Xinhua Myanmar

အာရှ-ပစိဖိတ် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့ တရားဝင် စတင်မိတ်ဆက်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် မီဒီယာအဆင့်မြင့်ဖိုရမ် ကျင်းပရာ ခန်းမအပြင်ဘက်၌ ဖိုရမ်၏ လိုဂိုအား အမှတ်တရဓါတ်ပုံရိုက်နေသူတစ်ဦးကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆင်ဟွာသတင်းဌာနက အဆိုပြုခဲ့သည့် အာရှ-ပစိဖိတ် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့ (APMP)ကို တရားဝင်စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၄၁ ခုမှ အဖွဲ့အစည်းပေါင်း ၃၁၀ ခုတို့က APMP တွင် ပထမအသုတ်အဖွဲ့ဝင်များအဖြစ် ပါဝင်လာကြောင်း သိရသည်။

စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်မီဒီယာအဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် အာရှ-ပစိဖိတ် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အစီအစဉ်၏ စီစဉ်ရေးကော်မတီကို တည်ထောင်ခဲ့ကြပြီး နိုင်ငံနှင့် ဒေသပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၄၀၀ ကျော်အပြင် ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှကိုယ်စားလှယ်များက သက်သေများအဖြစ် တက်ရောက်ခဲ့ကြသည်။

အဆိုပါကော်မတီက မီဒီယာများနှင့် မူဝါဒရေးရာသုတေသနအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ဆက်ဆံရေးအားကောင်းလာစေရန် ရည်ရွယ်သည့် အစီအစဥ်တစ်ရပ်ကိုထုတ်ပြန်ခဲ့သလို အာရှ-ပစိဖိတ်ဒေသတွင်းရှိ မီဒီယာဌာနများနှင့် သုတေသနအဖွဲ့များကိုလည်း မိတ်ဖက်ပူးပေါင်းမှုအဖွဲ့တွင် ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ခဲ့သည်။

အာရှ-ပစိဖိတ်ဒေသတစ်ဝန်းရှိ မီဒီယာအဖွဲ့အစည်းများအကြားတွင် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်ရွယ်ထားသည့် APMP သည် အဆင့်မြင့်ဆွေးနွေးပွဲများ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ဆက်ဆံရေး၊ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုနှင့် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု စသည့်အဓိကပလက်ဖောင်းလေးခုကိုတည်ဆောက်ရန် အာရုံစိုက််ဆောင်ရွက်မည်ဖြစ်သည်။

ယင်းအဖွဲ့သည် အဆင့်မြင့်မီဒီယာဆွေးနွေးပွဲများကို ပုံမှန်ကျင်းပခြင်း၊ အာရှ-ပစိဖိတ်ဒေသတွင်းမီဒီယာများအကြား ပူးတွဲအင်တာဗျူးများပြုလုပ်ခြင်းကို မြှင့်တင်ပေးခြင်း၊ အရည်အသွေးမြင့် မာလ်တီမီဒီယာထုတ်ကုန်များကို ပူးတွဲထုတ်လုပ်ခြင်း၊ အာရှ-ပစိဖိတ်ဒေသတွင်း မီဒီယာသတင်းထောက်များအတွက် တရုတ်နိုင်ငံသို့ လာရောက်သတင်းယူနိုင်မည့်ခရီးစဉ်များကိုစီစဉ်ပေးခြင်း၊ မီဒီယာပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များအတွက် သီးသန့်ခေါင်းစဉ်အလိုက် သင်တန်းအစီအစဉ်များပြုလုပ်ပေးခြင်း စသည့်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများစွာကို လုပ်ဆောင်သွားမည်ဖြစ်သည်။

APMP နှင့် အာရှ-ပစိဖိတ်မီဒီယာအဆင့်မြင့်ဖိုရမ်၏ ဆန်းကျန့်သဘောတူညီချက်တို့နှစ်ခုစလုံးအား ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအဝေးများကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရာတွင် ထွက်ပေါ်လာမည့်ရလဒ်များစာရင်း၌ တရားဝင်ထည့်သွင်းထားသည်။ ထို့အပြင် ၂၀၂၆ ခုနှစ် APEC အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံက လက်ခံကျင်းပမည့် အစည်းအဝေးများနှင့် အခမ်းအနားများစာရင်းတွင်လည်း အာရှ-ပစိဖိတ် မီဒီယာအဆင့်မြင့်ဖိုရမ်ကို ထည့်သွင်းထားကြောင်း သိရသည်။  (Xinhua)

........................................

(English version)

Asia-Pacific Media Partnership officially launched

BEIJING, Nov. 21 (Xinhua)

The Asia-Pacific Media Partnership (APMP), proposed by China's Xinhua News Agency, has been officially launched, with its first batch of members comprising 310 organizations from 41 countries and regions across the Asia-Pacific.

At the opening ceremony of the Asia-Pacific Media Forum held on Sept. 5, more than 400 representatives from over 40 countries and regions, as well as from UN agencies and international organizations, witnessed the establishment of the Organizing Committee of the Asia-Pacific Media Partnership Program.

The committee issued an initiative on strengthening collaborative communication between the media and think tanks, inviting media outlets and think tanks in the Asia-Pacific region to join the partnership.

Aiming to strengthen mutually beneficial and win-win cooperation among media organizations across the Asia-Pacific region, the APMP focuses on building four key platforms: high-end dialogue, collaborative communication, technological innovation and pragmatic cooperation.

It will regularly hold high-level media dialogues, promote joint interviews among Asia-Pacific media, jointly produce high-quality multimedia products, organize inbound reporting tours in China for Asia-Pacific media journalists, and host themed training programs for Asia-Pacific media professionals, among a series of practical cooperation projects.

Both the APMP and the Shenzhen Consensus of the Asia-Pacific Media Forum have been officially included in the deliverables list for China's hosting of the 2026 Asia-Pacific Economic Cooperation (APEC) meetings. The Asia-Pacific Media Forum has also been included in the list of meetings and events hosted by China as the 2026 APEC host. ■

Photo caption: A guest takes photos of the logo of the Asia-Pacific Media Forum outside the venue of the forum in Shenzhen, south China's Guangdong Province, Sept. 5, 2026. (Xinhua/Li An)

မူရင်းသတင်း — Xinhua Myanmar