
မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒီမိုကရေစီတော်လှန်ရေး၏ ရှေ့ဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဆွန်ယက်ဆင် နှစ် ၁၆၀ ပြည့်မွေးနေ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်ရှိ တရုတ်နွယ်ဖွားအသိုင်းအဝိုင်းက မဲလ်ဘုန်းမြို့၌ မကြာသေးမီက ကျင်းပခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တရုတ်ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများနှင့် ဒေသတွင်း တရုတ်နွယ်ဖွားအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ အပါအဝင် လူဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။
မဲလ်ဘုန်းမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် Fang Xinwen က ဆွန်ယက်ဆင်၏ သမိုင်းဝင် အကျိုးပြုဆောင်ရွက်ချက်များကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး တရုတ်အသိုင်းအဝိုင်းအနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း ဆက်ဆံရေးများ ပိုမိုခိုင်မာစေကာ တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးထောက်ခံပြီး တရုတ်နှင့် ဩစတြေးလျနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ခြင်းဖြင့် ဆွန်၏ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းသယ်ဆောင်သွားကြရန် တိုက်တွန်းခဲ့သည်။
ဆွန်၏ တော်လှန်ရေးလှုပ်ရှားမှုကာလအတွင်း ဩစတြေးလျနိုင်ငံရှိ တရုတ်နွယ်ဖွားအသိုင်းအဝိုင်းက ၎င်းအား တက်ကြွစွာ ပံ့ပိုးကူညီခဲ့ကြောင်း Melbourne Chinese Masonic Society ဥက္ကဋ္ဌ Teresa Chung က ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ဩစတြေးလျ-တရုတ် ချစ်ကြည်ရေးအသင်း၏ ဗစ်တိုးရီးယားပြည်နယ်ဆိုင်ရာ ဥက္ကဋ္ဌ Lev Lafayette က ဆွန်သည် ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ဒေသမှ လေးစားကြည်ညိုမှုကို ခံရသူဖြစ်ပြီး ၎င်းသည် စည်းလုံးညီညွတ်မှုအတွက် အချက်အချာတစ်ခု ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်အခမ်းအနား တက်ရောက်လာသူများက ဆွန်ယက်ဆင်၏ ကြေးရုပ်တုရှေ့တွင် ပန်းများဖြင့် ဂါရဝပြုခဲ့ကြပြီး ၎င်းနှင့် ပြည်ပရောက် တရုတ်လူမျိုးများအကြား ဆက်နွှယ်မှုများကို ဖော်ပြထားသည့် ဓာတ်ပုံပြပွဲကိုလည်း လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………
(English version)
Chinese community in Australia's Victoria marks Sun Yat-sen's 160th birth anniversary
MELBOURNE, Nov. 13 (Xinhua) -- Members of the Chinese community in Australia's state of Victoria gathered in Melbourne recently to commemorate the 160th anniversary of the birth of Sun Yat-sen, a pioneer of China's democratic revolution.
The event brought together nearly 100 people, including Chinese consular officials and local Chinese community representatives.
Chinese Consul-General in Melbourne Fang Xinwen paid tribute to Sun's historic contributions, encouraging the Chinese community to carry forward Sun's legacy by strengthening community ties, supporting China's reunification and development, and promoting friendship between China and Australia.
The Chinese community in Australia actively supported Sun during his revolutionary campaign, said Teresa Chung, president of the Melbourne Chinese Masonic Society, who also called for China's reunification.
Lev Lafayette, president of the Victorian branch of the Australia-China Friendship Society, said Sun is revered on both sides of the Taiwan Strait and that this could provide a point of unity.
Participants laid flowers in front of a bronze statue of Sun and visited a photographic exhibition on his ties with overseas Chinese. ■
Photo caption : This photo taken on Oct. 11, 2023 shows a street scene in Melbourne's Chinatown, Australia. (Photo by Chu Chen/Xinhua)