Xinhua Myanmar

တံခါးဖွင့်လှစ်မှုဆီသို့ လျှောက်လှမ်းသည့် ခြေလှမ်းများ ရပ်တန့်သွား၍မရဟု တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင် ပြောကြား

တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေးသို့ တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင် တက်ရောက်ကာ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် APEC သည် စီးပွားရေးအစုအဖွဲ့ ၂၁ ခု၏ ပူးပေါင်းဆောင်ရွက်ရေး စင်မြင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ နေ့စဉ်မြင့်တက်လာနေသည့် ကုန်သွယ်ရေး အတားအဆီးများကို ရင်ဆိုင်ရာတွင် တံခါးဖွင့်လှစ်မှုဆီသို့ လျှောက်လှမ်းသည့် အာရှ-ပစိဖိတ် စီးပွားရေးအစုအဖွဲ့ အသီးသီး၏ ခြေလှမ်းများ ရပ်တန့်သွား၍ မရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာတွင် လီဂျေမြောင်က ဉာဏ်ရည်တု (AI) အား ကိုယ်စားပြုသည့် နည်းပညာတော်လှန်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေဖွဲ့စည်းပုံ ချိန်ညှိပြင်ဆင်မှုစသည်တို့သည် စက်မှုလုပ်ငန်းအခင်းအကျင်းကို လုံးလုံးလျားလျား ပြောင်းလဲစေလျက်ရှိရာ ဘက်အသီးသီးအနေဖြင့် တိုးတက်မှုကို မောင်းနှင်သည့် စွမ်းအားအသစ်များကို ရှာဖွေရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိ အရေးအကြီးဆုံး တာဝန်မှာ APEC ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ရန်နှင့် တိုးတက်မှုအခွင့်အလမ်းအသစ်များကို ချဲ့ထွင်ရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လီဂျေမြောင်က အာရှ-ပစိဖိတ် ဘက်အသီးသီးတို့အနေဖြင့် ဉာဏ်ရည်တုတော်လှန်ရေးက ဆောင်ကြဉ်းပေးသော အကျိုးအမြတ်များကို အပြည့်အဝ အသုံးချသင့်ပြီး ဆန်းသစ်တီထွင်မှုဖြင့် အားလုံးကို အကျိုးခံစားစေရမည်ဟု ပြောကြားခဲ့သည်။ တည်ငြိမ်သော စက်မှုလုပ်ငန်းအုတ်မြစ်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်ရန်အတွက် ဘက်အသီးသီးက ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လီဂျေမြောင်က ဆန်းကျန့်မြို့တွင် ရှေ့ပြေးနည်းပညာများက လူတို့၏ ဘဝကို မည်သို့ ပြောင်းလဲစေသည်ကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြထားပြီး “တစ်ချိန်က အနာဂတ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်သာ ရှုမြင်ခဲ့ရတဲ့ နည်းပညာတွေဟာ ယခုအခါ ဒီနေရာမှာ နေ့စဉ်ဘဝအဖြစ် ဖြစ်လာနေပြီ” ဟု ပြောကြားခဲ့သည်။

အခွင့်အလမ်းအသစ်များကို လက်ခံရယူဝံ့သူများက အနာဂတ်ကို အတူတကွ ဖန်တီးကြလိမ့်မည်ဖြစ်ပြီး ဘက်အသီးသီးအနေဖြင့် အတူတကွ ကြိုးပမ်းကာ APEC အား ပိုမိုကြီးမားသော စည်ပင်ဝပြောမှုများ ရရှိစေသည့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းအဖြစ် တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………

(Chinese Version)

聚焦APEC|韩国总统李在明:开放的步伐不能停歇

新华社深圳11月18日电 韩国总统李在明18日在深圳出席亚太经合组织工商领导人峰会时表示,亚太经合组织是21个经济体的合作舞台。面对日益增高的贸易壁垒,亚太各经济体迈向开放的步伐不能停歇。  

李在明在峰会上致辞说,以人工智能为代表的技术革命、气候变化和人口结构调整等正在彻底改变产业格局,各方需要寻找新的增长动力。当下最紧迫的任务,是扩大亚太经合组织区域内的贸易与投资,拓展新的增长机会。  

李在明说,亚太各方应当充分利用人工智能革命带来的红利,让创新惠及所有人。为了打造稳定的产业基础与供应链,各方必须深化合作。  

李在明表示,深圳生动展现了前沿技术如何改变人们的生活,“曾被视为未来故事的技术如今在这里成为日常”。  

他说,未来由敢于拥抱新机遇的人共同创造,愿各方共同努力,“把亚太经合组织打造为收获更大繁荣的合作平台”。(完)

图说:11月18日,韩国总统李在明在深圳出席2026年亚太经合组织工商领导人峰会并致辞。新华社记者 卢汉欣 摄

မူရင်းသတင်း — Xinhua Myanmar