在2023至2027财年将日本防卫费总额增至约43万亿日元(约合1.8万亿元人民币)。当前的高市早苗政府计划于今年内提前修订“安保三文件”。
日本防卫预算多年来连续创下新高,引发日本各界担忧。今年,日本民众多次举行集会,抗议日本政府的扩军备武动向,反对不断提高防卫费及由此加重民众负担。日本《东京新闻》报道指出,日本不断扩充防卫费,将挤压民生相关预算。(完)
图说:4月19日,人们在位于日本东京的国会议事堂周围参加抗议活动,呼吁守护和平宪法。新华社记者 贾浩成 摄