NP News

မြောက်ကိုရီးယားက ယူရေနီယမ်သန့်စင်ရေးစက်ရုံကို တိုးချဲ့နေတယ်လို့ (IAEA)ပြော

Pika (NP News)- နိုဝင်ဘာ ၁၉

မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ယောင်ဗျွန်နျူကလီးယားစခန်းမှာရှိတဲ့ မူလယူရေနီယမ်သန့်စင်ရေးစက်ရုံကို တိုးချဲ့တည်ဆောက်ထားတယ်လို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာဖဲလ်ဂရော့စီကပြောကြားခဲ့ပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားက လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ရှိတဲ့ပစ္စည်းထုတ်လုပ်မှုတွေကို တိုးမြှင့်နေတယ်လို့လည်း ရာဖဲလ်ဂရော့စီက ပြောကြားခဲ့ပါတယ်။

(၂၀၀၉)ခုနှစ်မှာ မြောက်ကိုရီးယားက နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ရဲ့ စစ်ဆေးရေးအရာရှိတွေကို နှင်ထုတ်လိုက်ပြီးနောက်ပိုင်းတည်းက (IAEA)က မြောက်ကိုရီးယားနိုင်ငံတွင်းမှာ ဝင်ရောက်စစ်ဆေးခွင့်တွေမရှိခဲ့တော့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ (IAEA)က ဂြိုလ်တုပုံရိပ်တွေကိုသာ အသုံးပြုပြီး မြောက်ကိုရီးယားရဲ့ နိုင်ငံတွင်းအခြေအနေတွေကို လေ့လာစောင့်ကြည့်လျက်ရှိတာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားစမ်းသပ်မှုတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး နျူကလီးယားလက်နက်ရဲ့ အဓိကအစိတ်အပိုင်းကို တည်ဆောက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းနှစ်မျိုးဖြစ်တဲ့ သန့်စင်ထားတဲ့ယူရေနီယမ်နဲ့ ပလူတိုနီယမ်တို့ကို ဆက်လက်ထုတ်လုပ်နေပုံပေါ်ပါတယ်။

ရာဖဲလ်ဂရော့စီက”မြောက်ကိုရီးယားက (၂၀၂၆)ခုနှစ် စက်တင်ဘာလလယ်ပိုင်းကနေစတင်ပြီး ယောင်ဗျွန်မှာရှိတဲ့ မူလယူရေနီယမ်သန့်စင်ရေးစက်ရုံမှာ တိုးချဲ့တည်ဆောက်မှုတွေလုပ်ဆောင်ခဲ့ပြီး အောက်တိုဘာလနှောင်းပိုင်းမှာတော့ တိုးချဲ့မှုအပိုင်းတည်ဆောက်မှုတွေ ပြီးစီးသွားခဲ့ပြီပဲဖြစ်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ရာဖဲလ်ဂရော့စီက ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့သိရပါတယ်။

zawgyi version

ေျမာက္ကိုရီးယားက ယူေရနီယမ္သန႔္စင္ေရးစက္႐ုံကို တိုးခ်ဲ႕ေနတယ္လို႔ (IAEA)ေျပာ

Pika (NP News)- ႏိုဝင္ဘာ ၁၉

ေျမာက္ကိုရီးယားႏိုင္ငံက ၎ရဲ႕ေယာင္ဗြၽန္န်ဴကလီးယားစခန္းမွာရွိတဲ့ မူလယူေရနီယမ္သန႔္စင္ေရးစက္႐ုံကို တိုးခ်ဲ႕တည္ေဆာက္ထားတယ္လို႔ ကုလသမဂၢ န်ဴကလီးယားေစာင့္ၾကည့္ေရးအဖြဲ႕ အႀကီးအကဲ ရာဖဲလ္ဂေရာ့စီကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားက လက္နက္ထုတ္လုပ္ႏိုင္တဲ့အဆင့္ရွိတဲ့ပစၥည္းထုတ္လုပ္မႈေတြကို တိုးျမႇင့္ေနတယ္လို႔လည္း ရာဖဲလ္ဂေရာ့စီက ေျပာၾကားခဲ့ပါတယ္။
(၂၀၀၉)ခုႏွစ္မွာ ေျမာက္ကိုရီးယားက ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA)ရဲ႕ စစ္ေဆးေရးအရာရွိေတြကို ႏွင္ထုတ္လိုက္ၿပီးေနာက္ပိုင္းတည္းက (IAEA)က ေျမာက္ကိုရီးယားႏိုင္ငံတြင္းမွာ ဝင္ေရာက္စစ္ေဆးခြင့္ေတြမရွိခဲ့ေတာ့တာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ (IAEA)က ၿဂိဳလ္တုပုံရိပ္ေတြကိုသာ အသုံးျပဳၿပီး ေျမာက္ကိုရီးယားရဲ႕ ႏိုင္ငံတြင္းအေျခအေနေတြကို ေလ့လာေစာင့္ၾကည့္လ်က္ရွိတာလည္းျဖစ္ပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားစမ္းသပ္မႈေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ၿပီး န်ဴကလီးယားလက္နက္ရဲ႕ အဓိကအစိတ္အပိုင္းကို တည္ေဆာက္ရာမွာ အသုံးျပဳတဲ့ ပစၥည္းႏွစ္မ်ိဳးျဖစ္တဲ့ သန႔္စင္ထားတဲ့ယူေရနီယမ္နဲ႔ ပလူတိုနီယမ္တို႔ကို ဆက္လက္ထုတ္လုပ္ေနပုံေပၚပါတယ္။
ရာဖဲလ္ဂေရာ့စီက”ေျမာက္ကိုရီးယားက (၂၀၂၆)ခုႏွစ္ စက္တင္ဘာလလယ္ပိုင္းကေနစတင္ၿပီး ေယာင္ဗြၽန္မွာရွိတဲ့ မူလယူေရနီယမ္သန႔္စင္ေရးစက္႐ုံမွာ တိုးခ်ဲ႕တည္ေဆာက္မႈေတြလုပ္ေဆာင္ခဲ့ၿပီး ေအာက္တိုဘာလေႏွာင္းပိုင္းမွာေတာ့ တိုးခ်ဲ႕မႈအပိုင္းတည္ေဆာက္မႈေတြ ၿပီးစီးသြားခဲ့ၿပီပဲျဖစ္ပါတယ္”လို႔ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီကိစၥနဲ႔ပတ္သက္တဲ့ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ရာဖဲလ္ဂေရာ့စီက ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔သိရပါတယ္။

မူရင်းသတင်း — NP News