အဘူဒါဘီ နိုဝင်ဘာ ၁၈
အဘူဒါဘီအမျိုးသားရေနံကုမ္ပဏီ (ADNOC) ၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုက နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းစဉ် ၎င်းတို့၏သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရသဖြင့် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးပျောက်ဆုံးနေကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ပြောသည်။
ယင်းသင်္ဘောမှ အခြားသင်္ဘောအမှုထမ်းအားလုံးကို ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ လိုအပ်သောဆေးဝါးကုသမှုများ ခံယူလျက်ရှိကြောင်း ADNOC ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ