
ALynn (NP News)- နိုဝင်ဘာ ၁၉
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကိုင်ချီသည် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၈) က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီး သူလျှိုလုပ်မှု စွပ်စွဲချက်ဖြင့် အောက်တိုဘာလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျပန်သတင်းထောက်ကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဂျပန်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး ပြင်ပ၌ မိနစ် (၃၀) ခန့် ကြာမြင့်ခဲ့သည့် အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားနိုင်ငံအတွင်းရှိ Japan Tobacco Inc. (JT) ၏ ပိုင်ဆိုင်မှုများကို ရုရှားအစိုးရ ထိန်းချုပ်မှုအောက် ထားရှိမည့် အစီအမံများအား ပြန်လည်ရုပ်သိမ်းပေးရန်လည်း တာကိုင်ချီက တိုက်တွန်းခဲ့ကြောင်း သိရသည်။
ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ချိန်မှစ၍ ဂျပန်က မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ဆိုးရွားလာခဲ့သော်လည်း ယင်းအစည်းအဝေးအတွင်း နှစ်နိုင်ငံအကြား အဆင့်အသီးသီး၌ ဆက်လက်ဆက်သွယ်ဆွေးနွေးသွားရန် ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့ကြကြောင်း ဂျပန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တိုကျိုမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရု ကီဟာရာက တာကိုင်ချီနှင့် ပူတင်တို့သည် နှစ်ဖက်သဘောတူညီမှုဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်အနေဖြင့် "ဂျပန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံထားရမှုနှင့် ဂျပန်ကုမ္ပဏီများအား အကာအကွယ်ပေးရေး" ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံနှင့် ဖြစ်ပေါ်နေသည့် ပြဿနာအရပ်ရပ်ကို ဆက်သွယ်ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းသွားရန် လိုအပ်ပြီး “မိမိတို့၏ အမျိုးသားအကျိုးစီးပွားနှင့် အကိုက်ညီဆုံး ဖြစ်စေမည့် နည်းလမ်း” ပေါ် အခြေခံ၍ သင့်လျော်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။ သို့ရာတွင် ရုရှားသမ္မတရုံးဘက်ကမူ အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။
ယခုတွေ့ဆုံမှုသည် (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း ဂျပန်နှင့် ရုရှား ခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သကဲ့သို့ (၂၀၂၂) ခုနှစ်၊ ဖေဖော်ဝါရီလ ယူကရိန်းပဋိပက္ခ မတိုင်မီ ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါနှင့် ပူတင်တို့ ဖုန်းဖြင့် ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ဆွေးနွေးမှုလည်း ဖြစ်သည်။
တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမြို့ ရှန်ကျန်းတွင် ကျင်းပနေသည့် APEC ထိပ်သီးအစည်းအဝေးသို့ ခေါင်းဆောင်နှစ်ဦးစလုံး တက်ရောက်နေကြခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညပိုင်း ခေါင်းဆောင်များ ကြိုဆိုညစာစားပွဲအပြီးတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

zawgyi version
ရွန္က်န္း၌ ဂ်ပန္ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီႏွင့္ ႐ုရွားသမၼတ ပူတင္တို႔ မ်က္ႏွာခ်င္းဆိုင္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံေဆြးေႏြး
ALynn (NP News)- ႏိုဝင္ဘာ ၁၉
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာနာအဲ တာကိုင္ခ်ီသည္ တ႐ုတ္ႏိုင္ငံ၊ ရွန္က်န္းၿမိဳ႕တြင္ ဗုဒၶဟူးေန႔ (ႏိုဝင္ဘာ ၁၈) က ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ႏွင့္ ပထမဆုံးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံခဲ့ၿပီး သူလွ်ိဳလုပ္မႈ စြပ္စြဲခ်က္ျဖင့္ ေအာက္တိုဘာလကတည္းက ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ ဂ်ပန္သတင္းေထာက္ကို ခ်က္ခ်င္းျပန္လႊတ္ေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း ဂ်ပန္သတင္းရင္းျမစ္မ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။
အာရွ-ပစိဖိတ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ (APEC) ထိပ္သီးအစည္းအေဝး ျပင္ပ၌ မိနစ္ (၃၀) ခန႔္ ၾကာျမင့္ခဲ့သည့္ အဆိုပါ ေတြ႕ဆုံေဆြးေႏြးမႈအတြင္း ႐ုရွားႏိုင္ငံအတြင္းရွိ Japan Tobacco Inc. (JT) ၏ ပိုင္ဆိုင္မႈမ်ားကို ႐ုရွားအစိုးရ ထိန္းခ်ဳပ္မႈေအာက္ ထားရွိမည့္ အစီအမံမ်ားအား ျပန္လည္႐ုပ္သိမ္းေပးရန္လည္း တာကိုင္ခ်ီက တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
႐ုရွား-ယူကရိန္း ပဋိပကၡ စတင္ခ်ိန္မွစ၍ ဂ်ပန္က ေမာ္စကိုအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ခဲ့ျခင္းေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရး သိသိသာသာ ဆိုး႐ြားလာခဲ့ေသာ္လည္း ယင္းအစည္းအေဝးအတြင္း ႏွစ္ႏိုင္ငံအၾကား အဆင့္အသီးသီး၌ ဆက္လက္ဆက္သြယ္ေဆြးေႏြးသြားရန္ ေခါင္းေဆာင္ႏွစ္ဦးက သေဘာတူညီခဲ့ၾကေၾကာင္း ဂ်ပန္အရာရွိတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။
တိုက်ိဳၿမိဳ႕၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ အစိုးရအဖြဲ႕ အတြင္းဝန္ခ်ဳပ္ မီႏို႐ု ကီဟာရာက တာကိုင္ခ်ီႏွင့္ ပူတင္တို႔သည္ ႏွစ္ဖက္သေဘာတူညီမႈျဖင့္ ေတြ႕ဆုံခဲ့ျခင္းျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္အေနျဖင့္ "ဂ်ပန္ႏိုင္ငံသားတစ္ဦး ဖမ္းဆီးခံထားရမႈႏွင့္ ဂ်ပန္ကုမၸဏီမ်ားအား အကာအကြယ္ေပးေရး" ကိစၥရပ္မ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံႏွင့္ ျဖစ္ေပၚေနသည့္ ျပႆနာအရပ္ရပ္ကို ဆက္သြယ္ေဆြးေႏြးမႈမွတစ္ဆင့္ ေျဖရွင္းသြားရန္ လိုအပ္ၿပီး “မိမိတို႔၏ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ အကိုက္ညီဆုံး ျဖစ္ေစမည့္ နည္းလမ္း” ေပၚ အေျခခံ၍ သင့္ေလ်ာ္သလို တုံ႔ျပန္ေဆာင္႐ြက္သြားမည္ဟုလည္း ၎က ဆိုသည္။ သို႔ရာတြင္ ႐ုရွားသမၼတ႐ုံးဘက္ကမူ အဆိုပါ ေတြ႕ဆုံမႈႏွင့္ ပတ္သက္၍ တရားဝင္ အတည္ျပဳထုတ္ျပန္ျခင္း မရွိေသးေပ။
ယခုေတြ႕ဆုံမႈသည္ (၂၀၁၉) ခုႏွစ္၊ စက္တင္ဘာလေနာက္ပိုင္း ဂ်ပန္ႏွင့္ ႐ုရွား ေခါင္းေဆာင္မ်ားအၾကား ပထမဆုံးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံမႈျဖစ္သကဲ့သို႔ (၂၀၂၂) ခုႏွစ္၊ ေဖေဖာ္ဝါရီလ ယူကရိန္းပဋိပကၡ မတိုင္မီ ဝန္ႀကီးခ်ဳပ္ေဟာင္း ဖူမီယို ကီရွီဒါႏွင့္ ပူတင္တို႔ ဖုန္းျဖင့္ ေဆြးေႏြးခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျပန္လည္ေဆြးေႏြးမႈလည္း ျဖစ္သည္။
တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းကမ္း႐ိုးတန္းၿမိဳ႕ ရွန္က်န္းတြင္ က်င္းပေနသည့္ APEC ထိပ္သီးအစည္းအေဝးသို႔ ေခါင္းေဆာင္ႏွစ္ဦးစလုံး တက္ေရာက္ေနၾကျခင္းျဖစ္ၿပီး ဗုဒၶဟူးေန႔ညပိုင္း ေခါင္းေဆာင္မ်ား ႀကိဳဆိုညစာစားပြဲအၿပီးတြင္ ေတြ႕ဆုံခဲ့ၾကျခင္း ျဖစ္သည္။