
ဟိုင်ခို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်၌ အပူပိုင်းမိုးသစ်တောများ ကာကွယ်ထိန်းသိမ်းရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းများ တိုးတက်မြင့်မားရေးကြိုးပမ်းမှုများတွင် တရုတ်နိုင်ငံ၏ သိသာထင်ရှားသော တိုးတက်အောင်မြင်မှုများကို နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် Think Tank အဖွဲ့ အစီရင်ခံစာ၌ အလေးပေးဖော်ပြထားကြောင်း သိရသည်။
"မိုးသစ်တောအတွင်း ပဲ့တင်ထပ်နေသော တေးသံစဉ်ကောင်းတစ်ပုဒ်- တရုတ်နိုင်ငံ အပူပိုင်းမိုးသစ်တော ကာကွယ်ထိန်းသိမ်းရေး၏ 'ဟိုင်နန်စံနမူနာ'" ဟူသော Think Tank အစီရင်ခံစာကို ဆင်ဟွာသတင်းဌာန လက်အောက်ရှိ နိုင်ငံတော်အဆင့် အဆင့်မြင့် Think Tank အဖွဲ့တစ်ဖွဲ့ဖြစ်သော ဆင်ဟွာအင်စတီကျုက တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစီရင်ခံစာ၌ ဟိုင်နန် အပူပိုင်းမိုးသစ်တော အမျိုးသားဥယျာဉ်၏ ငါးနှစ်တာထိန်းသိမ်းကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ထားပြီး ပြန့်ကြဲနေသော စီမံခန့်ခွဲမှုပုံစံမှ ပိုမိုဟန်ချက်ညီစွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည့် မိုးသစ်တော ကာကွယ်ထိန်းသိမ်းရေး ချဉ်းကပ်မှုပုံစံသို့ ပြောင်းလဲလာပုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သည့် ဟိုင်နန် အပူပိုင်းမိုးသစ်တော အမျိုးသားဥယျာဉ်သည် ဧရိယာအားဖြင့် ၄,၂၆၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အဆင့်မြင့်အပင်မျိုးစိတ်ပေါင်း ၄,၃၆၇ မျိုးနှင့် ကျောရိုးရှိသတ္တဝါ မျိုးစိတ်ပေါင်း ၆၅၁ မျိုးတို့ ရှင်သန်ကျက်စားရာ နေရာတစ်ခုလည်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261119/245b88a8d6484b8994fd0b35ecd2e77c/c.html

..................................
(English Version)
Think tank report highlights China's approach to rainforest conservation, sustainable development
HAIKOU, Nov. 19 (Xinhua) -- A think-tank report released Thursday highlights the remarkable strides China has made in Hainan, its southern island province, to protect tropical rainforests, advance green development and improve local livelihoods.
The report, titled "A Great Song Resounds in the Rainforest: The 'Hainan Model' of China's Tropical Rainforest Conservation," was written in Chinese and English by the Xinhua Institute, a national high-level think tank affiliated with Xinhua News Agency.
The report reviews five years of conservation, restoration and development at Hainan Tropical Rainforest National Park, documenting a shift from fragmented management to a more coordinated approach to rainforest protection.
Established in October 2021, Hainan Tropical Rainforest National Park covers 4,269 square kilometers and is home to 4,367 species of higher plants and 651 species of vertebrates as of September 2026.
https://english.news.cn/20261119/245b88a8d6484b8994fd0b35ecd2e77c/c.html
Photo caption 1: This photo shows copies of the Chinese-language edition of a think-tank report titled "A Great Song Resounds in the Rainforest: The 'Hainan Model' of China's Tropical Rainforest Conservation." (Xinhua/Yang Guanyu)
Photo caption 2: This photo taken on Nov. 19, 2026 shows a scene at the 2026 Tropical Rainforest Ecosystem Partners Conference in Haikou, south China's Hainan Province. (Xinhua/Yang Guanyu)