
အီရန်အပေါ် နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်များကို အလျင်စလိုဆုံးဖြတ်ရန်မလိုဟု ထရမ့် ဆို
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စစ်ရေးအရ နောက်ထပ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ အလျင်စလိုဆုံးဖြတ်ရန် မလိုကြောင်း၊ နှစ်သစ်ကူးပြီးနောက်မှသာ နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်များကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု အမေရိကန်အွန်လိုင်းသတင်းဌာန Axios က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ အပြန်ခရီး Air Force One လေယာဉ်ပေါ်၌ Axios သတင်းဌာနနှင့် တယ်လီဖုန်းမှတစ်ဆင့် ခေတ္တမျှအင်တာဗျူးပြုလုပ်ရာတွင် ထရမ့်က “အီရန်နဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကျွန်တော် အလျင်စလို ချမှတ်မှာ မဟုတ်ပါဘူး။ နှစ်သစ်ကူးအစပိုင်းကို ကျော်လွန်ပြီးရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ တွေ့ရမှာပါ” ဟု ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်အစိုးရစနစ် တိုးတက်လာသော်လည်း ကွာဟချက်များ ဆက်လက်ရှိနေဆဲဟု ကုလသမဂ္ဂ စစ်တမ်းဖော်ပြ
ဉာဏ်ရည်တုနည်းပညာ (AI) သည် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍကို အသွင်ပြောင်းလဲပေးလျက်ရှိရာ ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ်အစိုးရဝန်ဆောင်မှုများမှာ ဆက်လက်တိုးတက်မှုရှိလာသော်လည်း ကွာဟချက်များလည်း ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ စစ်တမ်းအသစ်တစ်ရပ်၌ ဖော်ပြထားသည်။
နိုဝင်ဘာ ၁၉ ရက်တွင် ရလဒ်များ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ၏ E-Government Survey အရ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့အနက် ဒစ်ဂျစ်တယ်အစိုးရစနစ် အဆင့်သတ်မှတ်ချက်တွင် တောင်ကိုရီးယားက ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ထိပ်ဆုံးနိုင်ငံ ၁၀ နိုင်ငံတွင်မူ ဒိန်းမတ်၊ စင်ကာပူ၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ အိုက်စလန်၊ ဗြိတိန်၊ အက်စတိုးနီးယား၊ ဖင်လန်နှင့် ဩစတြေးလျ စသည့်နိုင်ငံတို့ ပါဝင်ပြီး အွန်လိုင်းဝန်ဆောင်မှုများ၏ အတိုင်းအတာနှင့် အရည်အသွေး၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့တွင်လည်း အမှတ်အများဆုံး ရရှိထားကြသည်။

ဆော်ဒီအာရေဗျရှိ လေဆိပ်နှင့် ဘဏ္ဍာရေးဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း ယီမင် ဟူသီအဖွဲ့ ပြောကြား
နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ အရှိန်မြင့်တက်နေခိုက် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံရှိ လေဆိပ်တစ်ခု၊ လေတပ်စခန်းတစ်ခု၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အချာနေရာတစ်ခုနှင့် ရေနံဓာတုစက်ရုံတစ်ခုတို့ကို ပစ်မှတ်ထား၍ စစ်ရေးလှုပ်ရှားမှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဟူသီအဖွဲ့ပိုင် Al-Masirah ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည့် ရုပ်မြင်သံကြားကြေညာချက်တွင် ဟူသီစစ်ရေးပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်နှင့် နိုင်ငံ၏ အခြားဒေသများရှိ မဟာဗျူဟာကျ၍ အရေးပါသော စီးပွားရေးဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။
Sarea ၏ ပြောကြားချက်အရ ပထမဆုံးတိုက်ခိုက်မှုကို နိုဝင်ဘာ ၁၉ ရက် နံနက်အစောပိုင်းတွင် ရီယတ်မြို့ရှိ ဘုရင်အဗ္ဗဒူလာဘဏ္ဍာရေးခရိုင်ရှိ ငွေကြေးအချက်အချက်နေရာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ထိုနေရာကိုပင် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှုများ သိသိသာသာဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်ရေး ကုန်စည်ပြပွဲ၏ တောင်အာဖရိက အစည်းအဝေး ဖွင့်လှစ်
တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်ရေး ကုန်စည်ပြပွဲ၏ တောင်အာဖရိကအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်တွင် ဂျိုဟန်နက်စ်ဘတ်မြို့၌ စတင်ကျင်းပခဲ့ပြီး တောင်အာဖရိက အစိုးရအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များက တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးများ ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် တိုက်တွန်းပြောကြားခဲ့သည်။
ပဉ္စမအကြိမ်မြောက် တောင်အာဖရိက အပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်းပြပွဲ (SAIIE) နှင့်အတူ သုံးရက်ကြာ ကျင်းပသော အဆိုပါကုန်စည်ပြပွဲသည် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရန်၊ မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက်ရန်နှင့် စီးပွားရေးသဘောတူညီချက်များ ရရှိစေရန် ရည်ရွယ်သည့် ပလက်ဖောင်းတစ်ခု ဖြစ်သည်။

အီရန်အနေဖြင့် စစ်ပန်းစေမည့် စစ်ပွဲတာရှည်မှုကို လက်ခံမည်မဟုတ်ဟု IRGC ပြောရေးဆိုခွင့်ရှိသူ ပြောကြား
အီရန်နိုင်ငံသည် စစ်ပန်းစေမည့် စစ်ပွဲတာရှည်မှုကို လက်ခံမည်မဟုတ်ကြောင်းနှင့် လက်ရှိအခြေအနေကို အချိန်ကြာမြင့်စွာ ဆက်လက်တည်ရှိနေစေရန်လည်း ခွင့်ပြုမည်မဟုတ်ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
IRGC ၏ ပြောရေးဆိုခွင့်ရှိသူ Hossein Mohebbi က တီဟီရန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်နိုင်ငံအနေဖြင့် “စစ်ရော ငြိမ်းချမ်းရေးပါမရှိ” သည့် အခြေအနေကိုလည်း လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာန IRNA က ဖော်ပြခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Nov. 20
Trump says he is in no rush to decide next steps on Iran
U.S. President Donald Trump said Thursday that he was in no rush to decide on further military action against Iran and would wait until the new year to determine his next steps, U.S. online news outlet Axios reported.
"I am not rushing into any decision (on Iran). We will see what happens after the beginning of the year," Trump told Axios in a brief phone interview aboard Air Force One while returning to the United States from China.
Digital government advances worldwide, but gaps persist: UN survey
Digital government services continue to improve worldwide, but gaps persist as artificial intelligence (AI) transforms public administration, according to a new UN survey.
The 2026 edition of the UN E-Government Survey, whose results were released Thursday, shows that the Republic of Korea leads the digital government ranking of the 193 UN member states plus the State of Palestine.
Denmark, Singapore, Saudi Arabia, the United Arab Emirates, Iceland, Britain, Estonia, Finland and Australia are among the top 10 countries, which score the highest when it comes to the scope and quality of online services, telecommunication infrastructure and human capital.
Yemen's Houthis claim attacks on Saudi airport, financial facilities
Yemen's Houthi group said Thursday it had carried out four military operations targeting an airport, an air base, a financial center and a petrochemical facility in Saudi Arabia, amid escalating cross-border hostilities.
In a televised statement aired by Houthi-run al-Masirah TV, Houthi military spokesperson Yahya Sarea said the operations targeted strategic and economic facilities in the Saudi capital Riyadh and other parts of the kingdom.
Sarea said the first operation targeted a financial center in King Abdullah Financial District in Riyadh early Thursday, followed by a second attack on the same facility in the evening. He claimed the strikes caused significant damage.
China-Africa economic, trade expo opens South Africa session
The South Africa session of the China-Africa Economic and Trade Expo kicked off in Johannesburg on Thursday, with South African officials and business representatives calling for deeper trade and investment ties with China.
Held alongside the fifth South Africa International Industrial Expo (SAIIE), the three-day event provides a platform for businesses from the two countries to explore opportunities, establish partnerships and secure business deals.
Iran not to accept continuation of war of attrition: IRGC spokesman
Iran's Islamic Revolution Guard Corps (IRGC) said on Thursday the country does not accept the continuation of a war of attrition, and will not allow the situation to persist for a long time.
IRGC spokesman Hossein Mohebbi made the remarks at a conference in Tehran, adding that Iran also does not accept the "neither war nor peace" situation, according to Iran's official news agency IRNA.