Xinhua Myanmar

အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ထောက်ခံအားပေးမည်ဟု တရုတ်သမ္မတ ရှီ ကြေညာ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ချန်ဟိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအိုထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ တရုတ်သမ္မတ ရှီကျင့်ဖိန် အဓိက မိန့်ခွန်း ပြောကြားစဥ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)  

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် အာရှ-ပစိဖိတ်ဒေသတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှုကို တစိုက်မတ်မတ် ပံ့ပိုးပေးမည့် အစီအမံများကို နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။  

တရုတ်နိုင်ငံသည် APEC လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထောက်ပံ့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးတွင် ရှီက ပြောကြားခဲ့သည်။

မူဝါဒဆိုင်ရာ သုတေသနနှင့်ဖလှယ်မှုများ ပြုလုပ်ရန်နှင့် ဉာဏဆိုင်ရာပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ဆန်းကျန့်တွင် အာရှ-ပစိဖိတ် ရပ်ရွာအခြေပြုလေ့လာရေး ဗဟိုဌာနကို တည်ထောင်သွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။  

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ဆန်းသစ်တီထွင်မှုမောင်းနှင်အားဖြင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာ၌ တစ်တပ်တစ်အား ပါဝင်နိုင်မည့် ဒစ်ဂျစ်တယ်နည်းပညာ၊ နယ်စပ်ဖြတ်ကျော်အချက်အလက်စီးဆင်းမှု၊ သန့်ရှင်းသောစွမ်းအင်နှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများကိုလည်း တည်ထောင်သွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

……………………

(English version)

Xi announces measures to consistently support Asia-Pacific cooperation

SHENZHEN, Nov. 19 (Xinhua) -- Chinese President Xi Jinping on Thursday announced a series of measures to consistently support cooperation across the Asia-Pacific region.

China will provide 20 million U.S. dollars to support APEC practical cooperation, Xi said at the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting held in Shenzhen, south China's Guangdong Province.

A center for Asia-Pacific community studies will be established in Shenzhen to conduct policy research and exchanges and provide intellectual support, Xi said.

China will also set up cooperation institutions in such areas as digital technology, cross-border data flow, clean energy and the development of small and medium-sized enterprises, contributing to innovation-driven and green growth in the Asia-Pacific, Xi said. ■

Photo caption: Chinese President Xi Jinping delivers a keynote speech at the opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 at the Qianhai International Convention Center in Shenzhen, south China's Guangdong Province, Nov. 18, 2026. (Xinhua/Li Tao)

မူရင်းသတင်း — Xinhua Myanmar