Xinhua Myanmar

အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရာတွင် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် သမ္မတရှီ အလေးပေးပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ချန်ဟိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အရေးကြီးမိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရာတွင် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ကိုင်စွဲထားရန် လိုအပ်သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၉ ရက်၌ အလေးပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို အားလုံး အတူမျှဝေခံစားနိုင်စေရန်၊ ပြည်သူများ၏ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး၏ လက်ခံနိုင်စွမ်းအတိုင်းအတာကို ထည့်သွင်းစဉ်းစားပေးရန်၊ အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရေးအတွက် သင့်လျော်ကောင်းမွန်သော အခြေအနေများ ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

..................................

(English Version)

Xi stresses inclusive development in building Asia-Pacific community

SHENZHEN, Nov. 19 (Xinhua) -- Chinese President Xi Jinping on Thursday stressed the need to adhere to inclusive development in building an Asia-Pacific community.

Xi made the remarks at the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting held in Shenzhen, south China's Guangdong Province.

Efforts should be made to ensure that the benefits of development are shared by all, increase people's sense of gain, accommodate the comfort levels of all parties, and create favorable conditions for building an Asia-Pacific community, Xi said.

Photo caption: Chinese President Xi Jinping delivers a keynote speech at the opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 at the Qianhai International Convention Center in Shenzhen, south China's Guangdong Province, Nov. 18, 2026. (Xinhua/Li Xiang)

မူရင်းသတင်း — Xinhua Myanmar