Xinhua Myanmar

တရုတ်ငါးဖမ်းသင်္ဘောက ပါပူအာ နယူးဂီနီ နိုင်ငံသား ၃ ဦးအား အောင်မြင်စွာ ကယ်တင်ကူညီခဲ့

မာရှယ်ကျွန်းစု Majuro ဆိပ်ကမ်းတွင် ကယ်တင်ခံရသည့် ပါပူအာ နယူးဂီနီ နိုင်ငံသားများက စစ်ဆေးမှုခံယူရန် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ သွားရောက်နေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Hua Nan Yu 702/Handout via Xinhua)

မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ငါးလုပ်ငန်းကုမ္ပဏီတစ်ခု၏ ငါးဖမ်းသင်္ဘောသည် နိုဝင်ဘာ ၁၀ ရက်တွင် မာရှယ်ကျွန်းစုအနီး၌ နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက်၌ အန္တရာယ်ကြုံတွေ့နေသည့် ပါပူအာ နယူးဂီနီ နိုင်ငံသား ၃ ဦးအား အောင်မြင်စွာ ကယ်တင်ကူညီခဲ့ကြောင်း ပါပူအာ နယူးဂီနီနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုဝင်ဘာ ၁၃ ရက်တွင် ဆင်ဟွာသတင်းဌာနအား ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် “Hua Nan Yu 702” သင်္ဘောသည် မာရှယ်ကျွန်းစုအနီး နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက်၌ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မျောနေသည့်အသေးစားစက်တပ်ရေယာဉ်တစ်စင်းကို တွေ့ရှိခဲ့ပြီး ရေယာဉ်ပေါ်ပါ လူ ၃ ဦးက အန္တရာယ်ကြုံတွေ့နေသဖြင့် ကယ်ဆယ်ပေးရန် အကူအညီ တောင်းခံခဲ့ကြောင်း၊ “Hua Nan Yu 702” သင်္ဘောသည် ချက်ချင်း ဖွဲ့စည်းစီစဉ်၍ အစွမ်းကုန် ကယ်ဆယ်ခဲ့ရာ အဆိုပါလူ ၃ ဦးကို သင်္ဘောပေါ်သို့ အောင်မြင်စွာ ကယ်တင်ခဲ့ပြီး ၎င်းတို့အတွက် သောက်သုံးရေ၊ ပူပူနွေးနွေး အစားအစာနှင့် အခြေခံစောင့်ရှောက်မှုများ ပံ့ပိုးပေးခဲ့ကြောင်း သံရုံးက မိတ်ဆက်ပြောကြားခဲ့သည်။

မေးမြန်းမှုအရ ၎င်းတို့ ၃ ဦးသည် ပါပူအာ နယူးဂီနီနိုင်ငံ နယူးအိုင်ယာလန်ပြည်နယ် Namatanai မြို့မှဖြစ်ကြောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် ၎င်းတို့မောင်းနှင်လာသော ရေယာဉ်သည် မောင်းနှင်အား ပြတ်တောက်သွားပြီးနောက် ပင်လယ်ပြင်ပေါ်တွင် တောက်လျှောက် မျောပါနေခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ ရက်တွင် “Hua Nan Yu 702” သင်္ဘောသည် မာရှယ်ကျွန်းစု Majuro ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ကယ်တင်ခဲ့သူ ၃ ဦးနှင့် ၎င်းတို့၏ ရေယာဉ်ငယ်အား ကမ်းပေါ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ မာရှယ်ကျွန်းစု ငါးလုပ်ငန်းဦးစီးဌာန၏ သက်သေထူမှုဖြင့် တရုတ်ဘက်က ကယ်တင်ခံရသည့် ပါပူအာ နယူးဂီနီ နိုင်ငံသား ၃ ဦးကို ပါပူအာ နယူးဂီနီ အစိုးရအရာရှိထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အစိုးရအရာရှိများက တရုတ်ဘက်ပုဂ္ဂိုလ်များ အထူးသဖြင့် “Hua Nan Yu 702” သင်္ဘောပါ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

မာရှယ်ကျွန်းစုအနီး နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက်တွင် “Hua Nan Yu 702” သင်္ဘောက အန္တရာယ်ကြုံတွေ့သော ပါပူအာ နယူးဂီနီနိုင်ငံသား ၃ ဦးအတွက် သောက်သုံးရေနှင့် ပူပူနွေးနွေး အစားအစာများ ပံ့ပိုးပေးထားသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Hua Nan Yu 702/Handout via Xinhua)

---------------------

(Chinese Version)

中国渔船成功救助3名遇险巴新公民

新华社墨尔本11月13日电(记者徐海静 熊文苑)莫尔兹比港消息:中国驻巴布亚新几内亚大使馆13日向新华社表示,一家中国渔业公司的渔船10日在马绍尔群岛附近公海海域成功救助3名遇险的巴新公民。  

使馆介绍说,10日13时,“华南渔702”轮在马绍尔群岛附近公海作业期间发现一艘漂流的小型机动艇,艇上3人遇险呼救。“华南渔702”轮当即组织全力施救,成功将3人接救上船,并为他们提供饮用水、热食及基础看护。  

经了解,3人均来自巴新新爱尔兰省纳马塔奈。10月29日他们驾驶的小艇失去动力后一直在海上漂流。  

11月12日,“华南渔702”轮靠泊马绍尔群岛马朱罗港,按程序将3名被救人员及其小艇送岸。在马绍尔群岛渔业局官员见证下,中方人员将被救巴新公民移交给巴新政府官员,后者对中方人员特别是“华南渔702”轮全体船员表示感谢。(完)

图说1:11月12日,在马绍尔群岛马朱罗港,获救巴新公民乘救护车前往医院检查(手机照片)。新华社发(“华南渔702”轮供图)

图说2:11月10日,在马绍尔群岛附近公海海域,“华南渔702”轮为3名遇险巴新公民提供饮用水和热食(手机照片)。新华社发(“华南渔702”轮供图)

မူရင်းသတင်း — Xinhua Myanmar