
ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးသူ၊ မြှင့်တင်ဖော်ဆောင်သူနှင့် ရှေ့ဆောင်လမ်းပြသူဖြစ်သကဲ့သို့ အာရှ-ပစိဖိတ် အသိုက်အဝန်းအား ပံ့ပိုးထောက်ကူပေးမည့် မဏ္ဍိုင်များ တည်ဆောက်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့သော အသိုက်အဝန်းတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သော ပိုမိုခိုင်မာသည့် ကုန်သွယ်စီးပွား ဆက်ဆံရေး၏ အရေးပါပုံကို အလေးပေးပြောကြားလျက် ရှီက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန်၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု မြှင့်တင်ရန်၊ ယင်းတို့အပေါ် ကျရောက်နေသည့် အတားအဆီးများကို လျှော့ချရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ရှီက အခြေခံအဆောက်အအုံ ကွန်ရက်များ တိုးတက်ကောင်းမွန်ရေး၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုများ မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများ အားပေးမြှင့်တင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး တည်ဆောက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် ဉာဏ်ရည်တုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချမှု မြှင့်တင်ရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ကြရန် လိုအပ်သည်ဟုလည်း ရှီက ပြောကြားလျက် ဆန်းသစ်တီထွင်မှုကို အလေးပေးပြောကြားခဲ့သည်။
ဆက်လက်၍ ရှီက ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံကိုလည်း အလေးထားပြောကြားခဲ့ပြီး စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး၊ နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အစိမ်းရောင်နှင့် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသော စွမ်းအင်အသွင်ကူးပြောင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြရန် ဒေသတွင်း စီးပွားရေးအစုအဖွဲ့များအား တိုက်တွန်းခဲ့သည်။ ထို့ပြင် ပြည်သူများ၏ ကောင်းကျိုးချမ်းသာများကို မြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)

..................................
(English Version)
China is advocate, promoter, forerunner in Asia-Pacific economic cooperation: Xi
SHENZHEN, Nov. 19 (Xinhua) -- Chinese President Xi Jinping on Thursday said China is an advocate, promoter and forerunner in Asia-Pacific economic cooperation, and it is ready to work with all parties to build the pillars that support an Asia-Pacific community.
Xi made the remarks at the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting, held in Shenzhen in south China's Guangdong Province.
Stressing the importance of stronger economic and trade ties underpinning such a community, Xi said efforts should be made to facilitate trade and investment, advance digitalization, and lower barriers to them.
On upgrading connectivity, he called for measures to improve infrastructure networks, enhance coordination in policies and regulations, promote people-to-people exchanges, and foster mutual understanding and closer bonds among peoples.
Emphasizing innovation, Xi said greater efforts need to be made to build digital infrastructure and promote the broad application of artificial intelligence.
Xi stressed the importance of development, calling on regional economies to advance cooperation on energy and food security, anti-corruption governance across borders, and green and low-carbon transition. He also called for efforts to improve the people's well-being and increase investment in human capital. Enditem
Photo caption 1: Chinese President Xi Jinping delivers a keynote speech at the opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 at the Qianhai International Convention Center in Shenzhen, south China's Guangdong Province, Nov. 18, 2026. (Xinhua/Xie Huanchi)
Photo caption 2: Chinese President Xi Jinping poses for a group photo with the Asia-Pacific business community representatives attending the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 before the opening ceremony of the summit in Shenzhen, south China's Guangdong Province, Nov. 18, 2026. (Xinhua/Gao Jie)