❏ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ဘားဆိုင်များ ပြည့်နေသည့်အပေါ် ဒေသခံများ ဝေဖန်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ဘားဆိုင်များဖြင့် ပြည့်နှက်နေပြီး ဝင်လမ်းထွက်လမ်း ပိတ်သည်အထိ ဆောက်လုပ်ထားသည့် ဘားဆိုင်များကြောင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများအကြား ဝေဖန်မှုများ ရှိနေသည်ဟု သိရသည်။
❏ တောင်ကြီး ကံသာရပ်ကွက်တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေ
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး ဒေသခံများ အခက်အခဲဖြစ်ပေါ်နေရသည်ဟု သိရသည်။
❏ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုများကို ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ သည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။